ကျွမ်းကျင်ပိုင်နိုင်စွာ ဘော်လုံးကစားနည်းကို ဆော့ကစားတတ်ကြတဲ့ ရွှေငါးလေးများ (ရုပ်သံ)
.
.
.
.
Jasmine (Mckzone Daily)
Source : astroawani
Unicode
အချို့သောသူတွေက ရွှေငါးလေးတွေဟာ 7 စက္ကန့်သာ ကြာရှည်ခံတဲ့ မှတ်ဉာဏ်မျိုးရှိတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါပေမဲ့ ဘော်လုံးစကားတဲ့အရာမှာတော့ ထင်ထားသလို မဖြစ်ခဲ့ပါဘူး ။အကြောင်းကတော့ သူတို့လေးတွေက ဘော်လုံးလေးကို သယ်ယူနိုင်ကြပါတယ် ။ဒါ့အပြင် ဂိုးပေါက်ထဲကိုလည်း ဘော်လုံးရောက်အောင် ထည့်တတ်ကြပါသေးတယ် ။ရွှေငါးလေးတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ Yang Tianxin အမည်ရှိတဲ့အမျိုးသားဟာ ဘောလုံးဝါသနာ အတော်လေးကြီးသူပါ ။ဒါကြောင့် သူ့ရဲ့ငါးကန်ကို ဘော်လုံးကွင်းပုံစံပြောင်းလဲပစ်လိုက်ပြီး ငါးလေးတွေကို တစ်နှစ်ခွဲခန့်ကြာသည်အထိ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ် ။
Yang Tianxin ရဲ့ပြောပြချက်အရ ‘ ကျွန်တော်က သူတို့လေးတွေကို ငယ်စဉ်အချိန်ကတည်းက ရင်းနှီးအောင်လုပ်ပါတယ် ၊ ကိုယ်နဲ့သူတို့ရင်းနှီးသွားတဲ့အချိန်ကျရင် ကိုယ်ဘာပေးပေး သူတို့ တိုးဝှေ့လာတတ်ကြပါတယ် ၊ လေ့ကျင့်ပေးတဲ့အချိန် သူတို့လေးတွေ ဂိုးသွင်းနိုင်ရင် ဆုချတဲ့အနေနဲ့ အစာအချို့ကျွေးပါတယ် ၊ အဲ့လို ပုံစံနဲ့ လေ့ကျင့်သင်ကြားပေးတာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။Yang မှာတော့ ရာနဲ့ချီနဲ့ ရွှေငါးလေးတွေ မွေးမြူပိုင်ဆိုင်ထားပါတယ် ။ အဆိုပါ ရွှေငါးတွေထဲကမှ စိတ်အားထက်သန်ပြီး ပြိုင်ဆိုင်လိုစိတ်များတဲ့ ငါးတွေကိုရွှေးချယ်ပြီး သေချာလေ့ကျင့်ပေးတာဖြစ်ကြောင်း သိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ကျွမ်းကျင်ပိုင်နိုင်စွာ ဘော်လုံးကစားနည်းကို ဆော့ကစားတတ်ကြတဲ့ ရွှေငါးလေးများ (ရုပ်သံ)"
Leave a comment
Your email address will not be published.
*