မုန့်သည်ဆိုပေမဲ့ ရုပ်ချောလွန်းလို့ social media ပေါ်မှာ ရေပန်းစားနေခဲ့တဲ့ ကောင်မလေး



Jasmine (Mckzone Daily)

Source : rachfeed

Unicode

ယခုလို ကိုဗစ်ရောဂါကူးစက်မှုတွေဖြစ်နေခဲ့တဲ့အချိန်မှာ လူတိုင်းလိုလို စီးပွားရေးတွေ ကျပ်တည်းလာပြီး ဝင်ငွေတွေ နဲပါးလာခဲ့ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက မိန်းကလေးကတော့ မိသားစုအပိုဝင်ငွေရအောင်ဆိုပြီး ငှက်ပျောသီးသရေစာမုန့်ဖြစ်တဲ့ Banana Cue ကိုဗန်းလေးထဲထည့်ပြီး လိုက်လံရောင်းချနေခဲ့တာပါ ။ သို့ပေမဲ့လည်း သူမဟာ အလုပ်ကြိုးစားလွန်းလို့ နာမည်ကြီးနေခဲ့တာ မဟုတ်ဘဲ သူမရဲ့ချောမောလှပလွန်းတဲ့ရုပ်ရည်ကြောင့် နာမည်ကျော်ကြားခဲ့တာပါ ။

Yssa Nicole Nengasca အမည်ရှိတဲ့ သူမဟာ Davao မြို့အတွင်း မုန့်လိုက်လံရောင်းချနေတဲ့ သူမရဲ့ဓာတ်ပုံတွေကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။ Post လေးမှာတော့ သူမရဲ့မုန့်တွေ မြန်မြန်နဲ့အကုန်ရောင်းထွက်သွားခဲ့တဲ့အတွက် ဝမ်းသာပျော်ရွှင်ကြောင်းပါ ရေးသားခဲ့ပါတယ် ။ ကူးစက်ရောဂါတွေကြောင့် ဆိုင်ပိတ်သိမ်းထားခဲ့ရတဲ့ သူမရဲ့မိဘတွေကို ယခုလို သက်နိုင်တဲ့ဘက်ကနေ ကူညီပေးနေခဲ့တဲ့ သူမရဲ့လုပ်ရပ်ကို လူအတော်အများက ချီးကျူးစကားဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မုန့်သည်ဆိုပေမဲ့ ရုပ်ချောလွန်းလို့ social media ပေါ်မှာ ရေပန်းစားနေခဲ့တဲ့ ကောင်မလေး"

Leave a comment

Your email address will not be published.


*