Online ပေါ်ကဈေးသက်သာပြီး တံဆိပ်အတုတွေနဲ့ Skincare တွေဝယ်သုံးမိလို့ ဖြစ်လာတဲ့အကျိုးဆက်တွေကို ဝေမျှပေးခဲ့သူ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်က အပြင်ထွက်ပြီးဈေးဝယ်ဖို့မအားလပ်လို့ online ပေါ်ကနေ ဈေးသက်သာတဲ့ပစ္စည်းတွေဝယ်မယ်ဆိုရင် တံဆိပ်အတုတွေနဲ့သာ အတွေ့များတတ်ပါတယ် ။ တစ်ခါတစ်လေ အပြင်ကဆိုင်တွေလည်း တံဆိပ်အတုနဲ့ ကုန်ပစ္စည်းတွေရောင်းချလေ့ရှိတာကို တွေ့ရှိရမှာပါ ။ ထို့ကြောင့် ကိုယ်လိုချင်တဲ့ တကယ်ကုန်ပစ္စည်အမှတ်တံဆိပ် အစစ်အမှန်ကိုရဖို့ အမြဲဂရုစိုက်လေ့လာ ဝယ်ယူသင့်ပါတယ် ။ အထူးသဖြင့် အလှကုန်ပစ္စည်တွေမှာပါ ။ တစ်ချို့သော ဈေးရောင်းသူတွေက အလွယ်တကူ ငွေမြန်မြန်ရှာနိုင်ဖို့အတွက် အလှကုန်တွေကိုတံဆိပ်အတုတွေနဲ့ ထုတ်လုပ်ရောင်းချနေကြတာပါ ။ ဒါကြောင့် Online ပေါ်မှာဈေးဝယ်မယ်ဆိုရင် ကိုယ်တစ်ကယ်ယုံကြည်စိတ်ချရတဲ့သူတွေအနားသာ ဝယ်ယူအားပေးသင့်ပါတယ် ။ ဒီလိုမှမဟုတ်ရင် ကိုယ့်အတွက်အန္တရာယ်များလွန်းတဲ့ အကျိုးဆက်တွေဖြစ်ပေါ်စေတတ်လို့ပါ ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ Online ပေါ်က အလှကုန်ပစ္စည်းအတုတွေကို မဝယ်ယူမိကြစေဖို့သတိပေးလိုက်ပါတယ် ။ မကြာသေးခင်က Skincare အတုကို အသုံးပြုမိလို့ မျက်နှာတစ်ခုလုံး ပျက်ဆီးသွားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံနှင့်အတူ ဝေမျှခဲ့ပါသေးတယ် ။ ထို့အပြင် ဈေးသက်သာလွန်းတဲ့ပစ္စည်းတွေကို အသုံးပြုပြီး အလှကုန်ပစ္စည်းအတုထုတ်လုပ်နေကြတဲ့ပုံတွေကိုပါ ဝေမျှပေးခဲ့ပါသေးတယ် ။ ထို့အပြင် ” ဘယ်ကနေထုတ်မှန်မသိတဲ့ skincare နဲ့ makeup တွေလိမ်းမိလို့ ဖြစ်လာတဲ့အကျိုးဆက်ပဲ ၊ ဈေးသက်သာရင် သက်သာမယ် ဒါပေမဲ့ နင့်ရဲ့မျက်နှာ ဒီလိုအဆုံးသတ်လိုက်မယ် ” ဆိုတဲ့ Caption နဲ့ဝေမျှခဲ့ပါတယ် ။

ထို့အပြင်သူမက ပိုက်ဆံမဖြစ်စလောက်လေးကို စုဖို့ ဈေးသက်သာတဲ့ cosmatic တွေဝယ်ယူတာမျိုး ရှောင်ကျဉ်သင့်ပါတယ် ။ ထို့အပြင် ကိုယ်သုံးမယ့်အလှကုန်ပစ္စည်းတွေမှာ ကိုယ်နဲ့ဓာတ်မတဲ့ တဲ့အရာတွေပါဝင်လားဆိုတာကိုလည်း သေချာစစ်ဆေးသင့်ကြောင်း သူမကပြောဆိုထားပါသေးတယ် ။ သို့ပေမဲ့လည်း ကုန်ပစ္စည်းက ဈေးသက်သာနေမယ်ဆိုရင် ရောင်းချသူက အမှန်တကယ်စိတ်ချယုံကြည်ရတဲ့သူဖြစ်မှသာ ဝယ်ယူသင့်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Online ပေါ်ကဈေးသက်သာပြီး တံဆိပ်အတုတွေနဲ့ Skincare တွေဝယ်သုံးမိလို့ ဖြစ်လာတဲ့အကျိုးဆက်တွေကို ဝေမျှပေးခဲ့သူ"

Leave a comment

Your email address will not be published.


*