ချစ်သူကောင်မလေးကို ရေသူမအလားတူပုံစံဖြင့် ရေအောက်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား (ရုပ်သံ)



.

.

.

.

.

JRose (KB Chimmy)

Reference : elitereaders

Unicode

အခုဖော်ပြပေးမဲ့ Eric Martinez အမည်ရှိ အမျိုးသားတစ်ဦးက သူ့ရဲ့စေ့စပ်ထားပြီးသားဖြစ်တဲ့ Cammy Rynae Cuoco ကို ရေသူမပုံစံနဲ့ ရေအောက်မှာ လက်ထပ်ခွင့်တောင်းရန် စီစဉ်ခဲ့ပါတယ်။ Cammy က သူမရဲ့ဒုတိယလက်ထပ်ခွင့်တောင်းခြင်းဟာ Eric ကို ဘယ်လောက်ထိချစ်ကြောင်းရယ် နောက်ပြီး သူမခေတ္တမင်းသမီး Ariel ဖြစ်လာရတဲ့ စိတ်ခံစားချက်အတွေ့အကြုံကိုလည်း ပြောပြလာခဲ့ပါတယ်။ သူမက “ကျွန်မအကြိုက်ဆုံးမင်းသမီးက အမြဲတမ်း ‘The Little Mermaid’ ဇာတ်ကားထဲက Ariel ပါပဲ။ ငါ့ရဲ့ကိုယ်ပိုင်မင်းသား Eric သာရှိရင် ငါ့ဘဝပြည့်စုံနေပါပြီ” လို့ ဆိုခဲ့ပါတယ်။

အထူးသဖြင့် Cammy အတွက် ဒီဇိုင်းဆန်းဆန်းတဲ့ အဝတ်အစားကိုဖန်တီးရန်အတွက် Eric ဟာ ဖက်ရှင်ဒီဇိုင်နာဟောင်းတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ ၎င်းဖက်ရှင်ဒိုင်ဆိုင်နာဟာ Instagram က သူမရဲ့ပုံကို အနည်းငယ်မျှသာကြပြီး ဖန်တီးပြုလုပ်ခဲ့တာပါ။ Cammy က ရေထဲမဝင်မီ သူမရဲ့ ရေသူမဝတ်စုံကို ဝတ်ဆင်ခဲ့ပြီးနောက် Eric ဟာ သူမ နဲ့လရေထဲမှာ ဒူးကိုထောက်ကာ ဓာတ်ပုံရိုက်ယူရန် “ Candy Ring ” ကို ပေးခဲ့ပါတယ်။ Cammy က သူ့ရဲ့စေ့စပ်ထားတဲ့သူရဲ့ စဉ်းစားတွေးခေါ်မှုနဲ့အတူ သူမရဲ့ပျော်ရွှင်မှုကို မဖော်ပြနိုင်လောက်အောင် ဝမ်းသာနေခဲ့ပါတယ်။

JRose (KB Chimmy)

Be the first to comment on "ချစ်သူကောင်မလေးကို ရေသူမအလားတူပုံစံဖြင့် ရေအောက်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*