႐ုပ္ရွင္ဇာတ္ေကာင္ေတြလိုဝတ္ဆင္ၿပီး လမ္းသြားလမ္းလာလူေတြကို နံနက္စာအခမဲ့ေကြၽးခဲ့တဲ့ ‌ေစသနာရွင္အမ်ိဳးသားသုံးဦး (႐ုပ္သံ)

မေလးရွားႏိုင္ငံက Jalan Larut လမ္းေပၚရွိ Royal Penang ဟိုတယ္မွ ျဖတ္သန္းသြားတဲ့ လူေတြကို အမ်ိဳးသားသုံးဦးက ႐ုပ္ရွင္ဇာတ္ေကာင္ေတြျဖစ္တဲ့ ‘Predator’ နဲ႔ ‘Black Panther’ အျဖစ္ ဝတ္ဆင္ၿပီး နံနက္စာကို အခံမဲ့ ေကြၽးေမြးခဲ့ပါတယ္ ။ အသက္ ၄၀ ႏွစ္အ႐ြယ္ Mohd Nor Hisham Awang Nong၊ ၄၈ ႏွစ္ အ႐ြယ္ Mohd Wan Hafizi Wan Zakaria နဲ႔ ၆၄ ႏွစ္ အ႐ြယ္ Azhar A. Rahman တို႔က ဒီလို‌ေရာဂါပ်ံ႕ႏွံ႔ၿပီး ခက္ခဲတဲ့ကာလအတြင္း ျပည္သူမ်ားရဲ႕ စားနပ္ရိကၡာလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။

သူတို႔ကိုယ္သူတို႔ “ Pulau Pinang စူပါဟီး႐ိုးေတြ” ဆိုၿပီး ေခၚၾကတဲ့ ၎အမ်ိဳးသားအုပ္စုဟာ အေထြေထြမန္ေနဂ်ာ Amran Taib ဦး ေဆာင္တဲ့ Royal Hotel Penang ရဲ႕စီမံခန႔္ခြဲမႈနဲ႔ ပူးေပါင္းၿပီး nasi lemak အစုံ ၄၀၀၊ bihun အစုံ ၁၅၀ နဲ႔ လက္ဖက္ေျခာက္ ၂၀၀ နဲ႔ ေကာ္ဖီေတြကို အမ်ားျပည္သူထံ အခမဲ့ပို႔ေဆာင္ေပးမယ္လို႔ BERNAMA သတင္းဌာနမွာ အစီရင္ခံခဲ့ပါတယ္ ။ “ နံနက္စာကို အခမဲ့ေပးေနၾကတဲ့ စူပါဟီး႐ိုးေတြပါ ။ Covid-19 ေရာဂါကူးစက္ခံရသူေတြကို ကူညီဖို႔အစျပဳလုပ္ေဆာင္တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ” လို႔ အသက္ ၅၅ ႏွစ္အ႐ြယ္ ေမာ္ေတာ္ဆိုင္ကယ္သမားက BERNAMA သတင္းမွာ ေျပာၾကားခဲ့ပါတယ္ ။ အခုလိုအေျခေနမွာ ျပည္သူေတြကို အစားအစာ အခံမဲ့ေကြၽးေနတဲ့ ဒီအမ်ိဳးသားသုံးဦးကို ကြၽန္ေတာ္တို႔လည္း အထူးေက်းဇူးတင္မိပါတယ္ ။

JRose (Mckzone Daily)

Source : worldofbuzz

Unicode

မလေးရှားနိုင်ငံက Jalan Larut လမ်းပေါ်ရှိ Royal Penang ဟိုတယ်မှ ဖြတ်သန်းသွားတဲ့ လူတွေကို အမျိုးသားသုံးဦးက ရုပ်ရှင်ဇာတ်ကောင်တွေဖြစ်တဲ့ ‘Predator’ နဲ့ ‘Black Panther’ အဖြစ် ဝတ်ဆင်ပြီး နံနက်စာကို အခံမဲ့ ကျွေးမွေးခဲ့ပါတယ် ။ အသက် ၄၀ နှစ်အရွယ် Mohd Nor Hisham Awang Nong၊ ၄၈ နှစ် အရွယ် Mohd Wan Hafizi Wan Zakaria နဲ့ ၆၄ နှစ် အရွယ် Azhar A. Rahman တို့က ဒီလို‌ရောဂါပျံ့နှံ့ပြီး ခက်ခဲတဲ့ကာလအတွင်း ပြည်သူများရဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ် ။

သူတို့ကိုယ်သူတို့ “ Pulau Pinang စူပါဟီးရိုးတွေ” ဆိုပြီး ခေါ်ကြတဲ့ ၎င်းအမျိုးသားအုပ်စုဟာ အထွေထွေမန်နေဂျာ Amran Taib ဦး ဆောင်တဲ့ Royal Hotel Penang ရဲ့စီမံခန့်ခွဲမှုနဲ့ ပူးပေါင်းပြီး nasi lemak အစုံ ၄၀၀၊ bihun အစုံ ၁၅၀ နဲ့ လက်ဖက်ခြောက် ၂၀၀ နဲ့ ကော်ဖီတွေကို အများပြည်သူထံ အခမဲ့ပို့ဆောင်ပေးမယ်လို့ BERNAMA သတင်းဌာနမှာ အစီရင်ခံခဲ့ပါတယ် ။ “ နံနက်စာကို အခမဲ့ပေးနေကြတဲ့ စူပါဟီးရိုးတွေပါ ။ Covid-19 ရောဂါကူးစက်ခံရသူတွေကို ကူညီဖို့အစပြုလုပ်ဆောင်တဲ့အတွက် ကျေးဇူးတင်ပါတယ် ” လို့ အသက် ၅၅ နှစ်အရွယ် မော်တော်ဆိုင်ကယ်သမားက BERNAMA သတင်းမှာ ပြောကြားခဲ့ပါတယ် ။ အခုလိုအခြေနေမှာ ပြည်သူတွေကို အစားအစာ အခံမဲ့ကျွေးနေတဲ့ ဒီအမျိုးသားသုံးဦးကို ကျွန်တော်တို့လည်း အထူးကျေးဇူးတင်မိပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "႐ုပ္ရွင္ဇာတ္ေကာင္ေတြလိုဝတ္ဆင္ၿပီး လမ္းသြားလမ္းလာလူေတြကို နံနက္စာအခမဲ့ေကြၽးခဲ့တဲ့ ‌ေစသနာရွင္အမ်ိဳးသားသုံးဦး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*