မိသားစုကိုေထာက္ပံ့ႏိုင္ဖို႔ ေဆာက္လုပ္ေရးေနရာေတြမွာ ဘိလပ္ေျမအိတ္မတဲ့အလုပ္သမားအေနနဲ႔ အလုပ္ဝင္လုပ္ေနခဲ့တဲ့ အမ်ိဳးသမီး(႐ုပ္သံ)

အခုလို ပင္ပန္းခက္ခဲတဲ့ကာယအလုပ္ေတြ အေတာ္မ်ားမ်ားကို ေယာက်ၤားေတြကသာ လုပ္ၾကတာမ်ားပါတယ္ ။ အထူးသျဖင့္ အခုလို ဘိလပ္ေျမအိတ္မတဲ့ အလုပ္ေတြဆိုရင္ေပါ့ေလ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံက အသက္ 28 ႏွစ္အရြယ္ Zhang Fang Fang အမည္႐ွိတဲ့ မိန္းကေလးမွာေတာ့ သူမရဲ႕ကေလးႏွစ္ေယာက္နဲ႔ ခင္ပြန္းျဖစ္သူကို ေထာက္ပံ့ေကြၽးေမြးႏိုင္ဖို႔ ဘိလပ္ေျမအိတ္မတဲ့အလုပ္မ်ိဳး ဝင္လုပ္ေနခဲ့တဲ့ video ဟာ အင္တာနက္ေပၚမွာ အေတာ္ေလးကို ပ်ံ့ႏွံ႔လ်က္႐ွိေနပါတယ္ ။ သူမဟာ တစ္ရက္ကို ဘိလပ္ေျမအိတ္ ရာေက်ာ္ သယ္ယူေနခဲ့ရေၾကာင္းလည္း သိရပါတယ္ ။

အစပိုင္းမွာေတာ့ ခင္ပြန္းျဖစ္သူမွာလည္း သူမနဲ႔အတူတူ အလုပ္ဝင္ခဲ့ေပမဲ့လည္း ေနာက္ပိုင္း ခင္ပြန္းျဖစ္သူဟာ အဆုတ္ေရာင္ေရာဂါေၾကာင့္ အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး ။ ဒါေၾကာင့္ မိသားစုတာဝန္ဟာ သူမရဲ႕ေခါင္းေပၚ က်ေရာက္လာခဲ့ၿပီး သူမရဲ႕အလုပ္ခ်ိန္ဟာလည္း ပိုၾကာျမင့္လာခဲ့ပါတယ္ ။

အခုခ်ိန္မွာေတာ့ သူမဟာ ဘိလပ္ေျမအိတ္မတဲ့အလုပ္ကို ရပ္နားထားၿပီး အစားအေသာက္ေရာင္းခ်တဲ့အလုပ္အကိုင္မ်ိဳးလုပ္ကိုင္ေနလ်က္႐ွိရာ စီးပြားေရးမွာလည္း အဆင္ေျပေနလ်က္႐ွိေၾကာင္း သိရပါတယ္ ။ သူမရဲ႕အလုပ္အကိုင္နဲ႔ပက္သက္ၿပီး online ေပၚ႐ွိလူမ်ားက မ်ိဳးစံုေဝဖန္လ်က္႐ွိၾကၿပီး ၊ အခ်ိဳ႕မွာေတာ့ သူမရဲ႕ေအာင္ျမင္မႈအတြက္ အေတာ္ေလးကိုေပ်ာ္ရႊင္ဂုဏ္ယူေနၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

အခုလို ပင်ပန်းခက်ခဲတဲ့ကာယအလုပ်တွေ အတော်များများကို ယောင်္ကျားတွေကသာ လုပ်ကြတာများပါတယ် ။ အထူးသဖြင့် အခုလို ဘိလပ်မြေအိတ်မတဲ့ အလုပ်တွေဆိုရင်ပေါ့လေ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက အသက် 28 နှစ်အရွယ် Zhang Fang Fang အမည်ရှိတဲ့ မိန်းကလေးမှာတော့ သူမရဲ့ကလေးနှစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့ ဘိလပ်မြေအိတ်မတဲ့အလုပ်မျိုး ဝင်လုပ်နေခဲ့တဲ့ video ဟာ အင်တာနက်ပေါ်မှာ အတော်လေးကို ပျံ့နှံ့လျက်ရှိနေပါတယ် ။ သူမဟာ တစ်ရက်ကို ဘိလပ်မြေအိတ် ရာကျော် သယ်ယူနေခဲ့ရကြောင်းလည်း သိရပါတယ် ။

အစပိုင်းမှာတော့ ခင်ပွန်းဖြစ်သူမှာလည်း သူမနဲ့အတူတူ အလုပ်ဝင်ခဲ့ပေမဲ့လည်း နောက်ပိုင်း ခင်ပွန်းဖြစ်သူဟာ အဆုတ်ရောင်ရောဂါကြောင့် အလုပ်မလုပ်နိုင်တော့ပါဘူး ။ ဒါကြောင့် မိသားစုတာဝန်ဟာ သူမရဲ့ခေါင်းပေါ် ကျရောက်လာခဲ့ပြီး သူမရဲ့အလုပ်ချိန်ဟာလည်း ပိုကြာမြင့်လာခဲ့ပါတယ် ။

အခုချိန်မှာတော့ သူမဟာ ဘိလပ်မြေအိတ်မတဲ့အလုပ်ကို ရပ်နားထားပြီး အစားအသောက်ရောင်းချတဲ့အလုပ်အကိုင်မျိုးလုပ်ကိုင်နေလျက်ရှိရာ စီးပွားရေးမှာလည်း အဆင်ပြေနေလျက်ရှိကြောင်း သိရပါတယ် ။ သူမရဲ့အလုပ်အကိုင်နဲ့ပက်သက်ပြီး online ပေါ်ရှိလူများက မျိုးစုံဝေဖန်လျက်ရှိကြပြီး ၊ အချို့မှာတော့ သူမရဲ့အောင်မြင်မှုအတွက် အတော်လေးကိုပျော်ရွှင်ဂုဏ်ယူနေကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိသားစုကိုေထာက္ပံ့ႏိုင္ဖို႔ ေဆာက္လုပ္ေရးေနရာေတြမွာ ဘိလပ္ေျမအိတ္မတဲ့အလုပ္သမားအေနနဲ႔ အလုပ္ဝင္လုပ္ေနခဲ့တဲ့ အမ်ိဳးသမီး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*