ဆင္းရဲတယ္ဆိုၿပီး အႏိုင္က်င့္ၾကတဲ့ အတန္းေဖာ္ နဲ႔ ဆရာေတြေၾကာင့္ ပိုးသတ္ေဆးေသာက္ခဲ့တဲ့ ေက်ာင္းသားေလးအျဖစ္

အႏိုင္က်င့္တယ္ဆိုတာက ကိုယ္ထိလက္ေရာက္ျပဳမႈတာမ်ိဳးတင္မဟုတ္ပဲ ထိခိုက္နစ္နာေအာင္ေျပာဆိုတာမ်ိဳးလည္း အႏိုင္က်င့္တာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ႐ွန္ဟိုင္းမွာ႐ွိတဲ့ ေက်ာင္းသားေလးတစ္ေယာက္ဟာ ဆင္းရဲလြန္းလို႔ဆိုၿပီး အတန္းေဖာ္ေတြရဲ႕အႏိုင္က်င့္ႏွိပ္စက္မႈေၾကာင့္ ပိုးသတ္ေဆးေသာက္ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့ပါတယ္ ။ Lu Shijie အမည္႐ွိတဲ့ ေက်ာင္းသားေလးဟာ ၿပီးခဲ့တဲ့ November 14 ရက္ေန႔က ေက်ာင္းကေနျပန္လာၿပီး အေတာ္ေလးကိုဝမ္းနည္းေနတဲ့ပံုစံနဲ႔ တိတ္တိတ္ဆိတ္ဆိတ္သူ၏ အိမ္စာေတြကို လုပ္ေနခဲ့တာပါ ။ ထို႔ေနာက္ Suijie ရဲ႕အတန္းပိုင္ဆရာက အိမ္ကိုဖုန္းဆက္ၿပီး ေက်ာင္းမွာစာလိုက္မလုပ္ေၾကာင္း တိုင္ၾကားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Shijie ရဲ႕ဖခင္က စစ္ေဆးေမးျမန္းခ်ိန္မွာေတာ့ ဆရာေတြဟာအေတာ္ေလးကိုမ်က္ႏွာလိုက္ေၾကာင္း ၊ တစ္ရက္မွာ ေက်ာင္းသားေတြအကုန္ေဆာ့ကစားၾကရင္း သူ႔အလွည့္ေရာက္ေတာ့ ဆရာကဝင္လာၿပီး ေက်ာင္းသားအားလံုးကိုဆူဆဲရမည့္အစား Shijie တစ္ေယာက္တည္းကိုသာ အျပစ္တင္ဆံုးမခဲ့ေၾကာင္း ဖခင္ျဖစ္သူကို ရင္ဖြင့္ခဲ့ပါတယ္ ။ အဆိုပါအေၾကာင္းအရာေတြကို ရင္ဖြင့္ၿပီးေနာက္ Shijie ဟာအိမ္အျပင္ဖက္သို႔ေျပးထြက္သြားၿပီး ဖခင္ျဖစ္သူလိုက္ဖမ္းခဲ့ေပမဲ့လည္း ေနာက္ဆံုးသားျဖစ္သူဟာ ပိုးသတ္ေဆးဘူးရဲ႕တစ္ဝက္ေလာက္ကိုေသာက္ၿပီး လဲက်ေနခဲ့တာကိုေတြ႔႐ွိခဲ့ရပါတယ္ ။ ထို႔ေနာက္ ေဆးရံုသို႔ အလ်င္အျမန္ပို႔ေဆာင္ၿပီး ေဆးကုသခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ Nobember 15 ရက္ေန႔ ၊ ညေန 9နာရီအခ်ိန္မွာ Shijie ဟာ ေသဆံုးသြားခဲ့ရပါတယ္ ။

Shijie ရဲ႕ဖခင္ဟာ ဇနီးျဖစ္သူႏွင့္ကြာ႐ွင္းထားခဲ့ၿပီးေနာက္ သားျဖစ္သူကို အဘိုးအဘြားမ်ားျဖင့္ထားခဲ့ကာ ပိုက္ဆံ႐ွာဖို႔ ခရီးထြက္ကာအလုပ္လုပ္ကိုင္ေနရေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ Shijie ဟာ တိတ္တဆိတ္ေနတတ္သူျဖစ္ၿပီး သူ၏ျပသာနာကို မိသားစုဝင္ေတြကို ေျပာျပေလ့မ႐ွိတဲ့သူျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ Shijie ဖခင္ဟာအဆိုပါေဒသမွာ အဆင့္အတန္း႐ွိတဲ့ပုဂိၢဳလ္ မဟုတ္ခဲ့တဲ့အတြက္ သူ၏သားကို ဆရာမ်ားက ဂ႐ုမစိုက္ၾကေၾကာင္းေျပာဆိုခဲ့ၾကပါတယ္ ။

