တိုက်ပေါ်ကနေ ခုန်ချသွားခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသမီးရဲ့အဖြစ်


Jasmine (Mckzone Daily)

Source : says

Unicode

ဒါကတော့ အမြဲအထင်အမြင်လွဲမှားတတ်တဲ့ သူတွေကို သတိပေးလိုက်တဲ့အရာလို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ အမျိုးသမီးဟာ သူမရဲ့အစားအသောက်တွေကို ခြောက်အောင် နေပူမှာ လှန်းနေခဲ့တာပါ ။ သို့ပေမဲ့လည်း ငှက်တွေ ၊ ကြောင်တွေက သူမရဲ့အစားအစာတွေကို ကိုက်ချီစားသောက်မှာကြောက်လို့ အခုလိုစောင့်နေရင်း ပျင်းလာလို့ သတင်းစာပေါ် လဲလျောင်းပြီး အိပ်စက်နေခဲ့တာပါ ။ ဒါကို တိုက်ပေါ်ကနေကြည့်နေသူက မသိရင် တိုက်ပေါ်ကနေခုန်ချပြီး ဘဝကိုအဆုံးသတ်လိုက်တဲ့အဖြစ်မျိုးနဲ့ဆင်တူကြောင်း အဆိုပါ ဓာတ်ပုံတွေကို social media ပေါ် ဝေအျှခဲ့ပါတယ် ။ ဒါကြောင့် အထင်အမြင်လွဲမှားတတ်တဲ့လူတွေရဲ့သဘာဝကို သတိပေးအချက်ပြလိုက်တာဆိုပြီး လူအတော်အများက မှတ်ချက်ပေးရေးသားသွားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တိုက်ပေါ်ကနေ ခုန်ချသွားခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသမီးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*