အဘြား ႏွင့္ ဖခင္ ျဖစ္သူတို႔ဟာ တစ္ခ်ိန္တည္းမွာေသဆံုးသြားခဲ့တဲ့ အတြက္ တစ္ကိုယ္တည္းရပ္တည္ေနထိုင္ေနရတဲ့ ကေလးငယ္

ဗီယက္နမ္ႏိုင္ငံက ရြာငယ္ေလးတစ္ခုမွာ ေနထိုင္လ်က္႐ွိတဲ့ Dang Van Khuyen အမည္႐ွိတဲ့ အသက္ 10ႏွစ္အရြယ္ေကာင္ေလးဟာ မၾကာေသးခင္ကမွ အဘြားျဖစ္သူ နဲ႔ ဖခင္ ျဖစ္သူတို႔ကို ဆံုး႐ႈံးလိုက္ရတဲ့အတြက္ တစ္ကိုယ္တည္ရပ္တည္ေနထိုင္ၿပီး ကိုယ္ပိုင္အသီးအရြက္မ်ားစိုက္ပ်ိဳးကာ ေနထိုင္ေနလ်က္႐ွိပါတယ္ ။ Dang Van Khuyen ဟာ မိခင္ျဖစ္သူကို ငယ္စဥ္ကတည္းကဆံုး႐ႈံးခဲ့ရတာျဖစ္ၿပီး ၊ ဖခင္ျဖစ္သူမွာေတာ့ ေဆာက္လုပ္ေရးအလုပ္သမားအျဖစ္လုပ္ကိုင္ေနသူျဖစ္တဲ့အတြက္ မိသားစုျဖင့္ခြဲၿပီးေနထိုင္ခဲ့ရသူျဖစ္ပါတယ္ ။

ထို႔ေၾကာင့္ Dang Van Khuyen ႏွင့္ အဘြားျဖစ္သူတို႔ဟာ တစ္ဦးကိုတစ္ဦးမီွခိုကာေနထိုင္ခဲ့ၿပီး ဖခင္ေထာက္ပံ့ေပးေနတဲ့ ေငြအနည္းငယ္ျဖင့္သာ ႐ိုး႐ွင္းေသာဘဝေလးကိုျဖတ္သန္းခဲ့ၾကပါတယ္ ။ ကံဆိုးစြာနဲ႔ပဲ အဘြားျဖစ္သူဟာ အသက္အရြယ္အိုမင္းလာၿပီးေနာက္ ေသဆံုးသြားခဲ့ရၿပီး ၊ ေနာက္ထပ္မၾကာခင္မွာဘဲ Dang Van Khuyen ေက်ာင္းမွာ႐ွိေနတုန္း ဖခင္ျဖစ္သူဟာ လုပ္ငန္းခြင္တြင္ မေတာ္တဆမႈျဖစ္ၿပီး ေသဆံုးသြားခဲ့ရတာကို သတင္းရ႐ွိခဲ့ပါတယ္ ။ ထို႔ေနာက္ Dang ရဲ႕ေက်ာင္ဆရာမ်ားက Dang ရဲ႕ဖခင္ျဖစ္သူအေလာင္းကို အိမ္သို႔ျပန္သယ္ေဆာင္ၿပီး ေျမျမဳပ္သၿဂဳၤလ္ႏိုင္ဖို႔ အတြက္ 10 million dong (ျမန္မာေငြ 6သိန္းေက်ာ္)အကုန္အက်ခံၿပီးကူညီေပးခဲ့ၾကပါတယ္ ။

