7 ႏွစ္ေက်ာ္ၾကာမွ ကိုယ္တြဲေနခဲ့တဲ့ ခ်စ္သူက မိန္းကေလးျဖစ္ေနမွန္းသိခဲ့ရတဲ့ အမ်ိဳးသမီးရဲ႕အျဖစ္

အင္ဒိုနီး႐ွားႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ ဒီအျဖစ္အပ်က္ေလးကေတာ့ လူတိုင္းမယံုၾကည္ႏိုင္ေလာက္ေအာင္ပါပဲ ။ အေၾကာင္းကေတာ့ Wilis Setyowati အမည္႐ွိတဲ့ အသက္ 27 ႏွစ္အရြယ္ မိန္းကေလးဟာ သူမရဲ႕ အသက္ 30 အရြယ္ Pratama အမည္႐ွိတဲ့ခ်စ္သူေကာင္ေလးနဲ႔ တြဲလာခဲ့တာ 7 ႏွစ္ေက်ာ္ခန္႔႐ွိေနပါၿပီ ။ သို႔ေပမဲ့လည္း Pratama နဲ႔ လက္ထပ္ေတာ့မဲ့အခ်ိန္မွာမွ မိန္းကေလးျဖစ္ေနမွန္းကို Wilis က သိခဲ့ရတာပါ ။ ျဖစ္စဥ္ကေတာ့ Pratama ဟာ Wilis ကို လာေရာက္ေစ့စပ္ေတာင္းဆိုခဲ့ပါတယ္ ။ ပံုမွန္ဆိုရင္ေတာ့ အင္ဒိုနီး႐ွားႏိုင္ငံရဲ႕ဓေလ့ထံုးစံအရခ်စ္သူကို ေစ့စပ္ခြင့္ေတာင္းရင္ မိဘေတြပါလိုက္ပါလာရမွာျဖစ္ေပမဲ့လည္း ယေန႔ေခတ္လူငယ္ေတြရဲ႕စတိုင္လ္အရ မိဘေတြကို မေခၚလာေတာ့တာလို႔ Wilis ရဲ႕ မိဘေတြက ေတြးထင္ေနခဲ့ၾကတာပါ ။

သို႔ေပမဲ့ လက္ထပ္ခြင့္မွတ္ပံုတင္မဲ့အခ်ိန္မွာမွ Pratama ဟာ အခ်က္အလက္ေတြကို မွားယြင္းစြာျဖည့္ေနခဲ့မွန္း တာဝန္႐ွိသူေတြက သတိထားမိခဲ့တာပါ ။ အေၾကာင္းကေတာ့ Pratama ရဲ႕ နာမည္အရင္းဟာ မိန္းကေလးနာမည္ျဖစ္တဲ့ Nova Aprida Avriani ျဖစ္ေနလို႔ပါပဲ ။ Pratama မွာေတာ့ စာရြက္စာတမ္းေတြကိုအတုလုပ္ၿပီး လိမ္လည္ခဲ့မႈအတြက္ ဖမ္းဆီးစစ္ေဆးခံခဲ့ရေၾကာင္း သိရပါတယ္ ။

Wilis တစ္ေယာက္မွာေတာ့ ႏွစ္႐ွည္လမ်ားစြာတြဲလာခဲ့တဲ့ခ်စ္သူက မိန္းကေလးျဖစ္ေနမွန္းသိခဲ့ၿပီးေနာက္ ေၾကကြဲဝမ္းနည္းေနခဲ့ပါတယ္ ။ လူအေတာ္အမ်ားကေတာ့ ႏွစ္အေတာ္ၾကာတြဲလာခဲ့တာေတာင္ ကိုယ့္ရဲ႕ခ်စ္သူက မိန္းကေလးျဖစ္ေနမွန္း လံုးဝမရိပ္မိတဲ့ Wilis ရဲ႕အျဖစ္ကို အေတာ္ေလးအံ့အားသင့္ခဲ့ၾကရေၾကာင္း မ်ိဳးစံုမွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်လေးကတော့ လူတိုင်းမယုံကြည်နိုင်လောက်အောင်ပါပဲ ။ အကြောင်းကတော့ Wilis Setyowati အမည်ရှိတဲ့ အသက် 27 နှစ်အရွယ် မိန်းကလေးဟာ သူမရဲ့ အသက် 30 အရွယ် Pratama အမည်ရှိတဲ့ချစ်သူကောင်လေးနဲ့ တွဲလာခဲ့တာ 7 နှစ်ကျော်ခန့်ရှိနေပါပြီ ။ သို့ပေမဲ့လည်း Pratama နဲ့ လက်ထပ်တော့မဲ့အချိန်မှာမှ မိန်းကလေးဖြစ်နေမှန်းကို Wilis က သိခဲ့ရတာပါ ။ ဖြစ်စဉ်ကတော့ Pratama ဟာ Wilis ကို လာရောက်စေ့စပ်တောင်းဆိုခဲ့ပါတယ် ။ ပုံမှန်ဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံရဲ့ဓလေ့ထုံးစံအရချစ်သူကို စေ့စပ်ခွင့်တောင်းရင် မိဘတွေပါလိုက်ပါလာရမှာဖြစ်ပေမဲ့လည်း ယနေ့ခေတ်လူငယ်တွေရဲ့စတိုင်လ်အရ မိဘတွေကို မခေါ်လာတော့တာလို့ Wilis ရဲ့ မိဘတွေက တွေးထင်နေခဲ့ကြတာပါ ။

သို့ပေမဲ့ လက်ထပ်ခွင့်မှတ်ပုံတင်မဲ့အချိန်မှာမှ Pratama ဟာ အချက်အလက်တွေကို မှားယွင်းစွာဖြည့်နေခဲ့မှန်း တာဝန်ရှိသူတွေက သတိထားမိခဲ့တာပါ ။ အကြောင်းကတော့ Pratama ရဲ့ နာမည်အရင်းဟာ မိန်းကလေးနာမည်ဖြစ်တဲ့ Nova Aprida Avriani ဖြစ်နေလို့ပါပဲ ။ Pratama မှာတော့ စာရွက်စာတမ်းတွေကိုအတုလုပ်ပြီး လိမ်လည်ခဲ့မှုအတွက် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရပါတယ် ။
Wilis တစ်ယောက်မှာတော့ နှစ်ရှည်လများစွာတွဲလာခဲ့တဲ့ချစ်သူက မိန်းကလေးဖြစ်နေမှန်းသိခဲ့ပြီးနောက် ကြေကွဲဝမ်းနည်းနေခဲ့ပါတယ် ။ လူအတော်အများကတော့ နှစ်အတော်ကြာတွဲလာခဲ့တာတောင် ကိုယ့်ရဲ့ချစ်သူက မိန်းကလေးဖြစ်နေမှန်း လုံးဝမရိပ်မိတဲ့ Wilis ရဲ့အဖြစ်ကို အတော်လေးအံ့အားသင့်ခဲ့ကြရကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "7 ႏွစ္ေက်ာ္ၾကာမွ ကိုယ္တြဲေနခဲ့တဲ့ ခ်စ္သူက မိန္းကေလးျဖစ္ေနမွန္းသိခဲ့ရတဲ့ အမ်ိဳးသမီးရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*