ဖခင်ရဲ့အလုပ်နောက် လိုက်သွားပြီး အကူအညီတွေပေးခဲ့တဲ့ ချစ်စဖွယ်ကလေးငယ်
.
.
Jasmine (Mckzone Daily)
Source : rachfeed
Unicode
ကလေးငယ်ကို အလုပ်ခေါ်သွားနေရတဲ့ မိဘတွေအနေနဲ့ အခက်အခဲအချို့တော့ ရင်ဆိုင်ရမှာပါပဲလေ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်ကတော့ ဖခင်ရဲ့ လိုင်းကားနောက်ကို လိုက်စီးပြီး အကူအညီပေးခဲ့ပါတယ် ။ Yoj Layog အမည်ရှိတဲ့ မိန်းကလေးက အဆိုပါကလေးငယ်ရဲ့ အပြုအမှုလေးကိုမြင်တွေ့ပြီး ချစ်ဖို့ကောင်းလွန်းလို့ ဓာတ်ပုံရိုက်ကာ social media ပေါ်မှာ ဝေမျှပေးခဲ့တာပါ ။ ကလေးငယ်ဟာ ဖခင်ရဲ့ ကားနောက်လိုက်ပြီး ကားခတွေလိုက်လံကောက်ခံပေးကာ ၊ ပြန်အမ်းငွေတွေကိုလည်း ဖခင်ကိုယ်စားပြုလုပ်ပေးခဲ့ပါတယ် ။
ဒါ့အပြင်လမ်းတစ်လျှောက်လုံး ကလေးငယ်က ဖခင်အပေါ်ပူဆာပြီး အနှောင့်အယှက်ပေးတာမျိုးလုံးဝမရှိခဲ့ပါဘူး ။ ကလေးငယ်ရဲ့ ဓာတ်ပုံတွေဟာ အတော်လေးကိုပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ လူအတော်အများက လူတော်လူကောင်းတစ်ယောက်ဖြစ်လာမဲ့ ကလေးဆိုပြီး မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ဲကြပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ဖခင်ရဲ့အလုပ်နောက် လိုက်သွားပြီး အကူအညီတွေပေးခဲ့တဲ့ ချစ်စဖွယ်ကလေးငယ်"
Leave a comment
Your email address will not be published.
*