ဆုံးသွားတဲ့ မိခင်တစ်ဦးက မိသားစုနဲ့အတူ ဓာတ်ပုံရိုက်ချင်ခဲ့တဲ့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ ဓာတ်ပုံဆရာ



.

.

.

JRose (Mckzone Daily)

Source : gtgoodtimes

Unicode

မလေးရှားနိုင်ငံက မိခင်တစ်ဦးဖြစ်တဲ့ Adlean Nael’da ဟာ ဓာတ်ပုံရိုက်ရန် Zara Haleena လို့ခေါ်တဲ့ ဓာတ်ပုံဆရာအမျိုးသမီးကို သူတို့မိသားစုအတွက် ဓာတ်ပုံရိုက်ရန် တောင်းဆိုခဲ့ပါတယ် ။ ဒါပေမဲ့ Adlean ဟာ မိသားစုပုံတူကို ရိုက်ကူးရန် အခွင့်အရေးမရရှိခဲ့ပါဘူး ။ ဘာလို့လည်းဆိုတော့ Adlean ဟာ သူမရဲ့ အငယ်ဆုံးကလေးကို မွေးဖွားပြီးနောက် ချက်ချင်းပင်သေဆုံးသွားခဲ့တာပါ ။ သို့ပေမဲ့ Zara က Adlean ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းလိုပြီး ၅ လအကြာမှာ သူတို့မိသားစုဓာတ်ပုံကို ရိုက်ကူးပေးခဲ့ပါတယ် ။ Zara ဟာ Adlean က သူမရဲ့ မိသားစုနဲ့ အတူ ရှိနေသေးတဲ့ ဓာတ်ပုံတွေကို တည်းဖြတ်ခဲ့ပါတယ် ။

“ Adlean ရဲ့ ကလေးတွေကို ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတုန်းမှာ ကျွန်မငိုနေပေမဲ့ မျက်ရည်တွေကို အမြန်သုတ်ခဲ့လိုက်တယ် ။ ကလေးတွေအားလုံးက ဓာတ်ပုံရိုက်ဖို့ စိတ်လှုပ်ရှားနေကြပေမဲ့ သူတို့မိခင်ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး ဆိုတာကို သူတို့နားလည်းတဲ့တစ်နေ့ ဘယ်လိုခံစားရမလဲဆိုတာ စဥ်းစားကြည့်ရုံနဲ့ ဝမ်းနည်းစရာပါ ” လို့ ဓာတ်ပုံဆရာ Zara က ဆိုခဲ့ပါတယ် ။ Adlean ကလည်း ငြိမ်းချမ်းတဲ့နေရာမှာ နားနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ဆုံးသွားတဲ့ မိခင်တစ်ဦးက မိသားစုနဲ့အတူ ဓာတ်ပုံရိုက်ချင်ခဲ့တဲ့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ ဓာတ်ပုံဆရာ"

Leave a comment

Your email address will not be published.


*