ေရွ႕တန္းျပန္လာတဲ့ သားသုံးေယာက္ရဲ့ Suprise လုပ္မွုေၾကာင့္ မ်က္ရည္က်မိတဲ့ မိဘႏွစ္ပါး

သားသမီးနဲ႔ မိဘ နယ္ေျမျခားေဝကြာေနရင္ေတာင္ မိဘေတြမွာ စိတ္ပူၿပီး သားသမီးျပန္အလာကို အျမဲေစာင့္ေမ်ာ္ေနတတ္ပါတယ္။ ယခုလို ေရွ႕တန္းသြားေနရတဲ့ သားသမီးေတြအဆို မိဘေတြက သူတို႔ဆီကို အျမန္ဆုံးျပန္လာဖို႔ ဘယ္ေလာက္ေတာင္ ေမၽွာ္ေနမိမလဲ Lifestyle_Myanmar ပရိတ္သတ္ႀကီးပဲ စဥ္းစားၾကည့္ၾကပါ။ ယခုအျဖစ္အပ်က္ေလးကေတာ့ ဖိလစ္ပိုင္နိုင္ငံက မိဘႏွစ္ပါးရဲ့ အျဖစ္အပ်က္ေလးပဲျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူ Gerado Garcia Jr နဲ႔ ဇနီးျဖစ္သူ Milvina Garcia တို႔မွာ သားသုံးေယာက္ရွိပါတယ္။ သားသုံးေယာက္စလုံးက ေရွ႕တန္းကာလ မိဘေတြနဲ႔ ကြဲကြာေနတာ ၅လေလာက္ရွိေနပါၿပီ။ သားအႀကီးဆုံးျဖစ္သူ John Melvin Garcia ဟာ ဖိလစ္ပိုင္ေလတပ္ 15Strike Wing ေလေၾကာင္း စစ္ဆင္ေရးရဲ့ ေရွ႕ေျပးေလယာဥ္မွူးတစ္ဦးလည္းျဖစ္ပါတယ္။ သားအလတ္ျဖစ္သူ George Bernard Garcia နဲ႔ သားအငယ္ Gerson Garcia တို႔ကေတာ့ ၾကည္းတပ္မွာ စစ္မွုထမ္းေဆာင္ေနရတာပါ။

ေရွ႕တန္းကာလ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း John Melvin Garcia က ညီငယ္ႏွစ္ေယာက္စလုံးအတြက္ စိုးရိမ္မွုေတြရွိခဲ့တယ္လို႔ဆိုပါတယ္။ ယခုအခ်ိန္မွာေတာ့ သူတို႔ ညီအစ္ကို သုံးေယာက္စလုံး တစ္စုံတစ္ရာ ထိခိုက္ဒဏ္ရာ ရရွိတာမ်ိဳးမရွိဘဲ မိဘေတြထံ ေခ်ာေခ်ာေမြေမြ ျပန္လာနိုင္ၿပီးလို႔လည္းဆိုပါတယ္။ ဒါ့ေၾကာင့္ သူတို႔ဟာ မိခင္ျဖစ္သူရဲ့ အသက္ ၅၁ႏွစ္ေျမာက္ေမြးေန႔မွာ suprise လုပ္ရင္း သုံးေယာက္စလုံးအတူတူ အိမ္ျပန္လာဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

ညီအစ္ကို သုံးေယာက္စလုံးဟာ ဖိလစ္ပိုင္ မိဒီယာတစ္ခုျဖစ္တဲ့ ABS-CBN နဲ႔ အကူအညီေတာင္းၿပီးေတာ့ မိခင္ရဲ့ ေမြးေန႔မွာ “Family is Love” ဆိုတဲ့ အစီအစဥ္ေလးရိုက္ကူးတင္စက္ခဲ့ပါတယ္။ ဒီအစီအစဥ္မွာေတာ့ ေရွ႕တန္းကာလမွာျဖစ္ပ်က္ခဲ့တဲ့ တိုက္ပြဲအေငြ႕အသက္ေတြနဲ႔ သားသုံးေယာက္ရဲ့Suprise ေၾကာင့္ မ်က္ရည္စက္လက္နဲ႔ ဝမ္းသာပီတိျဖစ္မိတဲ့ မိဘႏွစ္ပါးရဲ့ အျဖစ္အပ်က္ေလးကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ဖိလစ္ပိုင္နိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္လာတဲ့ Abu Sayyaf Salafi jihadist အစၥလာမ္ စစ္ေသြးႂကြလက္နက္ကိုင္အဖြဲ႕ေတြကို တိုက္ခိုက္တဲ့ ကာလဟာ ယခုေခတ္သစ္ဖိလစ္ပိုင္သမိုင္းမွာေတာ့ အရွည္ၾကာဆုံးျဖစ္ခဲ့တဲ့ စစ္ပြဲေတြပဲျဖစ္ပါတယ္။

