သားဖြစ်သူရဲ့ မင်္ဂလာဆောင်စရိတ်အတွက် ကိုယ်တိုင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ပြီးအလုပ်လုပ်ကိုင်နေရတဲ့ မိခင်




Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

မိဘတွေက ကိုယ့်သားသမီးအတွက်ဆို အကောင်းဆုံးသောအရာတွေသာပေးချင်ကြပြီး ၊ မျက်နှာမငယ်အောင် ထားချင်ကြတာ မိဘတိုင်းရဲ့ဆန္ဒပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 47 နှစ်အရွယ် Xu Yaling အမည်ရှိတဲ့ ကလေး 3 ယောက်မိခင်ဟာ သားသမီးတွေကိုထောက်ပံ့ကျွေးမွေးနိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သံချောင်းတွေကို စတီးဝိုင်ယာကြိုးတွေနဲ့ ချည်နှောင်တဲ့အလုပ်မျိုးလုပ်ကိုင်နေရပြီး ၊ တစ်နေ့ကို စတီးသံကြိုးပေါင်း 4000 ခန့် ချည်နှောင်ရကြောင်း သိရပါတယ် ။ Xu ဟာ ယောင်္ကျားတွေနဲ့တန်းတူ Xingtai မြို့မှာရှိတဲ့ ဆောက်လုပ်ရေးနေရာတွေမှာ အလုပ် လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ် ။

သူမဟာ သားသမီး 3 ယောက်ရဲ့မိခင်ဖြစ်ပြီး ၊ သမီးအကြီးနှစ်ယောက်မှာတော့ အိမ်ထောင်ကျသွားခဲ့ပြီဖြစ်ပြီး သားအငယ်ဆုံးလေးမှာတော့ အသက် 19 နနှစ်အရွယ်ရှိနေပြီဖြစ်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေလျက်ရှိကြောင်း သိရပါတယ် ။ သူမရဲ့လုပ်အားခမှာ တစ်ရက်ကို US$27 ခန့်ရရှိကြောင်း သိရပါတယ် ။

သို့်ပေမဲ့လည်း ယခုအချိန်ကတည်းက သားဖြစ်သူရဲ့ မင်္ဂလာဆောင်စရိတ်အတွက်ကြိုတင်စုဆောင်းနေရတာက ၊ တစ်ချိန်ကျ သားဖြစ်သူနှစ်သက်သဘောကျတဲ့ မိန်းကလေးမျိုးနဲ့တွေ့ရင် တင်တောင်းစရိတ်အတွက် စိုးရိမ်ပူပန်ပြီး မျက်နှာငယ်နေရမှာ မဖြစ်လို၍ ယခုချိန်ကတည်က ကြိုတင်ပြင်ဆင်စုဆောင်းပေးနေတာဖြစ်ကြောင်း သိရပါတယ် ။ သူမဟာ နယ်ကနေမြို့ပေါ်တက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပြီး မိသားစုဝင် ၊ သားသမီးတွေနဲ့အဝေးမှာ အလုပ်ကြိုးစားနေတဲ့ အာဂမိခင်ကောင်းတစ်ဦး ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားဖြစ်သူရဲ့ မင်္ဂလာဆောင်စရိတ်အတွက် ကိုယ်တိုင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ပြီးအလုပ်လုပ်ကိုင်နေရတဲ့ မိခင်"

Leave a comment

Your email address will not be published.


*