လာမယ့်နှစ်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သတို့သမီးဖြစ်သူက ပေါက်ကွဲမှုမှာဆုံးသွားပြီး ဝမ်းနည်းကြေကွဲစွာကျန်ရစ်ခဲ့ရတဲ့ သတို့သား



.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : rachfeed

Unicode

နှလုံးကြေကွဲနေတဲ့သတို့သားက Lebanon နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Beirut မြို့မှာ ပေါက်ကွဲမှုတစ်ခုကြောင့် သူ့ရဲ့ သတို့သမီးကို ဆုံးရှုံးလိုက်ရပါတယ် ။ သူတို့ရဲ့ ပျော်ရွှင်ဖွယ်ချစ်ခြင်းမေတ္တာဇာတ်လမ်းရဲ့ နိဂုံးမှာ ဝမ်းနည်းစရာနဲ့ပင် ကြုံတွေ့ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်က Lebanon၊ Beirut မှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ် ။ ၎င်းဖြစ်ပွားမှုအထဲမှာ လာမည့်နှစ်ကျရင် လက်ထပ်ယူရန် သတ်မှတ်ထားသူ Sahar Fares လို့ခေါ်တဲ့ အသက် 27 နှစ်အရွယ် ဆေးဘက်ဆိုင်ရာအမျိုးသမီး ပါဝင်နေခဲ့ပါတယ် ။ Gilbert Karaan လို့ခေါ်တဲ့ သူမရဲ့သတို့သားက သူတို့နှစ်ဦး လက်ထပ်ထိမ်းမြှား မင်္ဂလာပွဲ မတိုင်မီက Sahar ရဲ့ ကြေကွဲစရာ အသုဘအခမ်းအနားကို ကျင်းပနေရတဲ့ အဖြစ်ကို ဝေမျှခဲ့ပါတယ် ။

Gilbert က သူရဲ့ သတို့သမီးကို ဘယ်တော့မှပွေ့ဖက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေတာကြောင့် သူအရမ်းခံစားနေရပါတယ် ။ အသုဘမတိုင်မီတစ်ရက်အလိုမှာ Gilbert ဟာ Sahar ကို ထာဝရချစ်မြတ်နိုးရန်နဲ့ သူမကိုလက်ထပ်ယူရန် ကတိပြုခဲ့ပါတယ် ။ ကံမကောင်းလွန်းတာကြောင့် သူမရဲ့ အသုဘအခမ်းအနားပွဲကို ကျင်းပခဲ့ရပါတယ် ။ ယခုချိန်မှာ Gilbert ဟာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ကျန်ရစ်နေခဲ့ရပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "လာမယ့်နှစ်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သတို့သမီးဖြစ်သူက ပေါက်ကွဲမှုမှာဆုံးသွားပြီး ဝမ်းနည်းကြေကွဲစွာကျန်ရစ်ခဲ့ရတဲ့ သတို့သား"

Leave a comment

Your email address will not be published.


*