credit – lifestylemyanmar.com

Unicode

သားသမီးနဲ့ မိဘ နယ်မြေခြားဝေကွာနေရင်တောင် မိဘတွေမှာ စိတ်ပူပြီး သားသမီးပြန်အလာကို အမြဲစောင့်မျော်နေတတ်ပါတယ်။ ယခုလို ရှေ့တန်းသွားနေရတဲ့ သားသမီးတွေအဆို မိဘတွေက သူတို့ဆီကို အမြန်ဆုံးပြန်လာဖို့ ဘယ်လောက်တောင် မျှော်နေမိမလဲ Lifestyle_Myanmar ပရိတ်သတ်ကြီးပဲ စဉ်းစားကြည့်ကြပါ။ ယခုအဖြစ်အပျက်လေးကတော့ ဖိလစ်ပိုင်နိုင်ငံက မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ Gerado Garcia Jr နဲ့ ဇနီးဖြစ်သူ Milvina Garcia တို့မှာ သားသုံးယောက်ရှိပါတယ်။ သားသုံးယောက်စလုံးက ရှေ့တန်းကာလ မိဘတွေနဲ့ ကွဲကွာနေတာ ၅လလောက်ရှိနေပါပြီ။ သားအကြီးဆုံးဖြစ်သူ John Melvin Garcia ဟာ ဖိလစ်ပိုင်လေတပ် 15Strike Wing လေကြောင်း စစ်ဆင်ရေးရဲ့ ရှေ့ပြေးလေယာဉ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ သားအလတ်ဖြစ်သူ George Bernard Garcia နဲ့ သားအငယ် Gerson Garcia တို့ကတော့ ကြည်းတပ်မှာ စစ်မှုထမ်းဆောင်နေရတာပါ။

ရှေ့တန်းကာလ တာဝန်ထမ်းဆောင်နေစဉ်အတွင်း John Melvin Garcia က ညီငယ်နှစ်ယောက်စလုံးအတွက် စိုးရိမ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ယခုအချိန်မှာတော့ သူတို့ ညီအစ်ကို သုံးယောက်စလုံး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးမရှိဘဲ မိဘတွေထံ ချောချောမွေမွေ ပြန်လာနိုင်ပြီးလို့လည်းဆိုပါတယ်။ ဒါ့ကြောင့် သူတို့ဟာ မိခင်ဖြစ်သူရဲ့ အသက် ၅၁နှစ်မြောက်မွေးနေ့မှာ suprise လုပ်ရင်း သုံးယောက်စလုံးအတူတူ အိမ်ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ညီအစ်ကို သုံးယောက်စလုံးဟာ ဖိလစ်ပိုင် မိဒီယာတစ်ခုဖြစ်တဲ့ ABS-CBN နဲ့ အကူအညီတောင်းပြီးတော့ မိခင်ရဲ့ မွေးနေ့မှာ “Family is Love” ဆိုတဲ့ အစီအစဉ်လေးရိုက်ကူးတင်စက်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ ရှေ့တန်းကာလမှာဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲအငွေ့အသက်တွေနဲ့ သားသုံးယောက်ရဲ့Suprise ကြောင့် မျက်ရည်စက်လက်နဲ့ ဝမ်းသာပီတိဖြစ်မိတဲ့ မိဘနှစ်ပါးရဲ့ အဖြစ်အပျက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ Abu Sayyaf Salafi jihadist အစ္စလာမ် စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တဲ့ ကာလဟာ ယခုခေတ်သစ်ဖိလစ်ပိုင်သမိုင်းမှာတော့ အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲတွေပဲဖြစ်ပါတယ်။

credit – lifestylemyanmar.com

Be the first to comment on "ေရွ႕တန္းျပန္လာတဲ့ သားသုံးေယာက္ရဲ့ Suprise လုပ္မွုေၾကာင့္ မ်က္ရည္က်မိတဲ့ မိဘႏွစ္ပါး"

Leave a comment

Your email address will not be published.


*