ကိုယ့္သမီးငယ္ေလးကို ႐ိုက္ႏွက္ခဲ့တဲ့မူႀကိဳဆရာမကို မွတ္ေလာက္ေအာင္႐ိုက္ႏွက္ျပီး ေထာင္ခ်ပစ္ခဲ့တဲ့ ဖခင္ (႐ုပ္သံ)

မိဘတိုင္းကေတာ့ ကိုယ့္ရဲ႕သားသမီးကို လံုျခံဳေအာင္ ၊ အႏၱရာယ္ကင္းေအာင္ အျမဲကာကြယ္ေပးၿပီး ျပဳစုပ်ိဳးေထာင္ေပးေနၾကသူေတြပါ ။ တစ္ခ်ိဳ႕ေသာမိဘေတြဆိုရင္ ကိုယ့္ရဲ႕သားသမီးကို မူႀကိဳေက်ာင္းပို႔ေပမဲ့လည္း သူတို႔အႏၱရာယ္ကင္းၿပီး စိတ္ခ်လက္ခ်ေနႏိုင္ေအာင္ အျမဲေက်ာင္းအျပင္ဖက္ကေန ေစာင့္ၾကည့္ေနေပးေလ့႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာ Mr Li အမည္႐ွိတဲ့အမ်ိဳးသားဟာ တျခားေသာမိဘေတြလို သူ႔ရဲ႕သမီးငယ္ကို တ႐ုတ္ႏိုင္ငံ ၊ Hunan ျပည္နယ္မွာ႐ွိတဲ့ Qinghuamiao ဆိုတဲ့ မူႀကိဳေက်ာင္းမွာ အပ္ၿပီးထားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း သားသမီးနဲ႔ပက္သက္ရင္ စိတ္မခ်တတ္တဲ့ ဖခင္တစ္ေယာက္ျဖစ္သူပီပီ Mr Li ဟာ သူ႔ရဲ႕သမီးငိုေနေသးလားဆိုၿပီး စိတ္ပူလြန္းတဲ့စိတ္နဲ႔ သမီးျဖစ္သူအဆင္ေျပတာေသခ်ာေအာင္ မူႀကိဳအခန္းကိုေစာင့္ၾကည့္ေနတဲ့ CCTV အခန္းကေနရပ္ၾကည့္ေနခဲ့ပါတယ္ ။ သမီးျဖစ္သူအဆင္ေျပဖို႔ ေနေနသာသာ လံုးဝကိုမထင္မွတ္ထားတဲ့ အျဖစ္အပ်က္တစ္ခုကိုေတြ႔ျမင္ခဲ့ရပါတယ္ ။ အဲဒါကေတာ့ သမီးေလးကို အစပိုင္းမွာ အျခားေသာ ကေလးငယ္ေတြလို အေ႐ွ႕ဖံုးခါးစည္းကိုဆရာမျဖစ္သူက ဝတ္ခိုင္းေနေပမဲ့ ကေလးငယ္ဟာ ျငင္းဆန္ေနခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဆရာမျဖစ္သူက ဒုတ္ကိုကိုင္ၿပီး ကေလးငယ္ကိုဆူပူကာကေလးေ႐ွ႕ ဒုတ္ကိုေဝွ့ယမ္းေနခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ကေလးငယ္ဟာဆက္ၿပီးျငင္းဆန္ေနခဲ့လို႔ ဆရာမဟာ အျခားအမ်ိဳးသမီးတစ္ေယာက္ကို ကေလးငယ္အားေပြ႔ခ်ီခိုင္းၿပီး ေ႐ွ႕ဖံုးခါးစည္းဝတ္ခိုင္ဖို႔ႀကိဳးစားေပမဲ့ ကေလးငယ္ကျငင္းဆန္ေနခဲ့လို႔ ကေလးငယ္ရဲ႕ဦးေခါင္းေပၚ ခါးစည္းကိုစြတ္ၿပီး လည္ပင္းညစ္သလိုကေလးငယ္ကို အတင္းဆြဲရမ္းၿပီးေနာက္ အားရပါးရကေလးငယ္၏ပါးကို ႐ိုက္ခ်ပစ္ခဲ့ပါေတာ့တယ္ ။ အျဖစ္အပ်က္တစ္ခုလံုးကို CCTV ကေနျမင္ေတြ႔လိုက္တဲ့ ဖခင္ျဖစ္သူ Mr Li ဟာစိတ္မထိန္းႏိုင္ေတာ့ဘဲ မူႀကိဳးခန္းထဲေျပးဝင္လာၿပီး အျခားကေလးငယ္ေတြရဲ႕ေ႐ွ႕မွာတင္ ဆရာမျဖစ္သူကို ျပန္ၿပီးထိုးႏွက္ကန္ေက်ာက္ပစ္ခဲ့ပါေတာ့တယ္ ။ ျပစ္မႈမႀကီးလာေအာင္ သီးသန္႔ေျဖ႐ွင္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ဆရာမျဖစ္သူဟာ ျပန္ေတာင္းပန္ဖို႔ျငင္းဆန္ခဲ့သည့္အျပင္ ၊ သူမရဲ႕အလုပ္ျပဳတ္သြားခဲ့မွာကိုေတာင္ ဂ႐ုမစိုက္ဘဲ စိတ္ဓာတ္ယုတ္မာလြန္းတဲ့အတြက္ Mr Li ဟာ သူ႔ရဲ႕လုပ္ရပ္အတြက္အက်ိဳးဆက္ေတြကို တာဝန္ယူႏိုင္ေၾကာင္းႏွင့္ ၊ ယခုကဲ့သို႔ ကေလးငယ္ေတြကိုႏွိပ္စက္ေနတဲ့ဆရာမျဖစ္သူမွာလည္း အဖမ္းခံရသင့္ေၾကာင္း Mr Li က သူ၏ဆံုးျဖတ္ခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ မူႀကိဳဆရာမမွာ အဆိုပါကေလးထိန္းေက်ာင္းမွ ဆရာမအျဖစ္ထုတ္ပယ္ျခင္းခံခဲ့ရတဲ့အျပင္ ၊ ေထာင္ 12ရက္ခ်မွတ္ခံခဲ့ရကာ ဒဏ္ေၾကးေငြ 500 RMB ( ျမန္မာေငြ 1သိန္း) ဝန္းက်င္ ေပးေဆာင္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ပညာေရးဝန္ႀကီးဌာနကလည္း သူမရဲ႕လုပ္ရပ္ေတြေၾကာင့္ စာသင္ၾကားႏိုင္သည့္ဆရာမလိုင္စင္ကို ပိတ္သိမ္းသြားႏိုင္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘတိုင်းကတော့ ကိုယ့်ရဲ့သားသမီးကို လုံခြုံအောင် ၊ အန္တရာယ်ကင်းအောင် အမြဲကာကွယ်ပေးပြီး ပြုစုပျိုးထောင်ပေးနေကြသူတွေပါ ။ တစ်ချို့သောမိဘတွေဆိုရင် ကိုယ့်ရဲ့သားသမီးကို မူကြိုကျောင်းပို့ပေမဲ့လည်း သူတို့အန္တရာယ်ကင်းပြီး စိတ်ချလက်ချနေနိုင်အောင် အမြဲကျောင်းအပြင်ဖက်ကနေ စောင့်ကြည့်နေပေးလေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာ Mr Li အမည်ရှိတဲ့အမျိုးသားဟာ တခြားသောမိဘတွေလို သူ့ရဲ့သမီးငယ်ကို တရုတ်နိုင်ငံ ၊ Hunan ပြည်နယ်မှာရှိတဲ့ Qinghuamiao ဆိုတဲ့ မူကြိုကျောင်းမှာ အပ်ပြီးထားခဲ့ပါတယ် ။

သို့ပေမဲ့လည်း သားသမီးနဲ့ပက်သက်ရင် စိတ်မချတတ်တဲ့ ဖခင်တစ်ယောက်ဖြစ်သူပီပီ Mr Li ဟာ သူ့ရဲ့သမီးငိုနေသေးလားဆိုပြီး စိတ်ပူလွန်းတဲ့စိတ်နဲ့ သမီးဖြစ်သူအဆင်ပြေတာသေချာအောင် မူကြိုအခန်းကိုစောင့်ကြည့်နေတဲ့ CCTV အခန်းကနေရပ်ကြည့်နေခဲ့ပါတယ် ။ သမီးဖြစ်သူအဆင်ပြေဖို့ နေနေသာသာ လုံးဝကိုမထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကိုတွေ့မြင်ခဲ့ရပါတယ် ။ အဲဒါကတော့ သမီးလေးကို အစပိုင်းမှာ အခြားသော ကလေးငယ်တွေလို အရှေ့ဖုံးခါးစည်းကိုဆရာမဖြစ်သူက ဝတ်ခိုင်းနေပေမဲ့ ကလေးငယ်ဟာ ငြင်းဆန်နေခဲ့ပါတယ် ။ ထို့ကြောင့် ဆရာမဖြစ်သူက ဒုတ်ကိုကိုင်ပြီး ကလေးငယ်ကိုဆူပူကာကလေးရှေ့ ဒုတ်ကိုဝှေ့ယမ်းနေခဲ့ပါတယ် ။

