ေရာဂါေၾကာင့္ 1 ႏွစ္တာ အသက္႐ွင္ရေတာ့မွာဆိုေပမဲ့လည္း မိသားစုအတြက္ မိုးပ်ံပူေဖာင္းေရာင္းေနရတဲ့ ဦးေလးႀကီး

အခ်ိဳ႕လူေတြရဲ႕ ဘဝက ရင္နင့္ဖြယ္ေကာင္းေလာက္ေအာင္ ခက္ခဲပင္ပန္းၾကရတာပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အျဖစ္အပ်က္ေလးမွာဆိုရင္လည္း ဖိလစ္ပိုင္ႏိုင္ငံက Rogelen Legson အမည္႐ွိတဲ့အမ်ိဳးသမီးဟာ ကုန္စံုဆိုင္တစ္ခုသို႔ သြားေနရင္းနဲ႔ ပူေဖာင္းေရာင္းေနတဲ့ဦးေလးႀကီးဟာ မုန္႔ေသးေသးေလးကို ဖဲ့ၿပီးစားေနခဲ့တာကို ေတြ႔ခဲ့လို႔ အေတာ္ေလးသနားသြားခဲ့ပါတယ္ ။ ဒါေၾကာင့္ သူမဟာ cupcake ႏွစ္ခုနဲ႔ ေရတစ္ဘူးဝယ္ၿပီး ဦးေလးႀကီးထံသို႔သြားကာ ေပးကမ္းခဲ့တဲ့အျပင္ ပူေဖာင္းေဘာ္လံုးအခ်ိဳ႕ကိုပါ ဝယ္ယူသြားခဲ့ပါတယ္ ။

ဦးေလးႀကီးနဲ႔ စကားေတြေျပာဆိုၾကရင္း အဆိုပါ ဦးေလးဟာ အသက္ 63 ႏွစ္အရြယ္ Rodel Clarino အမည္႐ွိသူျဖစ္ၿပီး သားသမီး 5 ေယာက္႐ွိကာ ၊ ဇနီးျဖစ္သူမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္အကိုင္မ႐ွိသူျဖစ္ေၾကာင္း သိရပါတယ္ ။ ဒါ့အျပင္ ဦးေလးႀကီးဟာ သည္းေျခအိတ္မေကာင္းေတာ့လို႔ 1 ႏွစ္သာ အသက္႐ွင္ခြင့္ရေတာ့မွာျဖစ္ေပမဲ့လည္း မိသားစု စားဝတ္ေနေရးေၾကာင့္ မနက္ 9 နာရီကေန ည 9 နာရီအထိ ပူေဖာင္းေရာင္းေနရေၾကာင္း သိရပါတယ္ ။

မနက္ခင္းဆိုရင္ မနက္စာစားၿပီးမွ ေနအိမ္ကေနထြက္လာၿပီး ေန႔လယ္ခင္းမွာေတာ့ ေရေတြသာေသာက္ၿပီး အစာေျဖခဲ့ပါတယ္ ။ တစ္ခ်ိဳ႕ေန႔ခင္းဖက္ဆိုရင္ မုန္႔ထုပ္အေသးေလးဝယ္စားၿပီး ညဖက္မွ ညစာျပန္စားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ ။ ခက္ခဲပင္ပန္းလြန္းတဲ့ ဦးေလးႀကီးအျဖစ္ကို ေစတနာ႐ွင္အခ်ိဳ႕က ကူညီႏိုင္ေအာင္ Rogelen က အခုလို social media ေပၚမွ ေဝမ်ွေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

အချို့လူတွေရဲ့ ဘဝက ရင်နင့်ဖွယ်ကောင်းလောက်အောင် ခက်ခဲပင်ပန်းကြရတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အဖြစ်အပျက်လေးမှာဆိုရင်လည်း ဖိလစ်ပိုင်နိုင်ငံက Rogelen Legson အမည်ရှိတဲ့အမျိုးသမီးဟာ ကုန်စုံဆိုင်တစ်ခုသို့ သွားနေရင်းနဲ့ ပူဖောင်းရောင်းနေတဲ့ဦးလေးကြီးဟာ မုန့်သေးသေးလေးကို ဖဲ့ပြီးစားနေခဲ့တာကို တွေ့ခဲ့လို့ အတော်လေးသနားသွားခဲ့ပါတယ် ။ ဒါကြောင့် သူမဟာ cupcake နှစ်ခုနဲ့ ရေတစ်ဘူးဝယ်ပြီး ဦးလေးကြီးထံသို့သွားကာ ပေးကမ်းခဲ့တဲ့အပြင် ပူဖောင်းဘော်လုံးအချို့ကိုပါ ဝယ်ယူသွားခဲ့ပါတယ် ။

ဦးလေးကြီးနဲ့ စကားတွေပြောဆိုကြရင်း အဆိုပါ ဦးလေးဟာ အသက် 63 နှစ်အရွယ် Rodel Clarino အမည်ရှိသူဖြစ်ပြီး သားသမီး 5 ယောက်ရှိကာ ၊ ဇနီးဖြစ်သူမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင်မရှိသူဖြစ်ကြောင်း သိရပါတယ် ။ ဒါ့အပြင် ဦးလေးကြီးဟာ သည်းခြေအိတ်မကောင်းတော့လို့ 1 နှစ်သာ အသက်ရှင်ခွင့်ရတော့မှာဖြစ်ပေမဲ့လည်း မိသားစု စားဝတ်နေရေးကြောင့် မနက် 9 နာရီကနေ ည 9 နာရီအထိ ပူဖောင်းရောင်းနေရကြောင်း သိရပါတယ် ။

မနက်ခင်းဆိုရင် မနက်စာစားပြီးမှ နေအိမ်ကနေထွက်လာပြီး နေ့လယ်ခင်းမှာတော့ ရေတွေသာသောက်ပြီး အစာဖြေခဲ့ပါတယ် ။ တစ်ချို့နေ့ခင်းဖက်ဆိုရင် မုန့်ထုပ်အသေးလေးဝယ်စားပြီး ညဖက်မှ ညစာပြန်စားခဲ့တာဖြစ်ကြောင်း သိရပါတယ် ။ ခက်ခဲပင်ပန်းလွန်းတဲ့ ဦးလေးကြီးအဖြစ်ကို စေတနာရှင်အချို့က ကူညီနိုင်အောင် Rogelen က အခုလို social media ပေါ်မှ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေရာဂါေၾကာင့္ 1 ႏွစ္တာ အသက္႐ွင္ရေတာ့မွာဆိုေပမဲ့လည္း မိသားစုအတြက္ မိုးပ်ံပူေဖာင္းေရာင္းေနရတဲ့ ဦးေလးႀကီး"

Leave a comment

Your email address will not be published.


*