ယခုခ်ိန္မွာေတာ့ ေကာင္ေလးဟာ မိသားစုမ႐ွိဘဲ အသီးအရြက္မ်ားစိုက္ပ်ိဳးကာ ကိုယ္ပိုင္ရပ္တည္ေနလ်က္႐ွိၿပီး ၊ ေက်ာင္းကိုလည္း မပ်က္ကြက္ပဲတက္ေရာက္ေနကာ စာႀကိဳးသင္ယူေနေၾကာင္း သိ႐ွိရပါတယ္ ။ Dang ၏ ဆရာျဖစ္သူက Dang အေၾကာင္းကို social media ေပၚတြင္ ေဝမ်ွေပးခဲ့ၿပီး Dang ကိုကူညီခ်င္သူ ၊ ေမြးစားခ်င္သူမ်ား႐ွိေပမဲ့လည္း Dang ကျငင္းပယ္ခဲ့ပါတယ္ ။ အစိုးရဖက္က ႏွင့္ ေက်ာင္းဖက္ကပါ Dang ကိုေမြးစားမည့္ မိသားစုမ်ား႐ွာေပခဲ့ေပမဲ့လည္း Dang ကဆက္လက္ျငင္းဆိုခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Dang ဟာ အသက္ 18 ႏွစ္ျပည့္တဲ့အထိ တစ္ေယာက္တည္းဆက္လက္ရပ္တည္ႏိုင္ဖို႔က လူအမ်ားကအေတာ္ေလးစိတ္ပူေနလ်က္ ႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဗီယက်နမ်နိုင်ငံက ရွာငယ်လေးတစ်ခုမှာ နေထိုင်လျက်ရှိတဲ့ Dang Van Khuyen အမည်ရှိတဲ့ အသက် 10နှစ်အရွယ်ကောင်လေးဟာ မကြာသေးခင်ကမှ အဘွားဖြစ်သူ နဲ့ ဖခင် ဖြစ်သူတို့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တစ်ကိုယ်တည်ရပ်တည်နေထိုင်ပြီး ကိုယ်ပိုင်အသီးအရွက်များစိုက်ပျိုးကာ နေထိုင်နေလျက်ရှိပါတယ် ။ Dang Van Khuyen ဟာ မိခင်ဖြစ်သူကို ငယ်စဉ်ကတည်းကဆုံးရှုံးခဲ့ရတာဖြစ်ပြီး ၊ ဖခင်ဖြစ်သူမှာတော့ ဆောက်လုပ်ရေးအလုပ်သမားအဖြစ်လုပ်ကိုင်နေသူဖြစ်တဲ့အတွက် မိသားစုဖြင့်ခွဲပြီးနေထိုင်ခဲ့ရသူဖြစ်ပါတယ် ။

ထို့ကြောင့် Dang Van Khuyen နှင့် အဘွားဖြစ်သူတို့ဟာ တစ်ဦးကိုတစ်ဦးမှီခိုကာနေထိုင်ခဲ့ပြီး ဖခင်ထောက်ပံ့ပေးနေတဲ့ ငွေအနည်းငယ်ဖြင့်သာ ရိုးရှင်းသောဘဝလေးကိုဖြတ်သန်းခဲ့ကြပါတယ် ။ ကံဆိုးစွာနဲ့ပဲ အဘွားဖြစ်သူဟာ အသက်အရွယ်အိုမင်းလာပြီးနောက် သေဆုံးသွားခဲ့ရပြီး ၊ နောက်ထပ်မကြာခင်မှာဘဲ Dang Van Khuyen ကျောင်းမှာရှိနေတုန်း ဖခင်ဖြစ်သူဟာ လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ရတာကို သတင်းရရှိခဲ့ပါတယ် ။ ထို့နောက် Dang ရဲ့ကျောင်ဆရာများက Dang ရဲ့ဖခင်ဖြစ်သူအလောင်းကို အိမ်သို့ပြန်သယ်ဆောင်ပြီး မြေမြုပ်သဂြုၤလ်နိုင်ဖို့ အတွက် 10 million dong (မြန်မာငွေ 6သိန်းကျော်)အကုန်အကျခံပြီးကူညီပေးခဲ့ကြပါတယ် ။

ယခုချိန်မှာတော့ ကောင်လေးဟာ မိသားစုမရှိဘဲ အသီးအရွက်များစိုက်ပျိုးကာ ကိုယ်ပိုင်ရပ်တည်နေလျက်ရှိပြီး ၊ ကျောင်းကိုလည်း မပျက်ကွက်ပဲတက်ရောက်နေကာ စာကြိုးသင်ယူနေကြောင်း သိရှိရပါတယ် ။ Dang ၏ ဆရာဖြစ်သူက Dang အကြောင်းကို social media ပေါ်တွင် ဝေမျှပေးခဲ့ပြီး Dang ကိုကူညီချင်သူ ၊ မွေးစားချင်သူများရှိပေမဲ့လည်း Dang ကငြင်းပယ်ခဲ့ပါတယ် ။ အစိုးရဖက်က နှင့် ကျောင်းဖက်ကပါ Dang ကိုမွေးစားမည့် မိသားစုများရှာပေခဲ့ပေမဲ့လည်း Dang ကဆက်လက်ငြင်းဆိုခဲ့ပါတယ် ။ ထို့ကြောင့် Dang ဟာ အသက် 18 နှစ်ပြည့်တဲ့အထိ တစ်ယောက်တည်းဆက်လက်ရပ်တည်နိုင်ဖို့က လူအများကအတော်လေးစိတ်ပူနေလျက် ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အဘြား ႏွင့္ ဖခင္ ျဖစ္သူတို႔ဟာ တစ္ခ်ိန္တည္းမွာေသဆံုးသြားခဲ့တဲ့ အတြက္ တစ္ကိုယ္တည္းရပ္တည္ေနထိုင္ေနရတဲ့ ကေလးငယ္"

Leave a comment

Your email address will not be published.


*