႐ိုင္ဖယ္ေသနတ္ တစ္လက္နဲ႔ေရႊဆိုင္ေတြမွာလိုက္ၿပီး ဓားျပတိုက္လုယက္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ Video ထဲမွာ ေဖာ္ျပထားတဲ့အတိုင္း ဆိုင္ကယ္ဦးထုပ္အျဖဴေရာင္ေဆာင္းထားၿပီး ႐ွပ္အက်ႌအျဖဴေရာင္နဲ႔ အမ်ိဳးသားဟာ ေရႊဆိုင္ထဲသို႔ ေအးေအးလူလူဝင္ေရာက္လာခဲ့ပါတယ္ ။ ထို႔ေနာက္ သူႏွင့္အတူပါလာခဲ့ေသာ အိတ္အျဖဴေရာင္ထဲမွ ပစၥည္းတစ္ခုခုထုတ္ေနဟန္ျဖင့္ ေရႊဆိုင္ေကာင္တာေ႐ွ႕မွာထိုင္လ်က္အေနျဖင့္ ျပဳလုပ္ေနခဲ့လို႔ ဆိုင္႐ွင္ေတြကလည္း အေတာ္ေလးကိုသတိမမူမိခဲ့ၾကပါဘူး ။ ထို႔ေနာက္ အိတ္ထဲမွ ႐ိုင္ဖယ္ေသနတ္ႀကီးကို ထုတ္လိုက္ခ်ိန္မွာမွ ဆိုင္မွာ႐ွိတဲ့ မိန္းကေလးေတြဟာ အသက္လုၿပီးေျပးခဲ့ၾကၿပီးေနာက္ အကာအကြယ္ယူကာ ပုန္းေအာင္းေနခဲ့ၾကပါတယ္ ။

မၾကာခင္မွဘဲ အခ်က္ေပးတဲ့ခလုတ္ျမည္သံဟာ ဆိုင္အျပင္ဖက္အထိ အေတာ္ေလးဆူညံစြာေအာ္ျမည္ခဲ့ေပမဲ့ အဆိုပါအမ်ိဳးသားဟာဂ႐ုမစိုက္ဘဲ ပုဆိန္ကိုဆြဲထုတ္ၿပီး ေရႊထည္ပစၥည္မ်ားထည့္ထားတဲ့ မွန္ေကာင္တာကို အားရပါးရ႐ိုက္ခြဲၿပီး ေရႊထည္မ်ားကိုထုတ္ယူၿပီး အိတ္ထဲသို႔ထည့္ခဲ့ပါတယ္ ။ အားလံုးထုတ္ပိုးၿပီးတဲ့ အခ်ိန္မွာမွ ေရႊဆိုင္ထဲကေန ထြက္ေျပးတိမ္းေ႐ွာင္းသြားခဲ့တာျဖစ္ပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ဟာ မေလး႐ွားႏိုင္ငံ ၊ Alor Setar ၿမိဳ႕႐ွိ Mydin ေစ်းဝယ္စင္တာမွာ႐ွိတဲ့ ေရႊဆိုင္မွာျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။

