6လသားအရြယ္နဲ႔ ေရလႊာေလ်ွာစီးျခင္းကို ကြၽမ္းက်င္ပိုင္ႏိုင္ေနၿပီျဖစ္တဲ့ အံ့အားသင့္ဖြယ္ရာ ကေလးငယ္

အခ်ိဳ႕ေသာ 6 လသားအရြယ္ကေလးငယ္ေတြဟာ မတ္တပ္ရပ္ဖို႔ကိုေတာင္ အခက္အခဲျဖစ္ေနၾကေသးပါတယ္ ။သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ Rich Casey Humpherys အမည္႐ွိတဲ့ 6 လသားအရြယ္ကေလးငယ္မွာ​ေတာ့ ေရလႊာေလ်ွာစီးျခင္းကို ကြၽမ္းက်င္ပိုင္ႏိုင္ေနပါၿပီ ။ ကေလးငယ္ရဲ႕ မိဘေတြကိုယ္တိုင္က ေရျပင္ေပၚမွာ မေဆာ့ကစားခင္ ကေလးငယ္ကို ကုန္ေျမျပင္မွာ ေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္းလည္း သိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို ကေလးငယ္ရဲ႕မိဘေတြက ‘ 6လျပည့္တဲ့ ေမြးေန႔မွာ ကြၽန္ေတာ္ေရလႊာေလ်ွာစီးခဲ့ပါတယ္ ၊ ဒါက တစ္ကယ့္အမိုက္စားပါပဲ…ကမာၻ့စံခ်ိန္တင္သြားပါၿပီ’ ဆိုတဲ့ post နဲ႔ social media ေပၚ ေဝမ်ွသြားခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူေတြကေတာ့ ကေလးငယ္ရဲ႕အရြယ္ဟာ မတ္တပ္ရပ္ဖို႔ေတာင္ ခက္ခဲ့ၿပီး ၊ သူ႔အရြယ္နဲ႔မလိုက္ဖက္တာမို႔ စြန္႔စားရာ က်လြန္းေၾကာင္း ၊ ေရထဲနစ္ရင္ အရြယ္ငယ္ေသးလို႔ ခဏသာ အသက္မ႐ႈႏိုင္တာနဲ႔ အခက္အခဲျဖစ္ႏိုင္ေၾကာင္း ၊ ယခုအရြယ္ဟာ ေပ်ာ္ရႊင္မႈကိုေသခ်ာမသိေသးလို႔ စြန္႔စားရာက်လြန္းေၾကာင္း မ်ိဳးစံုမွတ္ခ်က္ေပးေရးသားလာၾကပါတယ္ ။ ကေလးငယ္ရဲ႕မိဘေတြကလည္း ကေလးငယ္ဟာ အတတ္ျမန္ၿပီး ကြၽမ္းက်င္ေနလို႔ စိုးရိမ္စရာမ႐ွိေၾကာင္း ႏွင့္ ယခုလို ကေလးအတြက္ ဂ႐ုတစိုက္သတိေပးေျပာဆိုလာလို႔ ေက်းဇူးတင္ေၾကာင္း ျပန္လည္ေရးသားေျဖ႐ွင္းသြားခဲ့ပါတယ္ ။

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

အချို့သော 6 လသားအရွယ်ကလေးငယ်တွေဟာ မတ်တပ်ရပ်ဖို့ကိုတောင် အခက်အခဲဖြစ်နေကြသေးပါတယ် ။သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ Rich Casey Humpherys အမည်ရှိတဲ့ 6 လသားအရွယ်ကလေးငယ်မှာတော့ ရေလွှာလျှောစီးခြင်းကို ကျွမ်းကျင်ပိုင်နိုင်နေပါပြီ ။ ကလေးငယ်ရဲ့ မိဘတွေကိုယ်တိုင်က ရေပြင်ပေါ်မှာ မဆော့ကစားခင် ကလေးငယ်ကို ကုန်မြေပြင်မှာ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းလည်း သိရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို ကလေးငယ်ရဲ့မိဘတွေက ‘ 6လပြည့်တဲ့ မွေးနေ့မှာ ကျွန်တော်ရေလွှာလျှောစီးခဲ့ပါတယ် ၊ ဒါက တစ်ကယ့်အမိုက်စားပါပဲ…ကမ္ဘာ့စံချိန်တင်သွားပါပြီ’ ဆိုတဲ့ post နဲ့ social media ပေါ် ဝေမျှသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း အချို့သောသူတွေကတော့ ကလေးငယ်ရဲ့အရွယ်ဟာ မတ်တပ်ရပ်ဖို့တောင် ခက်ခဲ့ပြီး ၊ သူ့အရွယ်နဲ့မလိုက်ဖက်တာမို့ စွန့်စားရာ ကျလွန်းကြောင်း ၊ ရေထဲနစ်ရင် အရွယ်ငယ်သေးလို့ ခဏသာ အသက်မရှုနိုင်တာနဲ့ အခက်အခဲဖြစ်နိုင်ကြောင်း ၊ ယခုအရွယ်ဟာ ပျော်ရွှင်မှုကိုသေချာမသိသေးလို့ စွန့်စားရာကျလွန်းကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားလာကြပါတယ် ။ ကလေးငယ်ရဲ့မိဘတွေကလည်း ကလေးငယ်ဟာ အတတ်မြန်ပြီး ကျွမ်းကျင်နေလို့ စိုးရိမ်စရာမရှိကြောင်း နှင့် ယခုလို ကလေးအတွက် ဂရုတစိုက်သတိပေးပြောဆိုလာလို့ ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားဖြေရှင်းသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "6လသားအရြယ္နဲ႔ ေရလႊာေလ်ွာစီးျခင္းကို ကြၽမ္းက်င္ပိုင္ႏိုင္ေနၿပီျဖစ္တဲ့ အံ့အားသင့္ဖြယ္ရာ ကေလးငယ္"

Leave a comment

Your email address will not be published.


*