ဖခင္ျဖစ္သူဟာ ေက်ာင္းသို႔သြားၿပီး Shijie အေၾကာင္းစံုစမ္းခဲ့ခ်ိန္မွ သားျဖစ္သူဟာ ေက်ာင္းတြင္အျခားေသာအတန္းေဖာ္မ်ားရဲ့ အဆင့္အတန္းခြဲျခားျခင္းမ်ိဳးခံရၿပီး အႏိုင္က်င့္ခံေနရတာျဖစ္ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ တစ္ႏွစ္ပတ္လံုး ဆင္းရဲလြန္းလို႔ဆိုၿပီး ဝိုင္းၿပီးစေနာက္တာမ်ိဳးလည္း ခံခဲ့ရေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ အႏိုင္က်င့္သူမ်ားက သူ၏အဝတ္အစားႏွင့္ပက္သက္ၿပီး ေလာင္ေျပာင္ခဲ့ၾကတဲ့အျပင္ ၊ ေက်ာင္းဆင္းလ်ွင္ အဘိုးအဘြားမ်ားက သံုးဘီးဆိုင္ကယ္ႏွင့္လာႀကိဳေၾကာင္းလည္း သေရာ္ခဲ့ပါတယ္ ။ ထို႔အျပင္ Shijie ကို နာမည္ေျပာင္ေပးၾကၿပီး အျမဲလိုလိုမိသားစုႏွင့္ပက္သက္ၿပီး ေျပာဆိုကာရန္စခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။ ယခုေက်ာင္းသားေလး ေသဆံုးမႈအတြက္ တာဝန္႐ွိသူမ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး ေက်ာင္းဖက္ကေတာ့ မည္သည့္ထင္ျမင္ခ်က္မ်ိဳးမ်ွမေျပာဆိုခဲ့တဲ့အျပင္ စံုစမ္းစစ္ေဆးမႈကိုအေႏွာင့္အယွက္မေပးခ်င္လို႔ပါဆိုၿပီးေတာ့သာ ထြက္ဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အနိုင်ကျင့်တယ်ဆိုတာက ကိုယ်ထိလက်ရောက်ပြုမှုတာမျိုးတင်မဟုတ်ပဲ ထိခိုက်နစ်နာအောင်ပြောဆိုတာမျိုးလည်း အနိုင်ကျင့်တာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ ဆင်းရဲလွန်းလို့ဆိုပြီး အတန်းဖော်တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုကြောင့် ပိုးသတ်ဆေးသောက်ကာ ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတယ် ။ Lu Shijie အမည်ရှိတဲ့ ကျောင်းသားလေးဟာ ပြီးခဲ့တဲ့ November 14 ရက်နေ့က ကျောင်းကနေပြန်လာပြီး အတော်လေးကိုဝမ်းနည်းနေတဲ့ပုံစံနဲ့ တိတ်တိတ်ဆိတ်ဆိတ်သူ၏ အိမ်စာတွေကို လုပ်နေခဲ့တာပါ ။ ထို့နောက် Suijie ရဲ့အတန်းပိုင်ဆရာက အိမ်ကိုဖုန်းဆက်ပြီး ကျောင်းမှာစာလိုက်မလုပ်ကြောင်း တိုင်ကြားခဲ့ပါတယ် ။

