လမ်းမကြီးပေါ်မှာစွန့်ပစ်ခံခဲ့ရပေမဲ့ သခင်ပြန်လာခေါ်မယ်အထင်နဲ့ မရွေ့တမ်းရပ်စောင့်နေခဲ့တဲ့ ခွေးလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ Kuala Lumpur မြို့ရဲ့ လူထူထပ်ပြီး ယာဉ်အသွားအလားရှုပ်ထွေးလွန်းလှတဲ့ Taman Maluri ဆင်ခြေဖုံးလမ်းမကြီးတစ်နေရာမှာ ခွေးလေးတစ်ကောင်ဟာ ခိုကိုးရာမဲ့ဖြစ်နေခဲ့ပါတယ် ။ လမ်းမကြီးအလယ်တည့်တည့်မှာ ခွေးလေးဟာ စိတ်ပျက်ဝမ်းနည်းနေတဲ့ ရုပ်ကလေးနဲ့ သခင်ဖြစ်သူပြန်လာခေါ်ဖို့ကို မျှော်နေခဲ့ပါတယ် ။ ဖော်ပြထားတာကတော့ ခွေးလေးရဲ့ပိုင်ရှင်ဟာ ခွေးလေးကို ထီး ၊ ခေါင်အုံး တွေနဲ့အတူထားရစ်ခဲ့ပြီး စွန့်ပစ်ခဲ့တာဖြစ်ပါတယ် ။

အဆိုပါ အဖြစ်အပျက်ကိုတော့ A Fortress of Fur အမည်နဲ့ Facebook စာမျက်နှာတစ်ခုမှာ ဝေမျှခဲ့တာဖြစ်ပြီး ” ဒီခွေးလေးကို သူရဲ့သခင်က ထီး ၊ ခေါင်းအုံးလေးနဲ့ထားခဲ့ပြီး စွန့်ပစ်ခဲ့တာဖြစ်ပါတယ် ၊ ခွေးလေးက အတော်လေးဝမ်းနည်းနေပုံရပြီး သူ့သခင်ပြန်လာအခေါ်ကို လမ်းမကြီးရဲ့ အလယ်တည့်တည့်မှာ ရပ်စောင့်နေခဲ့တာပါ ။ လမ်းမကြီးဟာ ဘတ်စ်ကားကြီးတွေနဲ့ အတော်လေးကိုအန္တရာယ်များလွန်းလှပါတယ် ။ Taman Maluri ဆင်ခြေဖုံး ရဲ့ Pizza Hut ဆိုင်ရဲ့ဆန့်ကျင်ဖက် မှာပါ ၊ လူတွေက ဘယ်လိုကြီးတွေလဲဟာ ” ဆိုတဲ့ စာသားလေးနဲ့ ဝေမျှပေးခဲ့တာ ဖြစ်ပါတယ် ။

ခွေလေးကို ကယ်ဆယ်ပေးပြီး မွေးစားပေးနိုင်မဲ့ မိသားစုလေးနဲ့ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့မျှော်လင့်မိပါတယ် ။ အိမ်မွေးတိရစ္ဆာန်ကို မွေးစားထားပေမဲ့ အဆုံးထိတာဝန်မယူနိုင်ရင်တောင်မှ သူတို့ကို လက်ခံပေမဲ့ မိသားစုတွေကို ဆက်သွယ်ပေးပြီးမှ ခွေးလေးဒုက္ခမရောက်အောင် အတတ်နိုင်ဆုံးတော့ လုပ်ပေးခဲ့သင့်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ်းမကြီးပေါ်မှာစွန့်ပစ်ခံခဲ့ရပေမဲ့ သခင်ပြန်လာခေါ်မယ်အထင်နဲ့ မရွေ့တမ်းရပ်စောင့်နေခဲ့တဲ့ ခွေးလေး"

Leave a comment

Your email address will not be published.


*