၎အမ်ိဳးသားဟာ အဆိုပါေန႔က ေရႊဆိုင္တစ္ဆိုင္ထဲကိုသာ ဝင္ေရာက္လုယက္ခဲ့တာမ်ိဳးမဟုတ္ဘဲ အေစာပိုင္းက Arau ၿမိဳ႕မွာ႐ွိတဲ့ ေရႊဆိုင္တစ္ဆိုင္ကိုလည္း ဝင္ေရာက္လုယက္ခဲ့ပါေသးတယ္ ။ အဆိုပါအမ်ိဳးသားဟာ သူလုပ္ေဆာင္ေနၾကပံုစံအတိုင္း လုယက္မႈျပဳလုပ္ခဲ့ေပမဲ့လည္း ဆိုင္၏မွန္ေကာင္တာမွာ အလြန္မာေက်ာလြန္းခဲ့တဲ့အတြက္ မခြဲႏိုင္ဘဲ ဘာပစၥည္းမွ မယူလိုက္ႏိုင္ဘဲ ဆိုင္အျပင္ဖက္သို႔အလ်င္အျမန္ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ပါတယ္ ။ အဆိုပါ Video ကိုေတာ့ Facebook စာမ်က္ႏွာတစ္ခုက ေဖာ္ျပထားေပးၿပီး ၊ ျပည္သူမ်ားကေတာ့ အဆိုပါအေၾကာက္အလန္႔မ႐ွိ လက္ရဲလြန္တဲ့ဓားျပကို ရဲအရာရွိမ်ားမၾကာခင္အလ်င္အျမန္ဖမ္းမိႏိုင္ဖို႔ ေမ်ွာ္လင့္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆိုင်ကယ်ဦးထုပ်အဖြူရောင်ဆောင်းထားပြီး ရှပ်အင်္ကျီအဖြူရောင်နဲ့ အမျိုးသားဟာ ရွှေဆိုင်ထဲသို့ အေးအေးလူလူဝင်ရောက်လာခဲ့ပါတယ် ။ ထို့နောက် သူနှင့်အတူပါလာခဲ့သော အိတ်အဖြူရောင်ထဲမှ ပစ္စည်းတစ်ခုခုထုတ်နေဟန်ဖြင့် ရွှေဆိုင်ကောင်တာရှေ့မှာထိုင်လျက်အနေဖြင့် ပြုလုပ်နေခဲ့လို့ ဆိုင်ရှင်တွေကလည်း အတော်လေးကိုသတိမမူမိခဲ့ကြပါဘူး ။ ထို့နောက် အိတ်ထဲမှ ရိုင်ဖယ်သေနတ်ကြီးကို ထုတ်လိုက်ချိန်မှာမှ ဆိုင်မှာရှိတဲ့ မိန်းကလေးတွေဟာ အသက်လုပြီးပြေးခဲ့ကြပြီးနောက် အကာအကွယ်ယူကာ ပုန်းအောင်းနေခဲ့ကြပါတယ် ။

မကြာခင်မှဘဲ အချက်ပေးတဲ့ခလုတ်မြည်သံဟာ ဆိုင်အပြင်ဖက်အထိ အတော်လေးဆူညံစွာအော်မြည်ခဲ့ပေမဲ့ အဆိုပါအမျိုးသားဟာဂရုမစိုက်ဘဲ ပုဆိန်ကိုဆွဲထုတ်ပြီး ရွှေထည်ပစ္စည်များထည့်ထားတဲ့ မှန်ကောင်တာကို အားရပါးရရိုက်ခွဲပြီး ရွှေထည်များကိုထုတ်ယူပြီး အိတ်ထဲသို့ထည့်ခဲ့ပါတယ် ။ အားလုံးထုတ်ပိုးပြီးတဲ့ အချိန်မှာမှ ရွှေဆိုင်ထဲကနေ ထွက်ပြေးတိမ်းရှောင်းသွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါ အဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ ၊ Alor Setar မြို့ရှိ Mydin ဈေးဝယ်စင်တာမှာရှိတဲ့ ရွှေဆိုင်မှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။

၎င်းအမျိုးသားဟာ အဆိုပါနေ့က ရွှေဆိုင်တစ်ဆိုင်ထဲကိုသာ ဝင်ရောက်လုယက်ခဲ့တာမျိုးမဟုတ်ဘဲ အစောပိုင်းက Arau မြို့မှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကိုလည်း ဝင်ရောက်လုယက်ခဲ့ပါသေးတယ် ။ အဆိုပါအမျိုးသားဟာ သူလုပ်ဆောင်နေကြပုံစံအတိုင်း လုယက်မှုပြုလုပ်ခဲ့ပေမဲ့လည်း ဆိုင်၏မှန်ကောင်တာမှာ အလွန်မာကျောလွန်းခဲ့တဲ့အတွက် မခွဲနိုင်ဘဲ ဘာပစ္စည်းမှ မယူလိုက်နိုင်ဘဲ ဆိုင်အပြင်ဖက်သို့အလျင်အမြန်ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ် ။ အဆိုပါ Video ကိုတော့ Facebook စာမျက်နှာတစ်ခုက ဖော်ပြထားပေးပြီး ၊ ပြည်သူများကတော့ အဆိုပါအကြောက်အလန့်မရှိ လက်ရဲလွန်တဲ့ဓားပြကို ရဲအရာရှိများမကြာခင်အလျင်အမြန်ဖမ်းမိနိုင်ဖို့ မျှော်လင့်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "႐ိုင္ဖယ္ေသနတ္ တစ္လက္နဲ႔ေရႊဆိုင္ေတြမွာလိုက္ၿပီး ဓားျပတိုက္လုယက္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*