ထို့ကြောင့် Shijie ရဲ့ဖခင်က စစ်ဆေးမေးမြန်းချိန်မှာတော့ ဆရာတွေဟာအတော်လေးကိုမျက်နှာလိုက်ကြောင်း ၊ တစ်ရက်မှာ ကျောင်းသားတွေအကုန်ဆော့ကစားကြရင်း သူ့အလှည့်ရောက်တော့ ဆရာကဝင်လာပြီး ကျောင်းသားအားလုံးကိုဆူဆဲရမည့်အစား Shijie တစ်ယောက်တည်းကိုသာ အပြစ်တင်ဆုံးမခဲ့ကြောင်း ဖခင်ဖြစ်သူကို ရင်ဖွင့်ခဲ့ပါတယ် ။ အဆိုပါအကြောင်းအရာတွေကို ရင်ဖွင့်ပြီးနောက် Shijie ဟာအိမ်အပြင်ဖက်သို့ပြေးထွက်သွားပြီး ဖခင်ဖြစ်သူလိုက်ဖမ်းခဲ့ပေမဲ့လည်း နောက်ဆုံးသားဖြစ်သူဟာ ပိုးသတ်ဆေးဘူးရဲ့တစ်ဝက်လောက်ကိုသောက်ပြီး လဲကျနေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ် ။ ထို့နောက် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပြီး ဆေးကုသခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ Nobember 15 ရက်နေ့ ၊ ညနေ 9နာရီအချိန်မှာ Shijie ဟာ သေဆုံးသွားခဲ့ရပါတယ် ။

Shijie ရဲ့ဖခင်ဟာ ဇနီးဖြစ်သူနှင့်ကွာရှင်းထားခဲ့ပြီးနောက် သားဖြစ်သူကို အဘိုးအဘွားများဖြင့်ထားခဲ့ကာ ပိုက်ဆံရှာဖို့ ခရီးထွက်ကာအလုပ်လုပ်ကိုင်နေရကြောင်း သိရှိရပါတယ် ။ ထို့အပြင် Shijie ဟာ တိတ်တဆိတ်နေတတ်သူဖြစ်ပြီး သူ၏ပြသာနာကို မိသားစုဝင်တွေကို ပြောပြလေ့မရှိတဲ့သူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် Shijie ဖခင်ဟာအဆိုပါဒေသမှာ အဆင့်အတန်းရှိတဲ့ပုဂ္ဂိုလ် မဟုတ်ခဲ့တဲ့အတွက် သူ၏သားကို ဆရာများက ဂရုမစိုက်ကြကြောင်းပြောဆိုခဲ့ကြပါတယ် ။

ဖခင်ဖြစ်သူဟာ ကျောင်းသို့သွားပြီး Shijie အကြောင်းစုံစမ်းခဲ့ချိန်မှ သားဖြစ်သူဟာ ကျောင်းတွင်အခြားသောအတန်းဖော်များရဲ့ အဆင့်အတန်းခွဲခြားခြင်းမျိုးခံရပြီး အနိုင်ကျင့်ခံနေရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ တစ်နှစ်ပတ်လုံး ဆင်းရဲလွန်းလို့ဆိုပြီး ဝိုင်းပြီးစနောက်တာမျိုးလည်း ခံခဲ့ရကြောင်း သိရှိခဲ့ရပါတယ် ။ အနိုင်ကျင့်သူများက သူ၏အဝတ်အစားနှင့်ပက်သက်ပြီး လောင်ပြောင်ခဲ့ကြတဲ့အပြင် ၊ ကျောင်းဆင်းလျှင် အဘိုးအဘွားများက သုံးဘီးဆိုင်ကယ်နှင့်လာကြိုကြောင်းလည်း သရော်ခဲ့ပါတယ် ။ ထို့အပြင် Shijie ကို နာမည်ပြောင်ပေးကြပြီး အမြဲလိုလိုမိသားစုနှင့်ပက်သက်ပြီး ပြောဆိုကာရန်စခဲ့ကြကြောင်း သိရှိရပါတယ် ။ ယခုကျောင်းသားလေး သေဆုံးမှုအတွက် တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေပြီး ကျောင်းဖက်ကတော့ မည်သည့်ထင်မြင်ချက်မျိုးမျှမပြောဆိုခဲ့တဲ့အပြင် စုံစမ်းစစ်ဆေးမှုကိုအနှောင့်အယှက်မပေးချင်လို့ပါဆိုပြီးတော့သာ ထွက်ဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဆင္းရဲတယ္ဆိုၿပီး အႏိုင္က်င့္ၾကတဲ့ အတန္းေဖာ္ နဲ႔ ဆရာေတြေၾကာင့္ ပိုးသတ္ေဆးေသာက္ခဲ့တဲ့ ေက်ာင္းသားေလးအျဖစ္"

Leave a comment

Your email address will not be published.


*