သို့ပေမဲ့လည်း ကလေးငယ်ဟာဆက်ပြီးငြင်းဆန်နေခဲ့လို့ ဆရာမဟာ အခြားအမျိုးသမီးတစ်ယောက်ကို ကလေးငယ်အားပွေ့ချီခိုင်းပြီး ရှေ့ဖုံးခါးစည်းဝတ်ခိုင်ဖို့ကြိုးစားပေမဲ့ ကလေးငယ်ကငြင်းဆန်နေခဲ့လို့ ကလေးငယ်ရဲ့ဦးခေါင်းပေါ် ခါးစည်းကိုစွတ်ပြီး လည်ပင်းညစ်သလိုကလေးငယ်ကို အတင်းဆွဲရမ်းပြီးနောက် အားရပါးရကလေးငယ်၏ပါးကို ရိုက်ချပစ်ခဲ့ပါတော့တယ် ။ အဖြစ်အပျက်တစ်ခုလုံးကို CCTV ကနေမြင်တွေ့လိုက်တဲ့ ဖခင်ဖြစ်သူ Mr Li ဟာစိတ်မထိန်းနိုင်တော့ဘဲ မူကြိုးခန်းထဲပြေးဝင်လာပြီး အခြားကလေးငယ်တွေရဲ့ရှေ့မှာတင် ဆရာမဖြစ်သူကို ပြန်ပြီးထိုးနှက်ကန်ကျောက်ပစ်ခဲ့ပါတော့တယ် ။ ပြစ်မှုမကြီးလာအောင် သီးသန့်ဖြေရှင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ဆရာမဖြစ်သူဟာ ပြန်တောင်းပန်ဖို့ငြင်းဆန်ခဲ့သည့်အပြင် ၊ သူမရဲ့အလုပ်ပြုတ်သွားခဲ့မှာကိုတောင် ဂရုမစိုက်ဘဲ စိတ်ဓာတ်ယုတ်မာလွန်းတဲ့အတွက် Mr Li ဟာ သူ့ရဲ့လုပ်ရပ်အတွက်အကျိုးဆက်တွေကို တာဝန်ယူနိုင်ကြောင်းနှင့် ၊ ယခုကဲ့သို့ ကလေးငယ်တွေကိုနှိပ်စက်နေတဲ့ဆရာမဖြစ်သူမှာလည်း အဖမ်းခံရသင့်ကြောင်း Mr Li က သူ၏ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

ထို့ကြောင့် မူကြိုဆရာမမှာ အဆိုပါကလေးထိန်းကျောင်းမှ ဆရာမအဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အပြင် ၊ ထောင် 12ရက်ချမှတ်ခံခဲ့ရကာ ဒဏ်ကြေးငွေ 500 RMB ( မြန်မာငွေ 1သိန်း) ဝန်းကျင် ပေးဆောင်ခဲ့ရကြောင်း သိရှိရပါတယ် ။ ထို့အပြင် ပညာရေးဝန်ကြီးဌာနကလည်း သူမရဲ့လုပ်ရပ်တွေကြောင့် စာသင်ကြားနိုင်သည့်ဆရာမလိုင်စင်ကို ပိတ်သိမ်းသွားနိုင်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ့္သမီးငယ္ေလးကို ႐ိုက္ႏွက္ခဲ့တဲ့မူႀကိဳဆရာမကို မွတ္ေလာက္ေအာင္႐ိုက္ႏွက္ျပီး ေထာင္ခ်ပစ္ခဲ့တဲ့ ဖခင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*