ပိုက္ဆံအိတ္ေပ်ာက္က်သြားတဲ့ ေက်ာင္းသားကို မေမ့ႏိုင္ေလာက္တဲ့လုပ္ရပ္နဲ႔ ကူညီေပးခဲ့တဲ့ ကားဆရာ

ဖိလစ္ပိုင္ႏိုင္ငံ ၊ မနီလာၿမိဳ႕မွာ႐ွိတဲ့ တကၠသိုလ္တစ္ခုမွာ ပညာသင္ေနတဲ့ John Erick Ami အမည္႐ွိတဲ့ ေက်ာင္းသားဟာ မထင္ထားေလာက္ေအာင္ စိတ္ေစတနာေကာင္းလြန္းတဲ့ ကားဆရာတစ္ဦးရဲ႕အေၾကာင္းကို သူ႔ရဲ႕ social media ေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ တစ္ရက္မွာေတာ့ John ဟာ ၿမိဳ႕ပတ္ကားေလးစီးေနရင္း ေက်ာင္းသြားခဲ့တာပါ ။ ထိုအခ်ိန္မွာပဲ သူ႔ရဲ႕အိတ္ကို စစ္ၾကည့္ခဲ့ခ်ိန္မွာေတာ့ ပိုက္ဆံအိတ္က်ေပ်ာက္သြားခဲ့မွန္းသိခဲ့ၿပီး ကိုယ္ေပၚမွာ ပိုက္ဆံ $0.06 သာ႐ွိေနမွန္း သတိထားမိခဲ့ပါတယ္ ။ ထို႔ေၾကာင့္ အရမ္းတုန္လႈပ္သြားၿပီး ေၾကာက္ေၾကာက္နဲ႔ ကားဆရာကို ကားခ $0.06 သာ ေပးလို႔ရလား ဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။

အစပိုင္းမွာေတာ့ ကားဆရာက အသံက်ယ္တဲ့ ဦးေလးႀကီးမို႔ ေၾကာက္လန္႔ခဲ့ပါတယ္ ။ ေနာက္ေတာ့ John ဆီကေန $0.06 ကို ယူၿပီး John အတြက္ အိမ္ျပန္ကားခဆိုၿပီး ကားဆရာက $0.60 ကို John ဆီျပန္ေပးခဲ့ပါတယ္ ။ ေနာက္ၿပီး John ကားေပၚက ဆင္းသြားခဲ့ခ်ိန္ ‘ဂ႐ုစိုက္အံုး ၊ သားေလး’ ဆိုတဲ့ စကားသံေၾကာင့္ John ဟာ အေတာ္ေလး မ်က္ရည္ဝဲသြားခဲ့ရပါတယ္ ။

ေနာက္တစ္ရက္မွာေတာ့ John ဟာ အဆိုပါကားဆရာရဲ႕ ကားကိုသာျပန္လိုက္စီးၿပီး အေႂကြးျပန္ေပးခဲ့ပါတယ္ ။ ကားဆရာက ပိုက္ဆံကို လက္မခံတဲ့အျပင္ ‘ သူမ်ားကို ကူညီတာဟာ ျပန္ရဖို႔ မေတြးထားပါဘူး ‘ ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။ John ကလည္း ဘယ္လိုမွ စိတ္မထားတတ္တဲ့အဆံုး ေက်းဇူးတင္တဲ့အေနနဲ႔ ကားဆရာအတြက္ မုန္႔ဝယ္ၿပီး သြားေရာက္ပို႔ေဆာင္ေပးခဲ့ပါတယ္ ။ ေနရာတိုင္းမွာ စိတ္ရင္းေစတနာေကာင္းတဲ့ သူေတြအမ်ားႀကီး႐ွိေနတယ္ဆိုတာ ကားဆရာက သက္ေသျပေနသလိုပါပဲ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ ပညာသင်နေတဲ့ John Erick Ami အမည်ရှိတဲ့ ကျောင်းသားဟာ မထင်ထားလောက်အောင် စိတ်စေတနာကောင်းလွန်းတဲ့ ကားဆရာတစ်ဦးရဲ့အကြောင်းကို သူ့ရဲ့ social media ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ တစ်ရက်မှာတော့ John ဟာ မြို့ပတ်ကားလေးစီးနေရင်း ကျောင်းသွားခဲ့တာပါ ။ ထိုအချိန်မှာပဲ သူ့ရဲ့အိတ်ကို စစ်ကြည့်ခဲ့ချိန်မှာတော့ ပိုက်ဆံအိတ်ကျပျောက်သွားခဲ့မှန်းသိခဲ့ပြီး ကိုယ်ပေါ်မှာ ပိုက်ဆံ $0.06 သာရှိနေမှန်း သတိထားမိခဲ့ပါတယ် ။ ထို့ကြောင့် အရမ်းတုန်လှုပ်သွားပြီး ကြောက်ကြောက်နဲ့ ကားဆရာကို ကားခ $0.06 သာ ပေးလို့ရလား ဆိုပြီး မေးမြန်းခဲ့ပါတယ် ။

အစပိုင်းမှာတော့ ကားဆရာက အသံကျယ်တဲ့ ဦးလေးကြီးမို့ ကြောက်လန့်ခဲ့ပါတယ် ။ နောက်တော့ John ဆီကနေ $0.06 ကို ယူပြီး John အတွက် အိမ်ပြန်ကားခဆိုပြီး ကားဆရာက $0.60 ကို John ဆီပြန်ပေးခဲ့ပါတယ် ။ နောက်ပြီး John ကားပေါ်က ဆင်းသွားခဲ့ချိန် ‘ဂရုစိုက်အုံး ၊ သားလေး’ ဆိုတဲ့ စကားသံကြောင့် John ဟာ အတော်လေး မျက်ရည်ဝဲသွားခဲ့ရပါတယ် ။

နောက်တစ်ရက်မှာတော့ John ဟာ အဆိုပါကားဆရာရဲ့ ကားကိုသာပြန်လိုက်စီးပြီး အကြွေးပြန်ပေးခဲ့ပါတယ် ။ ကားဆရာက ပိုက်ဆံကို လက်မခံတဲ့အပြင် ‘ သူများကို ကူညီတာဟာ ပြန်ရဖို့ မတွေးထားပါဘူး ‘ ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ John ကလည်း ဘယ်လိုမှ စိတ်မထားတတ်တဲ့အဆုံး ကျေးဇူးတင်တဲ့အနေနဲ့ ကားဆရာအတွက် မုန့်ဝယ်ပြီး သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ် ။ နေရာတိုင်းမှာ စိတ်ရင်းစေတနာကောင်းတဲ့ သူတွေအများကြီးရှိနေတယ်ဆိုတာ ကားဆရာက သက်သေပြနေသလိုပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ပိုက္ဆံအိတ္ေပ်ာက္က်သြားတဲ့ ေက်ာင္းသားကို မေမ့ႏိုင္ေလာက္တဲ့လုပ္ရပ္နဲ႔ ကူညီေပးခဲ့တဲ့ ကားဆရာ"

Leave a comment

Your email address will not be published.


*