ႏိုင္ငံျခားထြက္ၿပီး အလုပ္လုပ္ကိုင္ခဲ့ၿပီးေနာက္ ၊ အိမ္ျပန္ေရာက္ခဲ့ခ်ိန္ ထရံအိမ္ကေန တိုက္အိမ္ေလးျဖစ္ေနၿပီမို႔ ေပ်ာ္ရႊင္လြန္းလို႔ ငိုေႂကြးခဲ့တဲ့အမ်ိဳးသမီး (႐ုပ္သံ)

Saudi Arabia မွာ 5 ႏွစ္ေလာက္သြားၿပီး အလုပ္လုပ္ကိုင္ခဲ့ရၿပီးေနာက္ ေနအိမ္သို႔ျပန္ေရာက္လာခဲ့ခ်ိန္ စိတ္ခံစားမႈေတြဟာ ေရာေထြးေနမွာပါ ။ မိသားစုအတြက္ဆိုတဲ့စိတ္နဲ႔ ႏိုင္ငံျခားထြက္ၿပီး အလုပ္လုပ္ကိုင္ခဲ့တဲ့ Ronalyn အမည္႐ွိတဲ့ အမ်ိဳးသမီးရဲ႕အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ တဲထရံအိမ္ေလးမွာ ခက္ခဲပင္ပန္းစြာေနထိုင္ၿပီးေနာက္ Ronalyn ရဲ႕ခင္ပြန္းဟာ Qatar သို႔သြားၿပီး အလုပ္သြားေရာက္႐ွာေဖြလုပ္ကိုင္ခဲ့ပါတယ္ ။သို႔ေပမဲ့လည္း ခင္ပြန္းရဲ႕လစာဟာ မိသားစုကို လံုလံုေလာက္ေလာက္ မေထာက္ပံ့ႏိုင္လို႔ Ronalyn ကိုယ္တိုင္ Saudi Arabia သို႔ သြားၿပီး အလုပ္႐ွာဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္ ။

အခက္အခဲမ်ားစြာနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ၿပီး ဝင္ေငြလစာနဲတဲ့အလုပ္မ်ိဳး လုပ္ကိုင္ရေပမဲ့လည္း Ronalyn ဟာ လက္မေလ်ာ့ဘဲ ေခြၽတာစုေဆာင္းကာ ေနအိမ္သို႔ အျမဲေငြပို႔ေပးခဲ့ပါတယ္ ။ အိမ္မွာ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ေတြကလည္း အဆိုပါေငြေတြနဲ႔ တေျဖးေျဖးခ်င္း တိုက္အိမ္ေလးကို အစျပဳတည္ေဆာက္ေပးခဲ့ၾကပါတယ္ ။ ေနာက္ဆံုးႀကီးမားတဲ့ ႏွစ္ထပ္တိုက္ခြဲ အိမ္တစ္လံုး ၿပီးဆံုးေတာ့မဲ့အထိ တည္ေဆာက္ႏိုင္ခဲ့ပါတယ္ ။

Ronalyn ကလည္း သူမရဲ႕လုပ္ငန္းေနရာမွာ အလုပ္သမားတစ္ေယာက္လိုလို႔ ေနာက္ဆံုး ခင္ပြန္းျဖစ္သူကို သူမ႐ွိရာေနရာသို႔ ေခၚႏိုင္ခဲ့ၿပီး ၊ ႏွစ္ေယာက္အတူ အလုပ္ႀကိဳးစားကာ သူမတို႔ရဲ႕ အိမ္မက္ျဖစ္တဲ့ တိုက္အိမ္တစ္လံုးကို ႀကိဳးစားတည္ေဆာက္ခဲ့ၾကပါတယ္ ။ ႀကိဳးစား႐ုန္ကန္ၿပီး 5 ႏွစ္အၾကာမွာေတာ့ မိသားစုနဲ႔ ျပန္ဆံုစည္းႏိုင္ၿပီး ေနအိမ္ေလးကိုပါ ေတြ႔လိုက္ရလို႔ အေပ်ာ္ႀကီးေပ်ာ္ကာ ငိုေႂကြးေနခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source : ofwtambayan

Unicode

Saudi Arabia မှာ 5 နှစ်လောက်သွားပြီး အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် နေအိမ်သို့ပြန်ရောက်လာခဲ့ချိန် စိတ်ခံစားမှုတွေဟာ ရောထွေးနေမှာပါ ။ မိသားစုအတွက်ဆိုတဲ့စိတ်နဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်ခဲ့တဲ့ Ronalyn အမည်ရှိတဲ့ အမျိုးသမီးရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ တဲထရံအိမ်လေးမှာ ခက်ခဲပင်ပန်းစွာနေထိုင်ပြီးနောက် Ronalyn ရဲ့ခင်ပွန်းဟာ Qatar သို့သွားပြီး အလုပ်သွားရောက်ရှာဖွေလုပ်ကိုင်ခဲ့ပါတယ် ။သို့ပေမဲ့လည်း ခင်ပွန်းရဲ့လစာဟာ မိသားစုကို လုံလုံလောက်လောက် မထောက်ပံ့နိုင်လို့ Ronalyn ကိုယ်တိုင် Saudi Arabia သို့ သွားပြီး အလုပ်ရှာဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။

အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ပြီး ဝင်ငွေလစာနဲတဲ့အလုပ်မျိုး လုပ်ကိုင်ရပေမဲ့လည်း Ronalyn ဟာ လက်မလျော့ဘဲ ချွေတာစုဆောင်းကာ နေအိမ်သို့ အမြဲငွေပို့ပေးခဲ့ပါတယ် ။ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကလည်း အဆိုပါငွေတွေနဲ့ တဖြေးဖြေးချင်း တိုက်အိမ်လေးကို အစပြုတည်ဆောက်ပေးခဲ့ကြပါတယ် ။ နောက်ဆုံးကြီးမားတဲ့ နှစ်ထပ်တိုက်ခွဲ အိမ်တစ်လုံး ပြီးဆုံးတော့မဲ့အထိ တည်ဆောက်နိုင်ခဲ့ပါတယ် ။

Ronalyn ကလည်း သူမရဲ့လုပ်ငန်းနေရာမှာ အလုပ်သမားတစ်ယောက်လိုလို့ နောက်ဆုံး ခင်ပွန်းဖြစ်သူကို သူမရှိရာနေရာသို့ ခေါ်နိုင်ခဲ့ပြီး ၊ နှစ်ယောက်အတူ အလုပ်ကြိုးစားကာ သူမတို့ရဲ့ အိမ်မက်ဖြစ်တဲ့ တိုက်အိမ်တစ်လုံးကို ကြိုးစားတည်ဆောက်ခဲ့ကြပါတယ် ။ ကြိုးစားရုန်ကန်ပြီး 5 နှစ်အကြာမှာတော့ မိသားစုနဲ့ ပြန်ဆုံစည်းနိုင်ပြီး နေအိမ်လေးကိုပါ တွေ့လိုက်ရလို့ အပျော်ကြီးပျော်ကာ ငိုကြွေးနေခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ႏိုင္ငံျခားထြက္ၿပီး အလုပ္လုပ္ကိုင္ခဲ့ၿပီးေနာက္ ၊ အိမ္ျပန္ေရာက္ခဲ့ခ်ိန္ ထရံအိမ္ကေန တိုက္အိမ္ေလးျဖစ္ေနၿပီမို႔ ေပ်ာ္ရႊင္လြန္းလို႔ ငိုေႂကြးခဲ့တဲ့အမ်ိဳးသမီး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*