ကြောင်သားကိုစားသောက်ကြတဲ့အပြင် အမွှေးတွေကို အသုံးအဆောင်ပစ္စည်းတွေမှာ အသုံးပြုခဲ့ကြတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံကလူအချို့ဟာ အစားအသောက်တွေအတွက် အတော်လေးကိုလက်ရဲလွန်းကြပြီး အရသာအတွက်သာအထူးအလေးပေးကြသူတွေ အတော်လေးများလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း သားမွေးတိရစ္ဆာန်တွေကိုအထူးအလေးပေးပြီး ကာကွယ်စောင့်ရှောက်ပေးနေတဲ့ Anti-Fur ဆိုတဲ့အဖွဲ့အစည်းက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြပေးခဲ့တဲ့အရာတွေဟာ အတော်လေးကိုမကြည့်ရက်စရာပါပဲ ။

ကြောင်လေးတွေကို တကယ့်ထုတ်ကုန်တစ်ခုလို အသုံးပြုနေကြတာပါ ။ အိမ်၌မွေးမြူထားတဲ့ကြောင်တွေ ဒါမှမဟုတ် လမ်းဘေးကြောင်တွေကိုဖမ်းယူပြီး အစားအသောက်တွေအတွက်ရောင်းချကြတဲ့အပြင် အချို့ဆိုလျှင်ကြောင်သားတွေကို နေ့စဉ်စားသောက်ကြတဲ့အဆင့်ထိပါပဲ ။ ကြောင်လေးတွေကို သားသတ်သမားတွေဆီ ရောင်းချကြပြီးနောက် ၊ ကြောင်လေးတွေရဲ့အရေပြား နှင့် အမွေးတွေကို ရရှိဖို့အတွက် အရှင်လတ်လတ်ရေနွေးပူနဲ့ပြုတ်ပြီး သတ်ဖြတ်လေ့ရှိကြပါတယ် ။ ရရှိလာသော သားမွေးများကို လူ့အသုံးအဆောင်များဖြစ်ကြတဲ့ ဖိနပ် ၊ လက်အိတ် ၊ ပိုက်ဆံအိတ်များနှင့် အခြားအသုံးအဆောင်ပစ္စည်းတွေမှာ အလှဆင်ပစ္စည်းအနေနဲ့ အသုံးပြုကြပါတယ် ။

ထို့အပြင် အိမ်မွေးတိရစ္ဆာန်တွေရဲ့သားမွေးတွေနဲ့ ပြုလုပ်ထားတဲ့အသုံးအဆောင်ပစ္စည်းများကို Europe, USA စတဲ့နိုင်ငံတွေကို အဓိကတရားမဝင်တင်ပို့ရောင်းချလေ့ရှိပြီး အဆိုပါနိုင်ငံရှိတာဝန်ရှိသူများကလည်း မယ်မယ်ရရ စစ်ဆေးအရေးယူပေးခြင်းမျိုးမရှိပါဘူး ။ ကြောင်းလေးတွေကို ကာကွယ်ပေးနိုင်ဖို့ Anti-Fur အဖွဲ့အစည်မှ အလှူငွေကောက်ခံပေးခြင်းမျိုးပြုလုပ်ပြီး ရရှိလာသောငွေကြေးများကို တရုတ်နိုင်ငံရှိကြောင်လေးများကို ကယ်ဆယ်ပေးနိုင်ဖို့ အဓိကထားပြီး အသုံးပြုပေးလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကြောင်သားကိုစားသောက်ကြတဲ့အပြင် အမွှေးတွေကို အသုံးအဆောင်ပစ္စည်းတွေမှာ အသုံးပြုခဲ့ကြတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*