ငယ်စဉ်အချိန်တုန်းကနဲ့မတူအောင် လုံးဝပြောင်းလဲသွားခဲ့တဲ့ မိန်းကလေးရဲ့ လျှို့ဝှက်ချက်



.

.

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

Social media ပေါ်က မိန်းကလေးတွေ အတော်များများဟာ ငယ်ရွယ်စဉ်အချိန်ကနဲ့ ယခုအချိန် လုံးဝမတူညီကြတော့တဲ့ အလှတရားတွေကြောင့် နာမည်ကြီးနေကြသူတွေအများကြီးပါ ။ ထိုသူတွေထဲကမှ Cai Cortez အမည်ရှိတဲ့ မိန်းကလေးရဲ့ ပြောင်းလဲသွားခဲ့ပုံကတော့ မယုံနိုင်လောက်အောင်ပါပဲ ။ သူမရဲ့ မူလတန်းအရွယ်တုန်းက ဓာတ်ပုံကိုကြည့်လိုက်မယ်ဆိုရင် အတော်လေးကို အသားညိုခဲ့သူပါ ။ သို့ပေမဲ့လည်း ယခုအချိန်မှာတော့ သူမရဲ့အသားရေဟာ ဖြူစင်ပြီး နုအိနေခဲ့ပါတယ် ။

သူမရဲ့လျှို့ဝှက်ချက်ကိုမေးမြန်းခဲ့ချိန်မှာတော့ သူမဟာ ဖိလစ်ပိုင်နိုင်ငံမှာ အတော်လေးကိုလူကြိုက်များတဲ့ အသားဖြူဆပ်ပြာကို ပုံမှန်အသုံးပြုခဲ့လို့ သာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါဆပ်ပြာကို အသုံးပြုနေကြတဲ့ မိန်းကလေးတွေအတော်များများက သိသာစွာပြောင်းလဲသွားခြင်းမျိုးမရှိလို့ သူမရဲ့ အသားဖြူစင်ပုံကို မယုံကြည်လောက်အောင်ဖြစ်နေကြပါတယ် ။ အသားဖြူဆပ်ပြာအပြင် အခြားအလှကုန်တွေကိုလည်း သူမအသုံးပြုနေလို့သာဖြစ်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ငယ်စဉ်အချိန်တုန်းကနဲ့မတူအောင် လုံးဝပြောင်းလဲသွားခဲ့တဲ့ မိန်းကလေးရဲ့ လျှို့ဝှက်ချက်"

Leave a comment

Your email address will not be published.


*