ခ်စ္သူကို ေတြ႔သမ်ွလူတိုင္းကဆဲခ်င္လာေအာင္ မွတ္သားေလာက္တဲ့နည္းလမ္းနဲ႔ လမ္းခြဲခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)

ခ်စ္သူနဲ႔လမ္းခြဲၾကတဲ့ နည္းလမ္း ၊ အေျခအေနေတြ မ်ိဳးစံု႐ွိၾကေပမဲ့လည္း ဒီတစ္ေခါက္ကေတာ့ Drama ဆန္ဆန္လမ္းခြဲခဲ့ၾကလို႔ တ႐ုတ္ဆို႐ွယ္မီဒီယာအၾကား အေတာ္ေလးကို လူေျပာမ်ားေနလ်က္႐ွိပါတယ္ ။ ၿပီးခဲ့တဲ့ November 23ရက္ေန႔က တ႐ုတ္ႏိုင္ငံ ၊ Taizhou ၿမိဳ႕ရဲ႕လမ္းေပၚမွာ ေမာင္းႏွင္ေနခဲ့တဲ့အျဖဴေရာင္ Hyundai Creta ကားေပၚမွာေရးသားထားခဲ့တဲ့အနီေရာင္စာလံုးႀကီးေတြဟာ ေဒသခံေတြကိုအေတာ္ေလး အံ့ၾသေစခဲ့ပါတယ္ ။ အဲတာကေတာ့ ကားရဲ႕တစ္ဖက္မွာ ” ကြၽန္မအခ်စ္ဆံုး ေကာင္ေလး ” ၊ ကားအေနာက္ဖက္မွာေတာ့ “ကြၽန္မထားခဲ့လိုက္ၿပီ ” ၊ ထို႔အျပင္ ကားရဲ႕အျခားတစ္ဖက္မွာေတာ့ ” 7 ႏွစ္လံုးလံုး ကြၽန္မကိုစိတ္ပ်က္ေစခဲ့တဲ့အတြက္ ထားခဲ့လိုက္ၿပီ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။

အဆိုပါ စာသားေၾကာင့္ လူအမ်ားက အဆိုပါကားပိုင္႐ွင္ရဲ႕ ရည္းစားေဟာင္းကေရးသားထားခဲ့ၾကတာျဖစ္ေၾကာင္း သံုးသပ္ခဲ့ၾကတဲ့အျပင္ ေကာင္မေလးရဲ႕ငယ္ရြယ္ႏုပ်ိဳခ်ိန္ 7ႏွစ္လံုးလံုးကို အခ်ိန္ျဖဳန္းပစ္ခဲ့တဲ့သူ ဆိုၿပီး အဆိုပါအမ်ိဳးသားကို မ်ိဳးစံုေဝဖန္ခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း ကားပိုင္႐ွင္အမ်ိဳးသားက အဆိုပါအျဖစ္အပ်က္ကို ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။ အဲတာကေတာ့ ” ကြၽန္ေတာ္ကားကို အိမ္အျပင္ဖက္ ကားပါကင္မွာထိုးထားခဲ့ပါတယ္ ၊ မနက္ေရာက္ေတာ့မွ ကားကအခုလိုျဖစ္ေနတာကိုေတြ႔ခဲ့ရတာပါ ၊ သူမရဲ႕ 7ႏွစ္လံုးလံုး အခ်ိန္ကို ကြၽန္ေတာ္ျဖဳန္းခဲ့မိလို႔ ကြၽန္ေတာ့္ကိုခင္ဗ်ားတို႔အကုန္လံုးက ဆူဆဲေနၾကတယ္ ၊ အဲ့ဆို ေယာက်ၤားေတြရဲ႕အခ်ိန္ကေကာ တန္ဖိုးမ႐ွိလို႔လား ” ဆိုၿပီး ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။ ထို႔အျပင္ ၎တို႔စံုတြဲရဲ႕ မူလအစီအစဥ္က 7ႏွစ္ျပည့္ရင္ လက္ထပ္ၾကဖို႔ပါ ။ သို႔ေပမဲ့လည္း သတို႔သမီး တင္ေတာင္းစရိတ္ ၊ မဂၤလာေဆာင္စရိတ္ေတြ ၊ အျခားေသာအသံုးစရိတ္ေတြအတြက္ မသက္ႏိုင္တဲ့အဆံုး ယခုကဲ့သို႔ လမ္းခြဲခဲ့ရတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ယခုကိစၥမွာ ” ကြၽန္ေတာ္အျပစ္တင္ရမယ္႔သူက ကြၽန္ေတာ္ကိုယ္တိုင္ပါပဲ ၊ သူမကိုလက္ထပ္ဖို႔ ေငြအလံုအေလာက္မ႐ွာႏိုင္ခဲ့တဲ့ ညံ့ဖ်င္းလြန္းတဲ့ ေယာက်ာၤးမလို႔ပါ” ဆိုၿပီး video မွာေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချစ်သူနဲ့လမ်းခွဲကြတဲ့ နည်းလမ်း ၊ အခြေအနေတွေ မျိုးစုံရှိကြပေမဲ့လည်း ဒီတစ်ခေါက်ကတော့ Drama ဆန်ဆန်လမ်းခွဲခဲ့ကြလို့ တရုတ်ဆိုရှယ်မီဒီယာအကြား အတော်လေးကို လူပြောများနေလျက်ရှိပါတယ် ။ ပြီးခဲ့တဲ့ November 23ရက်နေ့က တရုတ်နိုင်ငံ ၊ Taizhou မြို့ရဲ့လမ်းပေါ်မှာ မောင်းနှင်နေခဲ့တဲ့အဖြူရောင် Hyundai Creta ကားပေါ်မှာရေးသားထားခဲ့တဲ့အနီရောင်စာလုံးကြီးတွေဟာ ဒေသခံတွေကိုအတော်လေး အံ့သြစေခဲ့ပါတယ် ။ အဲတာကတော့ ကားရဲ့တစ်ဖက်မှာ ” ကျွန်မအချစ်ဆုံး ကောင်လေး ” ၊ ကားအနောက်ဖက်မှာတော့ “ကျွန်မထားခဲ့လိုက်ပြီ ” ၊ ထို့အပြင် ကားရဲ့အခြားတစ်ဖက်မှာတော့ ” 7 နှစ်လုံးလုံး ကျွန်မကိုစိတ်ပျက်စေခဲ့တဲ့အတွက် ထားခဲ့လိုက်ပြီ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

