လူတွေရဲ့အစားအစာ အနေနဲ့သယ်ဆောင်သွားခြင်းခံခဲ့ရတဲ့အပြင် ပင်လယ်ထဲမှာ ကူကယ်ရာမဲ့မျောပါနေခဲ့တဲ့ ခွေလေးရဲ့အဖြစ်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
တစ်ချို့သော သူတွေကတော့ ဒုက္ခရောက်နေတဲ့မည်သူကိုမဆို ကူညီကယ်တင်ပေချင်စိတ်ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Ben Mr Red အမည်ရှိတဲ့ Facebook အသုံးပြုသူတစ်ယောက်ဟာ ပင်လယ်နက်ထဲမှာ မျောပါနေပြီး ကူကယ်ရာမဲ့နေခဲ့တဲ့ ခွေးလေးကို မလေးရှားနိုင်ငံ ၊ Miri မြို့ဖက်နားမှာရှိတဲ ကမ်းလွန်ရေနံလုပ်သားတစ်စုက ကူညီကယ်တင်ပေးခဲ့ကြပုံကို ဝေမျှပေးခဲ့ပါတယ် ။
အလုပ်သမားများဟာ ခွေလေးကိုကယ်တင်ပေးခဲ့ကြတဲ့အပြင် ခွေလေးကိုသောက်ရေ ၊ အစားအစာ များပါကျွေးမွေးပြီး ပြုစုပေးခဲ့ကြပါတယ် ။ ကံကောင်းထောက်မစွာနဲ့ ခွေးလေးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိဘဲ စာနာသနားစိတ်ရှိလွန်းတဲ့သူတွေရဲ့ ကယ်ဆယ်ခြင်းကိုခံခဲ်ရတာပါ ။
ခွေးလေးပင်လယ်ထဲသို့ မျောပါသွားခဲ့ရတဲ့အဖြစ်မှာတော့ ခွေလေးဟာ သူ၏ပိုင်ရှင်ရဲ့လှေပေါ်မှာ မတော်တဆပင်လယ်ထဲသို့ပြုတ်ကျသွားခဲ့ရတာဖြစ်ပြီး ၊ ခွေလေးဟာ အမှန်တကယ်တော့ ဗီယက်နမ်ငါးဖမ်းသမားတွေရဲ့ အစားအစာ သားကောင်အဖြစ်နဲ့ခေါ်ဆောင်သွားခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ခွေးလေးဟာ ဒုက္ခဘေးမှလွတ်မြောက်ခဲ့တဲ့အပြင် ယခုအချိန်မှာတော့ ကျန်းကျန်းမာမာနှင့် ပျော်ရွှင်နေလျက်ရှိကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "လူတွေရဲ့အစားအစာ အနေနဲ့သယ်ဆောင်သွားခြင်းခံခဲ့ရတဲ့အပြင် ပင်လယ်ထဲမှာ ကူကယ်ရာမဲ့မျောပါနေခဲ့တဲ့ ခွေလေးရဲ့အဖြစ်"
Leave a comment
Your email address will not be published.
*