အမှုသည်က ငွေကြေးမပေးဆောင်နိုင်တာကြောင့် ငွေသားအစား ဂဏာန်းများကို လက်ခံပေးခဲ့တဲ့ သဘောကောင်းလွန်းတဲ့ ရှေ့နေကြီး

ဖိလစ်ပိုင်နိုင်ငံ Sorsogon မြို့ရှိ ရှေ့နေတစ် ဦး ၏ Facebook post ဟာ သူ၏ ၀န်ဆောင်မှုကိုခံယူခဲ့သူများ၏တရားဝင်အခကြေးငွေများအတွက် ပြန်လည်ပေးဆပ်တဲ့ထူးခြားသောနည်းလမ်းကို အသုံးပြုခဲ့သည့်အတွက်ကြောင့် လူသိများသွားခဲ့ပါတယ်။အဆိုပါ Noel Allen Bose အမည်ရှိရှေ့နေတစ်ဦးဟာ Sorsogon မြို့ရှိ တရားရုံးတွင် အမှုတစ်ခုကို ကြားနာပေးခဲ့ပြီးနောက် သူ့ရဲ့ဖောက်သည်က ၎င်းတို့ကို ကိုယ်စားပြုပေးတဲ့ Noel ဟာ ငွေမပေးနိုင်သဖြင့် သူတို့ဖမ်းမိထားတဲ့ကဏန်းများဖြင့် ငွေပေးရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ပြောကြားခဲ့ပါတယ်။

ထို့နောက် ကြင်နာတတ်တဲ့ ဖိလစ်ပိုင်ရှေ့နေကြီးက ထူးခြားတဲ့ငွေပေးချေမှုပုံစံအသစ်ကို လက်ခံခဲ့ပြီး လက်တစ်ဖက်က ဂဏန်းတွေကိုမြှောက်ကိုင်ရင်း အခြားလက်တစ်ဖက်ဖြင့်လက်ဆွဲအိတ်တစ်လုံးကို ကိုင်ဆွဲကာ တရားခွင်ရဲ့အပြင်ဘက်ရှိ နေရာတစ်နေရာမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံအား မျှဝေခဲ့ပါတယ်။

ရှေ့နေကြီးက “ ‘တရားရုံးအမှု ကြားနားပြီးနောက် ’ ဖောက်သည်: ရှေ့နေကြီး ကျွန်တော်တို့မှာ တရားရုံးအမှုအတွက် ပေးဖို့ ပိုက်ဆံမရှိဘူး ၊ နောက်ဆုံးအနေနဲ့ မင်းကို တစ်ခုလောက်ပေးလို့ရမလား ။ me : ရပါတယ် ကျွန်တော့်အတွက် ပြသာနာမရှိပါဘူး ။ ဖောက်သည် : သူတို့ဖမ်းလာတဲ့ပစ္စည်းကို ထုတ်ပေး ၊ ဖောက်သည် : ကျေးဇူးတင်ပါတယ် ရှေ့နေကြီး ။ me :….. ” ဆိုတဲ့ သူနှင့် သူ့ရဲ့ဖောက်သည်ကြားက တရားရုံးချိန်းပြီး ပြောဆိုခဲ့ကြတဲ့စကားများကို ထိုကဲ့သို့ ချစ်စရာကောင်းစွာ ဖော်ပြခဲ့ပါသေးတယ်။

ထို့နောက် ၎င်း post ဟာ 31,000 shares ကျော်နှင့် reaction ပေါင်း 103,000 အထိ ရရှိခဲ့ပါတယ်။ရှေ့နေကြီးက သူလိုက်ပေးခဲ့တဲ့အမှုကို ပြောပြရင်း သူရလိုက်တဲ့ဂဏာန်းကိုလည်း ချက်စားလိုက်ပြီးဖြစ်ကြောင်း ပြောပြကာ သူ့အား ကြင်နာတဲ့ စကားလုံးများဖြင့် support လုပ်ပေးခဲ့ကြတဲ့ Facebook အသုံးပြုသူများကိုလည်း ကျေးဇူးတင်ထားပါတယ်။

“ ဂဏန်းတွေက အစာအိမ်ကို အပြည့်အဝဖြည့်တင်းပေးတယ် ဒါပေမဲ့ ဒီအမှုပြီးဆုံးခြင်းအတွက် ခင်ဗျားရဲ့တုံ့ပြန်မှုက ကျွန်တော့်ရဲ့နှလုံးသားကို fuller ဖြစ်စေတယ် ၊ ပြည်သူတွေအတွက် အလုပ်လုပ်နေပေးတဲ့ရှေ့နေတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့က မကြာခဏသူတို့ရဲ့အလုပ်နှင့်စိန်ခေါ်မှုအကြောင်းတွေကို post သိပ်မတင်ကြဘူး ၊ ဒါပေမဲ့သူတို့က ဖိလစ်ပိုင်နိုင်ငံအတွက် အရမ်းကို ကြိုးစားပေးနေကြပါတယ် ” လို့ Bose အမည်ရှိ netizen တစ်ဦးက မှတ်ချက်ပေးခဲ့ပါသေးတယ်။တော်တော်ကို စိတ်သဘောထားပြည့်ဝတဲ့ ရှေ့နေကြီးပါဗျာ။

Mia (Mckzone Daily)

Source : worldofbuzz

Be the first to comment on "အမှုသည်က ငွေကြေးမပေးဆောင်နိုင်တာကြောင့် ငွေသားအစား ဂဏာန်းများကို လက်ခံပေးခဲ့တဲ့ သဘောကောင်းလွန်းတဲ့ ရှေ့နေကြီး"

Leave a comment

Your email address will not be published.


*