အဆိုပါ စာသားကြောင့် လူအများက အဆိုပါကားပိုင်ရှင်ရဲ့ ရည်းစားဟောင်းကရေးသားထားခဲ့ကြတာဖြစ်ကြောင်း သုံးသပ်ခဲ့ကြတဲ့အပြင် ကောင်မလေးရဲ့ငယ်ရွယ်နုပျိုချိန် 7နှစ်လုံးလုံးကို အချိန်ဖြုန်းပစ်ခဲ့တဲ့သူ ဆိုပြီး အဆိုပါအမျိုးသားကို မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း ကားပိုင်ရှင်အမျိုးသားက အဆိုပါအဖြစ်အပျက်ကို ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ အဲတာကတော့ ” ကျွန်တော်ကားကို အိမ်အပြင်ဖက် ကားပါကင်မှာထိုးထားခဲ့ပါတယ် ၊ မနက်ရောက်တော့မှ ကားကအခုလိုဖြစ်နေတာကိုတွေ့ခဲ့ရတာပါ ၊ သူမရဲ့ 7နှစ်လုံးလုံး အချိန်ကို ကျွန်တော်ဖြုန်းခဲ့မိလို့ ကျွန်တော့်ကိုခင်ဗျားတို့အကုန်လုံးက ဆူဆဲနေကြတယ် ၊ အဲ့ဆို ယောင်္ကျားတွေရဲ့အချိန်ကကော တန်ဖိုးမရှိလို့လား ” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ ထို့အပြင် ၎င်းတို့စုံတွဲရဲ့ မူလအစီအစဉ်က 7နှစ်ပြည့်ရင် လက်ထပ်ကြဖို့ပါ ။ သို့ပေမဲ့လည်း သတို့သမီး တင်တောင်းစရိတ် ၊ မင်္ဂလာဆောင်စရိတ်တွေ ၊ အခြားသောအသုံးစရိတ်တွေအတွက် မသက်နိုင်တဲ့အဆုံး ယခုကဲ့သို့ လမ်းခွဲခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ယခုကိစ္စမှာ ” ကျွန်တော်အပြစ်တင်ရမယ့်သူက ကျွန်တော်ကိုယ်တိုင်ပါပဲ ၊ သူမကိုလက်ထပ်ဖို့ ငွေအလုံအလောက်မရှာနိုင်ခဲ့တဲ့ ညံ့ဖျင်းလွန်းတဲ့ ယောကျာၤးမလို့ပါ” ဆိုပြီး video မှာပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခ်စ္သူကို ေတြ႔သမ်ွလူတိုင္းကဆဲခ်င္လာေအာင္ မွတ္သားေလာက္တဲ့နည္းလမ္းနဲ႔ လမ္းခြဲခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*