စားသောက်ဆိုင်သို့ မဝင်ခင် ဖိနပ်ချွတ်ပြီး ကောက်ကိုင်သွားခဲ့ခြင်းကြောင့် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားခဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်



JRose (Mckzone Daily)

Source : rachfeed

Unicode

ဖိလစ်ပိုင်လူမျိုးတွေက တစ်အိမ်နဲ့တစ်အိမ် သွားလည်တဲ့အခါဆိုရင် ဖိနပ်များကို အိမ်အပြင်ဘက်မှာ ထားရှိကြတာပါ ။ နောက်ပြီး ညစ်ပတ်နေတဲ့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်တာကလည်း ဟာသမဟုတ်ပါဘူး။ သို့ပေမဲ့ ဖိလစ်ပိုင်အမျိုးသားတစ်ဦးက မက်ဒေါ်နယ်စားသောက်ဆိုင်ရဲ့ ဝင်ပေါက်ကို မဝင်ခင်မှာ သူ့ဖိနပ်ချွတ်ပြီး ကောက်ယူသွားတဲ့အတွက် ပျံ့နှံ့သွားပြီ သူဟာ ၎င်းကိုအလေ့အထဖြင့် ပြုလုပ်နေခြင်း သို့မဟုတ် သူမဟာ အဝါရောင်နဲ့ ဆိုင်းဘုတ်ကို ဆိုးရွားစွာ နာကြည်းနေတာလည်းဖြစ်နိုင်ပါတယ်။

ထို အမျိုးသားရဲ့ နောက်ကွယ်မှ တစ်စုံတစ်ဦးက ရိုက်ထားတဲ့ဓာတ်ပုံထဲမှာ အစားအစာဆိုင် တံခါးနားကို ရောက်တဲ့အခါ သူက မိမိရဲ့ဖိနပ်ကို ချက်ချင်းချွတ်ပြီး အထဲမဝင်ခင် ဖိနပ်ကို ကောက်ယူခဲ့ပါတယ်။ McDonald စားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှုအဖွဲ့က ထိုအမျိုးသားကို လှောင်ပြောင်သရော်မှုနဲ့ ကြည့်နေခဲ့ပါတယ်။ နောက်ပြီး အင်တာနက်အသုံးပြုသူများစွာက ဖိလစ်ပိုင်လူမျိုးတွေဟာ ဖိနပ်တွေကို အိမ်အပြင်ဘက်မှာ ထားကြတယ်ဆိုပေမဲ့ စားသောက်ဆိုင်လို အများပြည်သူပိုင်နေရာတွေကျတော့ ဖိနပ်ချွတ်တာတို့ ပြုလုပ်ခြင်းမရှိတဲ့အတွက် ထိုအမျိုးသားရဲ့လုပ်ရပ်က အလွန်ရယ်စရာကောင်းတယ်လို့ ထင်မြင်ကြပါတယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

JRose (Mckzone Daily)

Be the first to comment on "စားသောက်ဆိုင်သို့ မဝင်ခင် ဖိနပ်ချွတ်ပြီး ကောက်ကိုင်သွားခဲ့ခြင်းကြောင့် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားခဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်"

Leave a comment

Your email address will not be published.


*