ရေမြောင်းထဲမှာတစ်ညလုံး လဲကျနေခဲ့တဲ့ အမျိုးသားရဲ့နောက်ကြောင်း ဖြစ်ရပ်မှန်


Jasmine (Mckzone Daily)

Source : rachfeed

Unicode

လူအတော်များများက မွေးနေ့ ၊ ပါတီ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့တွေ့စုံရင် အလွန်အကျွံသောက်စားမိတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက အမျိုးသားဟာလည်း ထိုနည်းတူပါပဲ ။ မနက်ခင်လမ်းလျှောက်ထွက်နေတဲ့ ဒေသခံတစ်ဦးဟာ ရေမြောင်းထဲမှ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့လို့ ထိတ်လန့်တုန်လှုပ်ပြီး ရဲအရာရှိတွေကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ် ။ ရဲအရာရှိတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ချိန်မှာတော့ ရုပ်အလောင်း မဟုတ်ဘဲ အရက်မူးသမားဖြစ်နေမှန်း သိရှိခဲ့ရပါတယ် ။ အဆိုပါအမျိုးသားဟာ အတော်လေးကိုမူးနေကာ ရာသီဥတုကလည်း ပူအိုက်နေလို့ ရေမြောင်းထဲမှာ ဝင်အိပ်နေခဲ့ပုံရပါတယ် ။ အနံ့ဆိုးတွေ ၊ အမှိုက်တွေနဲ့ ပြည့်နေတဲ့ ရေမြောင်းထဲကိုမှ ဝင်အိပ်နေခဲ့လို့ ဒေသခံတွေက အခုလို အထင်အမြင်လွဲမှားခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ရေမြောင်းထဲမှာတစ်ညလုံး လဲကျနေခဲ့တဲ့ အမျိုးသားရဲ့နောက်ကြောင်း ဖြစ်ရပ်မှန်"

Leave a comment

Your email address will not be published.


*