ည 11 နာရီအချိန်ခန့် အမြန်လမ်းမကြီးဘေးမှာ လဲကျနေခဲ့တဲ့သူကြောင့် လူအတော်အများထိတ်လန့်ခဲ့ (ရုပ်သံ)


Jasmine (Mckzone Daily)

Source : philnews

Unicode

ဒီတစ်ခေါက်ဖော်ပမဲ့ အမျိုးသားတစ်ဦးမှာတော့ ဖိလစ်ပိုင်နိုင်ငံ ၊ Cotabato မြို့ရဲ့ အဝေးပြေးလမ်းမကြီးရဲ့တစ်နေရာမှာ လဲကျနေခဲ့တာပါ ။ သူ့ရဲ့ပုံစံက ယာဉ်မတော်တဆမှုဖြစ်ပြီး လမ်းမဘေးမှာ ဒုက္ခတွေ့နေတဲ့ပုံစံမျိုးနဲ့ပါ ။ ဒါကြောင့် ဖြတ်သန်းသွားလာကြသူတွေက ထိတ်လန့်ပြီးရဲအရာရှိတွေထံ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ် ။ ရဲအရာရှိတွေ ရောက်ရှိလာချိန်မှာတော့ အဆိုပါအမျိုးသားဟာ မူးပြီး လမ်းမကြီးဘေးမှာ အိပ်နေခဲ့တာဖြစ်ပါတယ် ။ ခဏအကြာမှာတော့ ရုတ်တရက်ထပြီး လမ်းလျှောက်ကာ ထွက်ခွာသွားခဲ့ပါတယ် ။ တစ်ကယ့်ကို မူးနေပြီး အိမ်ကိုရောက်အောင်မပြန်နိုင်ဘဲ လမ်းမကြီးဘေးမှာအိပ်နေခဲ့တဲ့ အရက်သမားကြောင့် လူအတော်အများအလုပ်ရှုပ်သွားခဲ့ရတဲ့အဖြစ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ည 11 နာရီအချိန်ခန့် အမြန်လမ်းမကြီးဘေးမှာ လဲကျနေခဲ့တဲ့သူကြောင့် လူအတော်အများထိတ်လန့်ခဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*