ေရနစ္ေနတဲ့သူငယ္ခ်င္းကို ကူကယ္ရမဲ့အစား video ေတြသာ႐ိုက္ကူးေနၾကတဲ့ သူငယ္ခ်င္းအုပ္စု

ဒီအျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ November 15 ရက္ေန႔ကျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး Jaffer Ayub အမည္႐ွိတဲ့ အသက္ 19ႏွစ္အရြယ္ေကာင္ေလး ႏွင့္ သူ၏ သူငယ္ခ်င္းႏွစ္ေယာက္တို႔မွာ အိႏၷိယႏိုင္ငံ ၊ Karnataka ျပည္နယ္မွာ႐ွိတဲ့ ျမစ္ေခ်ာင္းမွာ ေရးကူးခဲ့ၾကတာျဖစ္ပါတယ္ ။ အစပိုင္းမွာေတာ့ Ayub ဟာ ေရရဲ႕အတိမ္အနက္ကို မေလ့လာပဲ ယံုၾကည္ခ်က္႐ွိ႐ွိ ျမစ္ကမ္းပါးကေနဒိုင္ပင္ထိုးခ်ၿပီးေနာက္ မီတာအနည္းငယ္ခန္႔ေရကူးခဲ့ပါေသးတယ္ ။

သို႔ေပမဲ့လည္း ျမစ္ကမ္းပါးစီသို႔ျပန္ကူးလာခဲ့တဲ့အခ်ိန္မွာေတာ့ Ayub ဟာအလြန္ေမာပန္းေနခဲ့ၿပီး ကမ္းပါးေပၚျပန္တက္ဖို႔အားအင္လံုးဝမ႐ွိေတာ့တဲ့အထိပါပဲ ။ အသက္႐ႈႏိုင္ဖို႔အတြက္ အေတာ္ေလးကို႐ုုန္းကန္ေနခဲ့ရၿပီး ကမ္းစပ္မွာရပ္ၾကည့္ေနခဲ့တဲ့ သူငယ္ခ်င္းမွာလည္း ခဏတစ္ျဖဳတ္သာ လက္လွမ္းေပးၿပီးေနာက္ ကမ္းေပၚအထိျပန္မဆြဲတင္ပဲ ဒီအတိုင္းသာျပန္ရပ္ၾကည့္ေနခဲ့ပါတယ္ ။

ထို႔အျပင္ အျဖစ္အပ်က္တစ္ခုလံုးကို video ႐ိုက္ကူးေနခဲ့တဲ့ သူငယ္ခ်င္းမွာေတာ့ လံုးဝကိုလက္လွမ္းၿပီးကူညီေပျခင္းမ်ိဳးမ႐ွိခဲ့ပါဘူး ။ ေနာက္ဆံုး Ayub ဟာ ေရမ်က္ႏွာျပင္ကေနေပ်ာက္ကြယ္သြားၿပီး ေရေအာက္သို႔ႏွစ္ျမဳပ္သြားခဲ့ခ်ိန္မွ သူငယ္ခ်င္းျဖစ္သူေတြဟာ အေျခအေနကိုသေဘာေပါက္ၿပီး Ayub ကိုေရထဲကေန ကူဆယ္ေပးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိန္လြန္သြားခဲ့ပါၿပီ ၊ Ayub ဟာလည္း အသက္မ႐ွိေတာ့ပါဘူး ။ ယခုခ်ိန္မွာေတာ့ အဆိုပါအျဖစ္အပ်က္ကို ရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးေနၿပီး ၊ ကိုယ့္မ်က္စိေ႐ွ႕မွာ သူငယ္ခ်င္းျဖစ္သူ ေရနစ္ေနမွန္းသိလ်က္နဲ႔ ကူညီကယ္ဆယ္ေပးဖို႔ အေတာ္ေလးကိုတြန္႔ဆုတ္ေနၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္လံုးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ November 15 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး Jaffer Ayub အမည်ရှိတဲ့ အသက် 19နှစ်အရွယ်ကောင်လေး နှင့် သူ၏ သူငယ်ချင်းနှစ်ယောက်တို့မှာ အိန္နိယနိုင်ငံ ၊ Karnataka ပြည်နယ်မှာရှိတဲ့ မြစ်ချောင်းမှာ ရေးကူးခဲ့ကြတာဖြစ်ပါတယ် ။ အစပိုင်းမှာတော့ Ayub ဟာ ရေရဲ့အတိမ်အနက်ကို မလေ့လာပဲ ယုံကြည်ချက်ရှိရှိ မြစ်ကမ်းပါးကနေဒိုင်ပင်ထိုးချပြီးနောက် မီတာအနည်းငယ်ခန့်ရေကူးခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း မြစ်ကမ်းပါးစီသို့ပြန်ကူးလာခဲ့တဲ့အချိန်မှာတော့ Ayub ဟာအလွန်မောပန်းနေခဲ့ပြီး ကမ်းပါးပေါ်ပြန်တက်ဖို့အားအင်လုံးဝမရှိတော့တဲ့အထိပါပဲ ။ အသက်ရှုနိုင်ဖို့အတွက် အတော်လေးကိုရုန်းကန်နေခဲ့ရပြီး ကမ်းစပ်မှာရပ်ကြည့်နေခဲ့တဲ့ သူငယ်ချင်းမှာလည်း ခဏတစ်ဖြုတ်သာ လက်လှမ်းပေးပြီးနောက် ကမ်းပေါ်အထိပြန်မဆွဲတင်ပဲ ဒီအတိုင်းသာပြန်ရပ်ကြည့်နေခဲ့ပါတယ် ။

ထို့အပြင် အဖြစ်အပျက်တစ်ခုလုံးကို video ရိုက်ကူးနေခဲ့တဲ့ သူငယ်ချင်းမှာတော့ လုံးဝကိုလက်လှမ်းပြီးကူညီပေခြင်းမျိုးမရှိခဲ့ပါဘူး ။ နောက်ဆုံး Ayub ဟာ ရေမျက်နှာပြင်ကနေပျောက်ကွယ်သွားပြီး ရေအောက်သို့နှစ်မြုပ်သွားခဲ့ချိန်မှ သူငယ်ချင်းဖြစ်သူတွေဟာ အခြေအနေကိုသဘောပေါက်ပြီး Ayub ကိုရေထဲကနေ ကူဆယ်ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း အချိန်လွန်သွားခဲ့ပါပြီ ၊ Ayub ဟာလည်း အသက်မရှိတော့ပါဘူး ။ ယခုချိန်မှာတော့ အဆိုပါအဖြစ်အပျက်ကို ရဲအရာရှိများက စုံစမ်းစစ်ဆေးနေပြီး ၊ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းဖြစ်သူ ရေနစ်နေမှန်းသိလျက်နဲ့ ကူညီကယ်ဆယ်ပေးဖို့ အတော်လေးကိုတွန့်ဆုတ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်လုံးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေရနစ္ေနတဲ့သူငယ္ခ်င္းကို ကူကယ္ရမဲ့အစား video ေတြသာ႐ိုက္ကူးေနၾကတဲ့ သူငယ္ခ်င္းအုပ္စု"

Leave a comment

Your email address will not be published.


*