ကလေးစီးတဲ့ ဒန်းလေးထဲ ဝင်ပြီးဆော့ကစားမိလို့ အချိန်အတော်ကြာညပ်မိနေတဲ့ ကလေးအမေရဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source : elitereaders

Unicode

ဒီအဖြစ်အပျက်ကတော့ ကလေးမိခင်အတွက် တစ်သက်မမေ့နိုင်တဲ့ အရှက်ရစရာတစ်ခုလို အမှတ်ရနေတော့မှာပါ ။ အကြောင်းကတော့ အသက် 23 နှစ်အရွယ် Megan အမည်ရှိတဲ့ ကလေးနှစ်ယောက်မိခင်ဟာ မိသားစုလိုက် ကမ်းခြေသို့သွားပြီး အနားယူအပန်းဖြေခဲ့ကြပါတယ် ။ ကမ်းခြေအနားရောက်တော့ ကလေးငယ်တွေကလည်း အတော်လေးစိတ်လှုပ်ရှားပျော်ရွှင်နေကြပြီး ဒန်းလေးမှာ ကလေးတွေနဲ့အတူ မိခင်ဖြစ်သူက ပါဝင်ပြီး ဆော့ကစားခဲ့ပါတော့တယ် ။ အချိန်အတော်ကြာ ဆော့ကစားပြီးနောက်မှာတော့ သူမရဲ့တင်ပါးဟာ လုံးဝညပ်နေခဲ့ပြီး ဒန်းကနေ ပြန်ထွက်လို့ မရဘဲ ဖြစ်နေခဲ့ပါတော့တယ် ။

သူမရဲ့ချစ်သူ အသက် 24 နှစ်အရွယ် Jordan Sander အမည်ရှိတဲ့အမျိုးသားကလည်း အကြိမ်ကြိမ်ကြိုးစားပြီး ထုတ်ပေးခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး ။ ဒါကြောင့် အနီးအနားမှာရှိတဲ့ သူစိမ်းအမျိုးသားနှစ်ဦးကို အကူအညီတောင်းခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ထင်ထားသလိုဖြစ်မလာခဲ့လို့ နောက်ဆုံး မီးသတ်ဌာနကို အကူအညီတောင်းခဲ့ရပါတယ် ။

မီးသတ်သမားတွေ မရောက်လာခင်အထိ သူမဟာ 1 နာရီခန့် ညပ်နေမိတာပါ ။ မီးသတ်သမားတွေရောက်ရှိလာချိန်မှာတော့ လွယ်လွယ်ကူကူနဲ့ သူမကိုပြန်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ် ။ Jordan ကတော့ အဆိုပါအဖြစ်အပျက်ကို Megan တစ်သက်လုံး အမှတ်ရနေအောင် video ရိုက်ကူးထားပြီး social media ပေါ် ဝေမျှခဲ့ပါတယ် ။ လူကြီးတွေအနေနဲ့ ကလေးကစားစရာတွေမှာ ဝင်ပြီး မစပ်စုသင့်ဘူးဆိုတာကို Megan က သက်သေပြလိုက်တာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ကလေးစီးတဲ့ ဒန်းလေးထဲ ဝင်ပြီးဆော့ကစားမိလို့ အချိန်အတော်ကြာညပ်မိနေတဲ့ ကလေးအမေရဲ့အဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*