အိမ်ရှေ့မှာအမြဲရပ်စောင့်ပေးနေခဲ့တဲ့ ခွေးလေးကို သူစိမ်းတစ်ယောက်က အဆိပ်လာရောက် ကျွေးခဲ့တဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကားနဲ့အိမ်ရှေ့အထိ မောင်းနှင်လာခဲ့တဲ့သူစိမ်းတစ်ယောက်ဟာ ခွေးလေးကိုအဆိပ်ချကျွေးခဲ့တဲ့ video ဟာ ကြည့်ရှုသူတွေကို အတော်လေးဝမ်းနည်းကြေကွဲစေခဲ့ပါတယ် ။ တရုတ်နိုင်ငံ ၊ Jiangsu ပြည်နယ်မှာရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်က ခွေးလေးကို 10နှစ် ကျွေးမွေးလာခဲ့တာပါ ။ Video ထဲမှာဖော်ပြထားခဲ့တာကတော့ ရွှေရောင်အမွေးလေးတွေနဲ့ ခွေးလေးဟာ အိမ်ရှေ့မှာ ရပ်စောင့် ပေးနေတုန်း အမဲရောင်ကားတစ်စီးဟာ ခွေးလေးအနားသို့ရောက်ရှိလာပြီး ခွေးလေးကိုစားစရာ အထုပ်လေးပစ်ချပေးခဲ့ပါတယ် ။

ထို့နောက် ခွေးလေးဟာ စားစရာကိုအနံ့ခံပြီး အနည်းငယ်သာစားပစ်ခဲ့ပါတယ် ။ ထို့နောက် ကားဟာလည်းအဝေးသို့မောင်းထွက်သွားခဲ့ပါတယ် ။ စက္ကန့်အနည်းငယ်အကြာမှာပဲ ခွေးလေးဟာ အတော်လေးကိုမူးနောက်သလိုဖြစ်နေခဲ့ပြီး ရပ်နိုင်အောင်ခန္ဓာကိုယ်ကို အတော်လေးထိန်းနေခဲ့ရပါတယ် ။ မကြာခင်မှာပဲ ခွေးလေးဟာ မခံနိုင်တော့ဘဲ လဲကျသွားခဲ့ကာ စက္ကန့်ပိုင်းသာအသက်ငင်ခဲ့ပြီးနောက် ချက်ချင်လိုလို သေဆုံးသွားခဲ့ရပါတယ် ။ အဖြစ်အပျက်တစ်ခုလုံးဟာ 3မိနစ် ဝန်းကျင်ခန့်သား ကြန့်ကြာခဲ့ပါတယ် ။

အဆိုပါသူစိမ်းတွေဟာ မည့်သည့်အကြောင်းကိစ္စကြောင့် ခွေးလေးကိုအဆိပ်ကျွေးခဲ့ရတာလည်း ဆိုတာကိုတော့ သေချာသိရှိခဲ့ခြင်းမျိုး မရှိပေမဲ့ အပြစ်မဲ့လွန်းလှတဲ့ ခွေးလေးရဲ့အဖြစ်ဟာ အတော်လေးသနားဖို့ ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ်ရှေ့မှာအမြဲရပ်စောင့်ပေးနေခဲ့တဲ့ ခွေးလေးကို သူစိမ်းတစ်ယောက်က အဆိပ်လာရောက် ကျွေးခဲ့တဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*