အမ်ားသံုးသန္႔စင္ခန္းထဲမွာ ေနထိုင္ေနရတဲ့ အိမ္ေျခမဲ့မိသားစု ရဲ႕ရင္နင့္ဖြယ္အျဖစ္

ကူးစက္ေရာဂါအေျခအေနေၾကာင့္ လူအမ်ားအခက္ေတြ႔ေနစဥ္ မေလး႐ွားႏိုင္ငံက မိသားစုတစ္စုရဲ႕ဒုကၡကေတာ့ အေတာ္ေလးကိုဆိုးဝါးလြန္းတယ္လို႔ေျပာရမွာပါပဲ ။ အေၾကာင္းကေတာ့ အဆိုပါမိသားစုဝင္ဟာ အမ်ားသံုးသန္႔စင္ခန္းထဲမွာ ေရခ်ိဳးေနၾကတာကို ရဲအရာ႐ွိေတြက ေတြ႔႐ွိခဲ့ပါတယ္ ။ ေနာက္ၿပီး ကေလးငယ္ 3 ေယာက္နဲ႔ အဆိုပါစံုတြဲဟာ အမ်ားသံုးသန္႔စင္ခန္းအတြင္းမွာ အိပ္စက္ဖို႔ျပင္ဆင္ေနမွန္း ရဲအရာ႐ွိေတြက သေဘာေပါက္သြားခဲ့ပါတယ္ ။ ဒါေၾကာင့္ ရဲအရာ႐ွိေတြက ခ်က္ခ်င္းပဲ ‘Uncle Kentang’ လို႔ လူသိမ်ားတဲ့ ပရဟိတကူညီေပးတဲ့အဖြဲ႔ကို ဆက္သြယ္အေၾကာင္းၾကာခဲ့ၿပီး အဆိုပါ မိသားစုအတြက္ ဟိုတယ္ခန္းတစ္ခုငွါးရမ္းေပးခဲ့ၾကပါတယ္ ။ ဒါ့အျပင္ ကေလးအငယ္ဆံုးတစ္ေယာက္မွာ တစ္ႏွစ္သားအရြယ္သာ႐ွိေသးၿပီး ကေလးငယ္အတြက္ ႏို႔မုန္႔ဝယ္ဖို႔ကိုေတာင္ လက္ထဲမွာ ေငြမ႐ွိေတာ့ေလာက္တဲ့အထိ ခက္ခဲေနၾကတာပါ ။

ဒါေၾကာင့္ Albert Chung အမည္႐ွိတဲ့ အမ်ိဳးသားက ကေလးငယ္အတြက္ ႏို႔မုန္႔ဝယ္ေပးခဲ့ပါတယ္ ။ ဟိုတယ္ခန္း အခေၾကးေငြကိုေတာ့ Uncle Kemtang က ႐ွင္းေပးခဲ့တာပါ ။ ေနာက္တစ္ရက္မွာေတာ့ အဆိုပါစံုတြဲဟာ ေနစရာမ႐ွိေသးလို႔ ေစာေစာစီးစီးထြက္ခြာသြားၿပီး ေနရာ႐ွာေဖြခဲ့ၾကေၾကာင္း သိရပါတယ္ ။

