‘မြင်းပေါ်က ဆင်းပါ’ ဆိုပြီးရေးထိုးထားတဲ့ ရှေးဟောင်း​ကျောက်စာတိုင်ရှေ့မှာ စာမေးပွဲအောင်ဖို့ ဆုတောင်းနေကြသူတွေရဲ့အဖြစ်



.

.

.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ဗီယက်နမ်နိုင်ငံက တစ်နိုင်ငံလုံးတက္ကသိုလ်ဝင်စာမေးပွဲကျင်းပကြတော့မှာပါ ။ ဒါကြောင့် ကျောင်းသားတွေက စာမေးပွဲအတွက်ပြင်ဆင်နေကြတဲ့အပြင် ယုံကြည်မှုဓလေ့အတိုင်း Hanoi မြို့မှာနေထိုင်ကြသူတွေကတော့ စာပေဗိမာန်ဘုရားကျောင်းတွေမှာ သွားရောက်ဆုတောင်းလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ယခုအချိန်မှာ Covid ရောဂါအခြေအနေတွေကြောင့် ဘုရားကျောင်းကို ပိတ်ထားပါတယ် ။ အရင်ချိန်က အဆိုပါဘုရားကျောင်းဟာ ဗီယက်နမ်ရဲ့ပထမဦးဆုံး တက္ကသိုလ်ဖြစ်ခဲ့ဖူးပြီး ရိုးရာအစဉ်အဆက် ပညာရေးနဲ့ပက်သက်ပြီး ယုံကြည်လာခဲ့တဲ့ ကျောင်းတော်ကြီးလည်းဖြစ်ပါတယ် ။

သို့ပေမဲ့လည်း ဘုရားကျောင်းကပိတ်ထားလို့ ဘုရားကျောင်းအပြင်ဖက်တံခါးဝမှာရှိတဲ့ ရှေးအရင်ချိန်တုန်းက ‘ မြင်းပေါ်က ဆင်းပါ’ ဆိုတဲ့ သတိပေးကျောက်စာတိုင်ရှေ့မှာ လူအတော်အများက အလှူစာတွေနဲ့ လာရောက်ပြီး ဆုတောင်းနေကြတာကို တွေ့မြင်ရမှာပါ ။ အဆိုပါသတိပေးကျောက်စာကို လူအတော်အများက သတိမထားမိပုံပါပဲ ။ အဆိုပါကျောက်စာရဲ့အဓိပ္ပါယ်ဟာ ယနေ့ခေတ် ဘုရားကျောင်းထဲဝင်ရင် ဖိနပ်ချွတ်ပါ စတဲ့သတိပေးစာနဲ့ အတူတူပါပဲ ။ သူတို့တွေရဲ့လုပ်ရပ်က တော်တော်လေးကို့ရို့ကားယားနိုင်နေတာကို သတိမပြုမိပုံပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "‘မြင်းပေါ်က ဆင်းပါ’ ဆိုပြီးရေးထိုးထားတဲ့ ရှေးဟောင်း​ကျောက်စာတိုင်ရှေ့မှာ စာမေးပွဲအောင်ဖို့ ဆုတောင်းနေကြသူတွေရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*