အလုပ်အကိုင်အပြီးမှာ ကျွဲကြီးကို ဦးဆောင်လမ်းပြပြီး အိမ်ခေါ်ပြန်ခဲ့တဲ့ ခွေးတစ်ကောင်



JRose (Mckzone Daily)

Source : gtgoodtimes

Unicode

ယခုဖော်ပြပေးမဲ့ Labrador အမည်ရှိ ဒီခွေးတစ်ကောင်ဟာ သူ့ကျွဲသူငယ်ချင်းကို စောင့်ကြည့်ရန် နဲ့ လယ်ပြင်မှာ သူတို့အလုပ်အကိုင်ပြီးသွားတဲ့နောက် ကျွဲကိုအိမ်ပြန်ရန် ဦးဆောင်လမ်းပြနေတာကို တွေ့မြင်ရပါတယ် ။ သူ့နောက်မှာလှည်းကိုဆွဲနေတဲ့ကျွဲက မြက်ခင်းပြင်ပေါ်မှာ ကျက်စားဖို့ လမ်းဘေးကို အာရုံပြန့်နှံ့ပြီး မကြာခဏရပ်တန့်သွားတဲ့အချိန်မှာ ခွေးတစ်ကောင်က အရမ်းကြီးမမှောင်မိုက်ခင် အိမ်ပြန်ရောက်နိုင်ရန် ကျွဲကြီးကို အတင်းဆွဲနေခဲ့ပါတယ် ။ နောက်ဆုံးမှာ ကျွဲဟာ ဗိုက်ဆာနေပေမဲ့ မစားတော့ဘဲ စွန့်လွှတ်ပြီး ခွေးတစ်ကောင် လမ်းပြတဲ့အတိုင်း နောက်ကနေလိုက်ပြန်သွားခဲ့ပါတယ် ။ ကျွဲက နောက်ဆုံးမှာတော့ သူ့နောက်လိုက်ပြန်ခဲ့တာကြောင့် ခွေးတစ်ကောင်က ကျေနပ်ရောင့်ရဲမှုရှိပုံရပါတယ် ။

ခွေးပိုင်ရှင်က သူ့ရဲ့ Labrador ခွေးလေးကို ၎င်းတို့လိုပြုလုပ်ဖို့ သင်ကြားပေးခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ် ။ ဒီလိမ္မာပါးနပ်တဲ့ခွေးဟာ သခင်ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး အဲဒီကနေ သင်ယူခဲ့တာဖြစ်နိုင်ပါတယ် ။ အဲ့ဒီအချိန်ကစပြီးပိုင်ရှင်က ကျွဲကြီးကိုထိန်းကျောင်းဖို့ ခွေးကိုတာဝန်ပေးခဲ့ပါတော့တယ် ။

JRose (Mckzone Daily)

Be the first to comment on "အလုပ်အကိုင်အပြီးမှာ ကျွဲကြီးကို ဦးဆောင်လမ်းပြပြီး အိမ်ခေါ်ပြန်ခဲ့တဲ့ ခွေးတစ်ကောင်"

Leave a comment

Your email address will not be published.


*