သာမန်သူတွေလို မပြည့်စုံပေမဲ့လည်း လူအများအားကျရတဲ့ အခြေအနေမျိုးပိုင်ဆိုင်ထားတဲ့ စုံတွဲ



.

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်လျက်ရှိတဲ့ ဒီစုံတွဲလေးရဲ့အဖြစ်ကို Denz Ceralde အမည်ရှိတဲ့ အမျိုးသားက facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ် ။ အကြောင်းကတော့ Denzeဟာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေရင်း Ramon Magsaysay ကျောင်းရဲ့ အပြင်ဖက်မှာ ကြည်နူးစရာအကောင်းဆုံး အပြုံးမျက်နှာလေးတွေနဲ့ စုံတွဲတစ်တွဲကို တွေ့ရှိခဲ့ပါတယ် ။ ဒါ့အပြင် ကောင်မလေးဟာ အရမ်းကိုလှပြီး ဝီးရှဲလေးနဲ့မို့ ထင်သာမြင်သာ ဖြစ်နေခဲ့တာပါ ။ အဆိုပါစုံတွဲအကြောင်းကို မစပ်စုဘဲမနေနိုင်တဲ့အဆုံး Denze က ကျောင်းရှေ့က လှည်းနဲ့ရောင်းနေတဲ့ မုန့်သည်ကို မေးခဲ့ပါတယ် ။

မုန့်သည်ရဲ့ပြောပြချက်အရ စုံတွဲဟာ အဆိုပါကျောင်းမှာ ပညာသင်ကြားနေကြတာဖြစ်ပြီး ကောင်လေးက ကောင်မလေးကို ဝီးရှဲအမြဲသွန်းပေးပြီး နေ့စဉ်အတူ မခွဲမခွာရှိနေကြသူတွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ ကောင်မလေးရဲ့ ပြုံးပျော်နေတဲ့မျက်နှာကို ကြည့်ရုံနဲ့ တစ်ကယ့်စုံတွဲသာဖြစ်ရင် သူမရဲ့အချစ်ရေးက ဘယ်လောက်ကံကောင်းလိုက်လဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်လေ ။

Jasmine (Mckzone Daily)

Be the first to comment on "သာမန်သူတွေလို မပြည့်စုံပေမဲ့လည်း လူအများအားကျရတဲ့ အခြေအနေမျိုးပိုင်ဆိုင်ထားတဲ့ စုံတွဲ"

Leave a comment

Your email address will not be published.


*