ပရဟိတအဖြဲ႔က အဆိုပါမိသားစုအတြက္ ေနထိုင္ဖို႔ ေနရာ႐ွာေဖြေပးရန္ ႏွင့္ ဖခင္ျဖစ္သူအတြက္ အလုပ္အကိုင္႐ွာေဖြေပးဖို႔ ႀကိဳးစားခဲ့ေပမဲ့လည္း အဆိုပါမိသားစုကေတာ့ အျခားသူေတြအေပၚ ေက်းဇူးအတင္မခံခ်င္ပဲ ကိုယ့္ကိုယ္သာ ႀကိဳးစားေျဖ႐ွင္းဖို႔ ၾကံစည္းေနၾကပံုပါ ။ ဆက္သြယ္ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူက အလုပ္အကိုင္သစ္ရ႐ွိသြားၿပီမို႔ ကူညီေပးခဲ့ၾကသူေတြမွာလည္း စိတ္ခ်ေပ်ာ္ရႊင္ခဲ့ၾကရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ကူးစက်ရောဂါအခြေအနေကြောင့် လူအများအခက်တွေ့နေစဉ် မလေးရှားနိုင်ငံက မိသားစုတစ်စုရဲ့ဒုက္ခကတော့ အတော်လေးကိုဆိုးဝါးလွန်းတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ အဆိုပါမိသားစုဝင်ဟာ အများသုံးသန့်စင်ခန်းထဲမှာ ရေချိုးနေကြတာကို ရဲအရာရှိတွေက တွေ့ရှိခဲ့ပါတယ် ။ နောက်ပြီး ကလေးငယ် 3 ယောက်နဲ့ အဆိုပါစုံတွဲဟာ အများသုံးသန့်စင်ခန်းအတွင်းမှာ အိပ်စက်ဖို့ပြင်ဆင်နေမှန်း ရဲအရာရှိတွေက သဘောပေါက်သွားခဲ့ပါတယ် ။ ဒါကြောင့် ရဲအရာရှိတွေက ချက်ချင်းပဲ ‘Uncle Kentang’ လို့ လူသိများတဲ့ ပရဟိတကူညီပေးတဲ့အဖွဲ့ကို ဆက်သွယ်အကြောင်းကြာခဲ့ပြီး အဆိုပါ မိသားစုအတွက် ဟိုတယ်ခန်းတစ်ခုငှါးရမ်းပေးခဲ့ကြပါတယ် ။ ဒါ့အပြင် ကလေးအငယ်ဆုံးတစ်ယောက်မှာ တစ်နှစ်သားအရွယ်သာရှိသေးပြီး ကလေးငယ်အတွက် နို့မုန့်ဝယ်ဖို့ကိုတောင် လက်ထဲမှာ ငွေမရှိတော့လောက်တဲ့အထိ ခက်ခဲနေကြတာပါ ။

ဒါကြောင့် Albert Chung အမည်ရှိတဲ့ အမျိုးသားက ကလေးငယ်အတွက် နို့မုန့်ဝယ်ပေးခဲ့ပါတယ် ။ ဟိုတယ်ခန်း အခကြေးငွေကိုတော့ Uncle Kemtang က ရှင်းပေးခဲ့တာပါ ။ နောက်တစ်ရက်မှာတော့ အဆိုပါစုံတွဲဟာ နေစရာမရှိသေးလို့ စောစောစီးစီးထွက်ခွာသွားပြီး နေရာရှာဖွေခဲ့ကြကြောင်း သိရပါတယ် ။

ပရဟိတအဖွဲ့က အဆိုပါမိသားစုအတွက် နေထိုင်ဖို့ နေရာရှာဖွေပေးရန် နှင့် ဖခင်ဖြစ်သူအတွက် အလုပ်အကိုင်ရှာဖွေပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အဆိုပါမိသားစုကတော့ အခြားသူတွေအပေါ် ကျေးဇူးအတင်မခံချင်ပဲ ကိုယ့်ကိုယ်သာ ကြိုးစားဖြေရှင်းဖို့ ကြံစည်းနေကြပုံပါ ။ ဆက်သွယ်မေးမြန်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူက အလုပ်အကိုင်သစ်ရရှိသွားပြီမို့ ကူညီပေးခဲ့ကြသူတွေမှာလည်း စိတ်ချပျော်ရွှင်ခဲ့ကြရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အမ်ားသံုးသန္႔စင္ခန္းထဲမွာ ေနထိုင္ေနရတဲ့ အိမ္ေျခမဲ့မိသားစု ရဲ႕ရင္နင့္ဖြယ္အျဖစ္"

Leave a comment

Your email address will not be published.


*