မေမ်ွာ္လင့္ဘဲ ေဂၚရီလာေမ်ာက္ဝံအုပ္စုနဲ႔ ဆံုေတြ႔ခဲ့တာေၾကာင့္ လံုးဝကိုမလႈပ္မယက္ရဲေလာက္ေအာင္ အခက္ေတြ႔ေနခဲ့ရတဲ့ အမ်ိဳးသား (႐ုပ္သံ)

ေတာ႐ိုင္းတိရစာၦန္ေတြအေၾကာင္းေလ့လာလိုက္စားေနတဲ့ လူတစ္စုဟာ Bwindi National Park သို႔ အလည္သြားေရာက္ခဲ့ပါတယ္ ။ အဆ္ိုပါ Bwindi National Park ဟာ ေတာင္ေပၚကေဂၚရီလာေမ်ာက္ဝံႀကီးေတြ ေနထိုင္က်က္စားရာေနရာလည္းျဖစ္ၿပီး ၊ အႏၱရာယ္မ႐ွိတဲ့ ေမ်ာက္ဝံႀကီးေတြ အမ်ားအျပားေနထိုင္က်က္စားရာ ေနရာလည္းျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း ေမ်ာက္ဝံေတြနဲ႔ ေတြ႔ဆံုဖို႔ဟာ မလြယ္ကူလွပါဘူး ။ ဒီတစ္ေခါက္မွာေတာ့ ေတာ႐ိုင္းတိရစာၦန္ေလ့လာလိုက္စားေနတဲ့အဖြဲ႔က ကံေကာင္းေထာက္မစြာ ေမ်ာက္ဝံမိသားစုတစ္စုနဲ႔ ဆံုစည္းခြင့္ရခဲ့ပါတယ္ ။

Video ထဲမွာ ျမင္ေတြ႔ရတဲ့အတိုင္း ေမ်ာက္ဝံေတြနဲ႔ တိုက္႐ိုက္ဆံုေတြ႔ခဲ့ရင္ အၾကည့္ခ်င္းလံုးဝမဆံုေအာင္ အၾကည့္လြဲၾကရမွာပါ ။ ဒါ့အျပင္ သိသာျမင္သာတဲ့ လႈပ္႐ွားမႈမ်ိဳးမျပဳလုပ္ရပါဘူး ။ ဒါမွ သူတို႔က လူကိုအႏၱရာယ္မျပဳမွာ ျဖစ္ပါတယ္ ။ Video ထဲက အမ်ိဳးသားဟာ အဆိုပါအခ်က္ေတြေၾကာင့္ ေမ်ာက္ဝံေတြနဲ႔ အၾကည့္မဆံုေအာင္ အျမဲေခါင္းငံု႔ေနခဲ့တာပါ ။ အထူးသျဖင့္ ေမ်ာက္ဝံငယ္ေလးေတြဟာ ထူးထူးဆန္းဆန္းလူေတြ သူတို႔ေနထိုင္ရာေနရာသို႔ ေရာက္ရွိလာလို႔ အေတာ္ေလးစပ္စုေနၾကၿပီး လူေတြရဲ႕အနီးအနားကပ္ထိုင္ေနတာကို video မွာ ျမင္ေတြ႔ရမွာပါ ။ အခ်ိန္အေတာ္ၾကာ သူတို႔ေလးေတြစပ္စုၿပီးသြားတဲ့ေနာက္မွာေတာ့ ေမ်ာက္ဝံမိသားစုဟာ ေနရာကေန ထြက္ခြာသြားခဲ့ပါတယ္ ။

.

.

.

.

Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

တောရိုင်းတိရစ္ဆာန်တွေအကြောင်းလေ့လာလိုက်စားနေတဲ့ လူတစ်စုဟာ Bwindi National Park သို့ အလည်သွားရောက်ခဲ့ပါတယ် ။ အဆိုပါ Bwindi National Park ဟာ တောင်ပေါ်ကဂေါ်ရီလာမျောက်ဝံကြီးတွေ နေထိုင်ကျက်စားရာနေရာလည်းဖြစ်ပြီး ၊ အန္တရာယ်မရှိတဲ့ မျောက်ဝံကြီးတွေ အများအပြားနေထိုင်ကျက်စားရာ နေရာလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း မျောက်ဝံတွေနဲ့ တွေ့ဆုံဖို့ဟာ မလွယ်ကူလှပါဘူး ။ ဒီတစ်ခေါက်မှာတော့ တောရိုင်းတိရစ္ဆာန်လေ့လာလိုက်စားနေတဲ့အဖွဲ့က ကံကောင်းထောက်မစွာ မျောက်ဝံမိသားစုတစ်စုနဲ့ ဆုံစည်းခွင့်ရခဲ့ပါတယ် ။

Video ထဲမှာ မြင်တွေ့ရတဲ့အတိုင်း မျောက်ဝံတွေနဲ့ တိုက်ရိုက်ဆုံတွေ့ခဲ့ရင် အကြည့်ချင်းလုံးဝမဆုံအောင် အကြည့်လွဲကြရမှာပါ ။ ဒါ့အပြင် သိသာမြင်သာတဲ့ လှုပ်ရှားမှုမျိုးမပြုလုပ်ရပါဘူး ။ ဒါမှ သူတို့က လူကိုအန္တရာယ်မပြုမှာ ဖြစ်ပါတယ် ။ Video ထဲက အမျိုးသားဟာ အဆိုပါအချက်တွေကြောင့် မျောက်ဝံတွေနဲ့ အကြည့်မဆုံအောင် အမြဲခေါင်းငုံ့နေခဲ့တာပါ ။ အထူးသဖြင့် မျောက်ဝံငယ်လေးတွေဟာ ထူးထူးဆန်းဆန်းလူတွေ သူတို့နေထိုင်ရာနေရာသို့ ရောက်ရှိလာလို့ အတော်လေးစပ်စုနေကြပြီး လူတွေရဲ့အနီးအနားကပ်ထိုင်နေတာကို video မှာ မြင်တွေ့ရမှာပါ ။ အချိန်အတော်ကြာ သူတို့လေးတွေစပ်စုပြီးသွားတဲ့နောက်မှာတော့ မျောက်ဝံမိသားစုဟာ နေရာကနေ ထွက်ခွာသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မေမ်ွာ္လင့္ဘဲ ေဂၚရီလာေမ်ာက္ဝံအုပ္စုနဲ႔ ဆံုေတြ႔ခဲ့တာေၾကာင့္ လံုးဝကိုမလႈပ္မယက္ရဲေလာက္ေအာင္ အခက္ေတြ႔ေနခဲ့ရတဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*