မျက်ဝန်းတွေကို ပိုပြီးတောက်ပသွားစေမဲ့ LED မီးလေးတွေပါရှိတဲ့ မျက်တောင်တုများ



Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

နည်းပညာနဲ့ မိတ်ကပ်ပညာပူးပေါင်းလိုက်လို့ အခုလို LED မျက်တောင်တုလေးတွေ တီထွင်ဖန်တီးလာနိုင်ကြပါပြီ ။ Pham အမည်ရှိတဲ့အမျိုးသားကတော့ စိတ်ဝင်စားစရာကောင်းတဲ့ တီထွင်ဖန်တီးမှုမျိုးပြုလုပ်ခဲ့ပါတယ် ။ သူ့ရဲ့ LED မျက်တောင်တုလေးတွေကို လူအတော်အများက စိတ်ဝင်စားသွားခဲ့ပြီး ၊ ပန်းရောင် ၊ အဖြူရောင် ၊ အနီရောင် ၊ အပြာရောင် ၊ အဝါရောင် နဲ့ အစိမ်းရောင် စတဲ့အရောင်မျိုးစုံလည်း ပါရှိကြောင်း သိရပါတယ် ။ LED မီးအလင်းကိုတော့ ဘတ်ထရီအသေးလေးနဲ့ အားသွင်းလို့ရပြီး ၊ အဆိုပါ ဘတ်ထရီမှာတော့ ဘူးရဲ့အနောက်ဖက်မျက်နှာပြင်မှာပါရှိကြောင်း သိရပါတယ် ။

LEDမီး လေးတွေက အတော်သေးလို့ မသိသာတဲ့အပြင် ၊ မျက်စိကိုလည်း ထိခိုက်နာကျင်စေခြင်းမျိုးမရှိကာ သက်သောင့်သက်သာအသုံးပြုလို့ရကြောင်း သိရပါတယ် ။ သာမှန်မျက်တောင်တုတွေလို ကော်လေးနဲ့ကပ်ပြီး အသုံးပြုရုံပါပဲ ။ မီးအလင်းမှာတော့ 2 မိနစ်သာ ကြာရှည်ခံကြောင်း သိရပါတယ် ။ အမြင်အာရုံကို ထိခိုက်စေခြင်းမျိုးမရှိဘဲ ပေါ့ပါးလွတ်လပ်စွာအသုံးပြုနိုင်လို့ လူကြိုက်များမဲ့ ပစ္စည်းတစ်ခုဖြစ်လာမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "မျက်ဝန်းတွေကို ပိုပြီးတောက်ပသွားစေမဲ့ LED မီးလေးတွေပါရှိတဲ့ မျက်တောင်တုများ"

Leave a comment

Your email address will not be published.


*