ရထားသံလမ္းၾကားထဲမွာ အခ်ိန္အေတာ္ၾကာျပားခ်ပ္ေတာ့မဲ့အထိ ညပ္မိေနခဲ့တဲ့ သနားစရာ လိပ္ေလး

ညီအစ္ကိုႏွစ္ေယာက္ဟာ သူတို႔အိမ္ရဲ႕ အနီးဝန္းက်င္မွာ႐ွိတဲ့ သံလမ္းအနီးတစ္ေလ်ွာက္လမ္းေလ်ွာက္ၾကရင္း စကားစျမည္းေတြေျပာဆိုေနခဲ့ၾကတာပါ ။ ဒါနဲ႔ ရထားျဖတ္သန္းသြားလာတာကို ထိုင္ၾကည့္ဖို႔လုပ္ေနရင္းနဲ႔ ရထား​ေျပးလမ္းၾကားထဲမွာ ညပ္မိေနတဲ့ အရာတစ္ခုကို သတိထားမိခဲ့ပါတယ္ ။ အစပိုင္းေတာ့ အမဲေရာင္ေက်ာက္တံုးတစ္ခုလို႔ ထင္ထားေပမဲ့ အနီးကပ္သြားေရာက္ၾကည့္႐ႈခဲ့ခ်ိန္မွာေတာ့ မထင္ထားေလာက္ေအာင္ ရင္ကြဲရေလာက္တဲ့ ျမင္ကြင္းတစ္ခုကို ေတြ႔ခဲ့ရပါတယ္ ။ အဲဒါကေတာ့ ျပားခ်ပ္ေတာ့မယ့္အေျခေနထိ အခ်ိန္အေတာ္ၾကာ သံလမ္းၾကားထဲမွာ ညပ္မိေနခဲ့တဲ့ လိပ္ေလး ျဖစ္ေနခဲ့လို႔ပါပဲ ။ေကာင္ေလးႏွစ္ေယာက္ကလည္း ႀကိဳးစားၿပီး လိပ္ေလးကို ထုတ္ေပးခဲ့ေပမဲ့လည္း လံုးဝမရေတာ့တဲ့အဆံုး တိရစာၦန္ကူညီေစာင့္ေ႐ွာက္ေရးအသင္းကို ေခၚၿပီး အကူအညီေတာင္းခဲ့ရပါတယ္ ။

အဆိုပါ အသင္းလည္း ခ်က္ခ်င္းေရာက္႐ွိလာၿပီး လိပ္ေလးကို အလ်င္အျမန္ကယ္ထုတ္ေပးဖို႔ ႀကိဳးစားခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ အခ်ိန္မွန္ထြက္ခြာေနတဲ့ ရထားေတြက ေနာက္တစ္နာရီအၾကာမွာ ေရာက္႐ွိလာေတာ့မွာ မို႔လို႔ပါပဲ ။ ကံေကာင္းစြာနဲ႔ပဲ လိပ္ေလးကို အခ်ိန္မီ ကယ္ထုတ္ေပးႏိုင္ခဲ့ၿပီး မီးရထားလမ္းနဲ႔ အနည္းငယ္ေဝးတဲ့ ေခ်ာင္းစပ္ေလးမွာ အဆိုပါလိပ္ေလးကို လြတ္ေပးခဲ့ပါတယ္ ။ အဆိုပါ ညီအစ္ကိုႏွစ္ေယာက္ကိုေတာ့ လိပ္ေလးက အျမဲေက်းဇူးတင္ေနမိမွာပါ ။

.

.

.

Jasmine (Mckzone Daily)

Source : buzznicked

Unicode

ညီအစ်ကိုနှစ်ယောက်ဟာ သူတို့အိမ်ရဲ့ အနီးဝန်းကျင်မှာရှိတဲ့ သံလမ်းအနီးတစ်လျှောက်လမ်းလျှောက်ကြရင်း စကားစမြည်းတွေပြောဆိုနေခဲ့ကြတာပါ ။ ဒါနဲ့ ရထားဖြတ်သန်းသွားလာတာကို ထိုင်ကြည့်ဖို့လုပ်နေရင်းနဲ့ ရထားပြေးလမ်းကြားထဲမှာ ညပ်မိနေတဲ့ အရာတစ်ခုကို သတိထားမိခဲ့ပါတယ် ။ အစပိုင်းတော့ အမဲရောင်ကျောက်တုံးတစ်ခုလို့ ထင်ထားပေမဲ့ အနီးကပ်သွားရောက်ကြည့်ရှုခဲ့ချိန်မှာတော့ မထင်ထားလောက်အောင် ရင်ကွဲရလောက်တဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ် ။ အဲဒါကတော့ ပြားချပ်တော့မယ့်အခြေနေထိ အချိန်အတော်ကြာ သံလမ်းကြားထဲမှာ ညပ်မိနေခဲ့တဲ့ လိပ်လေး ဖြစ်နေခဲ့လို့ပါပဲ ။ကောင်လေးနှစ်ယောက်ကလည်း ကြိုးစားပြီး လိပ်လေးကို ထုတ်ပေးခဲ့ပေမဲ့လည်း လုံးဝမရတော့တဲ့အဆုံး တိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအသင်းကို ခေါ်ပြီး အကူအညီတောင်းခဲ့ရပါတယ် ။

အဆိုပါ အသင်းလည်း ချက်ချင်းရောက်ရှိလာပြီး လိပ်လေးကို အလျင်အမြန်ကယ်ထုတ်ပေးဖို့ ကြိုးစားခဲ့ရပါတယ် ။ အကြောင်းကတော့ အချိန်မှန်ထွက်ခွာနေတဲ့ ရထားတွေက နောက်တစ်နာရီအကြာမှာ ရောက်ရှိလာတော့မှာ မို့လို့ပါပဲ ။ ကံကောင်းစွာနဲ့ပဲ လိပ်လေးကို အချိန်မီ ကယ်ထုတ်ပေးနိုင်ခဲ့ပြီး မီးရထားလမ်းနဲ့ အနည်းငယ်ဝေးတဲ့ ချောင်းစပ်လေးမှာ အဆိုပါလိပ်လေးကို လွတ်ပေးခဲ့ပါတယ် ။ အဆိုပါ ညီအစ်ကိုနှစ်ယောက်ကိုတော့ လိပ်လေးက အမြဲကျေးဇူးတင်နေမိမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "ရထားသံလမ္းၾကားထဲမွာ အခ်ိန္အေတာ္ၾကာျပားခ်ပ္ေတာ့မဲ့အထိ ညပ္မိေနခဲ့တဲ့ သနားစရာ လိပ္ေလး"

Leave a comment

Your email address will not be published.


*