မ်က္မျမင္ေခြးကေလးကို အျမဲကူညီေပးၿပီး ေနာက္ဆံုးထြက္သက္အထိ အတူ႐ွိေပးခဲ့တဲ့ ဘဲေလး

ေခြးေလးေတြက ဘဲေလးေတြနဲ႔ သူငယ္ခ်င္းေတြျဖစ္ၾကတယ္ဆိုတဲ့အျဖစ္က အေတာ္ေလးကို႐ွားပါးပါတယ္ ။ ဒီတစ္ေခါက္မွာလည္း သခင္ေတြမ႐ွိၾကတဲ့ ဘဲေလး နဲ႔ ေခြးေလးတို႔ႏွစ္ေကာင္ဟာ အခ်င္းခ်င္းမွီခိုၿပီး လမ္းမႀကီးေဘးမွာ ရုန္းကန္႐ွင္သန္ေနထိုင္ေနရတာပါ ။ ေန႔ခင္ဖက္ဆို ႏွစ္ေကာင္အတူ အစာ႐ွာထြက္ၾကၿပီး ၊ ညဖက္ဆို အိပ္ဖို႔အတြက္ အမိုးအကာ႐ွိတဲ့ေနရာမ်ိဳး ႐ွာၾကရပါတယ္ ။ ပိုဆိုးတာကေတာ့ ေခြးေလးဟာ မ်က္မျမင္ျဖစ္ေနတာပါပဲ ။ သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ ဘဲေလးက ေခြးေလးရဲ႕အနားအျမဲအတူ႐ွိေပးကာ ၊ ေစာင့္ေ႐ွာက္ေပးေနခဲ့လို႔ ေခြးေလးအတြက္ အသက္ဆက္ႏိုင္ခဲ့တဲ့ မွီခိုအားထားရာ သူငယ္ခ်င္းေကာင္းျဖစ္ေနေပးခဲ့ပါတယ္ ။ ေခြးေလး အစာစားေနတဲ့အခ်ိန္မွာလည္း မ်က္မျမင္ျဖစ္ေနလို႔ ဘဲေလးက ေဘးကေန အျမဲဂ႐ုတစိုက္ ကူညီေပးေနခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း တစ္ရက္မွာေတာ့ လမ္းေပၚေဆာ့ကစားေနၾကတဲ့ ကေလးဆိုးတစ္ခ်ိဳ႕ေၾကာင့္ ဘဲေလးဟာ အမႈိက္ပံုေဘးမွာ အသက္ထြက္သြားခဲ့ပါတယ္ ။ ေခြးေလးကေတာ့ ဘဲေလးရဲ႕အနားမွာ လံုးဝမေရြ႔တမ္းအတူ႐ွိေနေပးခဲ့ပါတယ္ ။ မ်က္မျမင္ေခြးေလးဟာ ကူကယ္ရာမဲ့တဲ့အေျခအေနမ်ိဳးေရာက္သြားခဲ့ပါတယ္ ။

ဒါေၾကာင့္ စိတ္ေကာင္းေစတနာ႐ွိသူတစ္ဦးက ေခြးေလးကိုဆက္ၿပီး ေကြၽးေမြးေစာင့္ေ႐ွာက္ဖို႔ ေနအိမ္သို႔ ေခၚေဆာင္သြားခဲ့ပါတယ္ ။ ေခြးေလးဟာ မွီခိုႏိုင္တဲ့သခင္မ်ိဳးရ႐ွိသြားခဲ့ၿပီး ဘဝသစ္ျပန္စႏိုင္ခဲ့ေပမဲ့ သူငယ္ခ်င္းေကာင္းဘဲေလးကိုေတာ့ လံုးဝေမ့လို႔မရမွာ မုခ်ပါပဲေလ ။

Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

ခွေးလေးတွေက ဘဲလေးတွေနဲ့ သူငယ်ချင်းတွေဖြစ်ကြတယ်ဆိုတဲ့အဖြစ်က အတော်လေးကိုရှားပါးပါတယ် ။ ဒီတစ်ခေါက်မှာလည်း သခင်တွေမရှိကြတဲ့ ဘဲလေး နဲ့ ခွေးလေးတို့နှစ်ကောင်ဟာ အချင်းချင်းမှီခိုပြီး လမ်းမကြီးဘေးမှာ ရုန်းကန်ရှင်သန်နေထိုင်နေရတာပါ ။ နေ့ခင်ဖက်ဆို နှစ်ကောင်အတူ အစာရှာထွက်ကြပြီး ၊ ညဖက်ဆို အိပ်ဖို့အတွက် အမိုးအကာရှိတဲ့နေရာမျိုး ရှာကြရပါတယ် ။ ပိုဆိုးတာကတော့ ခွေးလေးဟာ မျက်မမြင်ဖြစ်နေတာပါပဲ ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ ဘဲလေးက ခွေးလေးရဲ့အနားအမြဲအတူရှိပေးကာ ၊ စောင့်ရှောက်ပေးနေခဲ့လို့ ခွေးလေးအတွက် အသက်ဆက်နိုင်ခဲ့တဲ့ မှီခိုအားထားရာ သူငယ်ချင်းကောင်းဖြစ်နေပေးခဲ့ပါတယ် ။ ခွေးလေး အစာစားနေတဲ့အချိန်မှာလည်း မျက်မမြင်ဖြစ်နေလို့ ဘဲလေးက ဘေးကနေ အမြဲဂရုတစိုက် ကူညီပေးနေခဲ့ပါတယ် ။

သို့ပေမဲ့လည်း တစ်ရက်မှာတော့ လမ်းပေါ်ဆော့ကစားနေကြတဲ့ ကလေးဆိုးတစ်ချို့ကြောင့် ဘဲလေးဟာ အမှိုက်ပုံဘေးမှာ အသက်ထွက်သွားခဲ့ပါတယ် ။ ခွေးလေးကတော့ ဘဲလေးရဲ့အနားမှာ လုံးဝမရွေ့တမ်းအတူရှိနေပေးခဲ့ပါတယ် ။ မျက်မမြင်ခွေးလေးဟာ ကူကယ်ရာမဲ့တဲ့အခြေအနေမျိုးရောက်သွားခဲ့ပါတယ် ။

ဒါကြောင့် စိတ်ကောင်းစေတနာရှိသူတစ်ဦးက ခွေးလေးကိုဆက်ပြီး ကျွေးမွေးစောင့်ရှောက်ဖို့ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပါတယ် ။ ခွေးလေးဟာ မှီခိုနိုင်တဲ့သခင်မျိုးရရှိသွားခဲ့ပြီး ဘဝသစ်ပြန်စနိုင်ခဲ့ပေမဲ့ သူငယ်ချင်းကောင်းဘဲလေးကိုတော့ လုံးဝမေ့လို့မရမှာ မုချပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "မ်က္မျမင္ေခြးကေလးကို အျမဲကူညီေပးၿပီး ေနာက္ဆံုးထြက္သက္အထိ အတူ႐ွိေပးခဲ့တဲ့ ဘဲေလး"

Leave a comment

Your email address will not be published.


*