အ႐ွိန္မထိန္းႏိုင္ဘဲ မိုးပ်ံလမ္းကေန ျပဳတ္က်လာခဲ့တဲ့ကားေၾကာင့္ လူအမ်ားအျပားေသေၾကဒဏ္ရာ ရ႐ွိခဲ့ၾကတဲ့ (႐ုပ္သံ)

ကားလမ္းေၾကာင္း အေကြ႔ေတြမွာ အ႐ွိန္ေလ်ာ့ဖို႔ သတိေပးတာ ဒီလိုမ်ိဳးအျဖစ္အပ်က္ေတြေၾကာင့္ပါ ။ ဒီတစ္ေခါက္မွာလည္း အိႏၷိယႏိုင္ငံ ၊ Hyderabad ၿမိဳ႕မွာ႐ွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕သမီးငယ္ႏွင့္အတူ အျမန္ႏႈန္း 40km/h သာေမာင္းဖို႔သတ္မွတ္ထားတဲ့ လမ္းေၾကာကို ၊ အျမန္ႏႈန္း 104km/h နဲ႔ေမာင္းခဲ့လို႔ ကားမွာလံုးဝအ႐ွိန္မထိန္းႏိုင္ေတာ့ဘဲ မိုးပ်ံလမ္းကေနထိုးၾကသြားခဲ့ကာ သားအမိနွစ္ေယာက္လံုးရဲ႕ အသက္ကို အေတာ္ေလးစြန္႔စားသလိုျဖစ္ခဲ့ၾကပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို DSSR(@SanjeevanSS) ဆိုတဲ့ အမည္နဲ႔ Twitter အသံုးျပဳသူတစ္ေယာက္က ျပန္လည္ေဝမ်ွခဲ့ၿပီး ၊ ကားဟာလမ္းေၾကာင္းအေကြ႔နား အေရာက္မွာ အ႐ွိန္မထိန္းႏိုင္ဘဲ ေျမျပင္ေပၚအ႐ွိန္ျပင္းစြာျပဳတ္က်ခဲ့တဲ့ အတြက္ အမ်ိဳးသမီးတစ္ေယာက္ ေသဆံုးသြားခဲ့ရၿပီး ၊ လူ 6 ဦးခန္႔ထိခိုက္ဒဏ္ရာ ရ႐ွိခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။ ယာဥ္ေမာင္းအမ်ိဳးသမီးမွာေတာ့ အသက္အနၱရာယ္မွ လြတ္ေျမာက္သြားခဲ့ရၿပီး ၊ သမီးျဖစ္သူမွာလည္း ထိခိုက္ဒဏ္ရာအနည္းငယ္ရ႐ွိခဲ့ကာ ၊ ေနာက္ထပ္ကား 2စီးမွာ လံုးဝပ်က္ဆီးသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

စံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ အဆိုပါယာဥ္မေတာ္တဆမႈဟာ အျမန္ႏႈန္း 40km/h ႏွင့္ေမာင္းရမည့္လမ္းကို အ႐ွိန္ပိုျမန္ေအာင္ 104kh/h ႏွင့္ေမာင္းႏွင္ခဲ့ေသာေၾကာင့္ ယခုကဲ့သို႔ေသာ ျဖစ္ရပ္မ်ားျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း တာဝန္႐ွိသူ ရဲအရာ႐ွိကထြက္ဆိုခဲ့ပါတယ္ ။ ထို႔အျပင္ အျခားေသာျပစ္မႈမ်ားအတြက္ ဆက္လက္ၿပီးစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကားလမ်းကြောင်း အကွေ့တွေမှာ အရှိန်လျော့ဖို့ သတိပေးတာ ဒီလိုမျိုးအဖြစ်အပျက်တွေကြောင့်ပါ ။ ဒီတစ်ခေါက်မှာလည်း အိန္နိယနိုင်ငံ ၊ Hyderabad မြို့မှာရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့သမီးငယ်နှင့်အတူ အမြန်နှုန်း 40km/h သာမောင်းဖို့သတ်မှတ်ထားတဲ့ လမ်းကြောကို ၊ အမြန်နှုန်း 104km/h နဲ့မောင်းခဲ့လို့ ကားမှာလုံးဝအရှိန်မထိန်းနိုင်တော့ဘဲ မိုးပျံလမ်းကနေထိုးကြသွားခဲ့ကာ သားအမိနှစ်ယောက်လုံးရဲ့ အသက်ကို အတော်လေးစွန့်စားသလိုဖြစ်ခဲ့ကြပါတယ် ။

အဆိုပါအဖြစ်အပျက်ကို DSSR(@SanjeevanSS) ဆိုတဲ့ အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က ပြန်လည်ဝေမျှခဲ့ပြီး ၊ ကားဟာလမ်းကြောင်းအကွေ့နား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ မြေပြင်ပေါ်အရှိန်ပြင်းစွာပြုတ်ကျခဲ့တဲ့ အတွက် အမျိုးသမီးတစ်ယောက် သေဆုံးသွားခဲ့ရပြီး ၊ လူ 6 ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရှိရပါတယ် ။ ယာဉ်မောင်းအမျိုးသမီးမှာတော့ အသက်အန္တရာယ်မှ လွတ်မြောက်သွားခဲ့ရပြီး ၊ သမီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ၊ နောက်ထပ်ကား 2စီးမှာ လုံးဝပျက်ဆီးသွားခဲ့ရကြောင်း သိရှိရပါတယ် ။

စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ အဆိုပါယာဉ်မတော်တဆမှုဟာ အမြန်နှုန်း 40km/h နှင့်မောင်းရမည့်လမ်းကို အရှိန်ပိုမြန်အောင် 104kh/h နှင့်မောင်းနှင်ခဲ့သောကြောင့် ယခုကဲ့သို့သော ဖြစ်ရပ်များဖြစ်ပွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူ ရဲအရာရှိကထွက်ဆိုခဲ့ပါတယ် ။ ထို့အပြင် အခြားသောပြစ်မှုများအတွက် ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အ႐ွိန္မထိန္းႏိုင္ဘဲ မိုးပ်ံလမ္းကေန ျပဳတ္က်လာခဲ့တဲ့ကားေၾကာင့္ လူအမ်ားအျပားေသေၾကဒဏ္ရာ ရ႐ွိခဲ့ၾကတဲ့ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*