37 စက္ကန့်သေဆုံးသွားခဲ့ဖူးတဲ့အတွေ့အကြုံကို ပြန်လည်ဝေမျှခဲ့တဲ့ ကလေး 3 ယောက်မိခင်(ရုပ်သံ)




Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

Sephanie Arnlod အမည်ရှိတဲ့ ကလေး 3 ယောက်အမေဟာ 37 စက္ကန့်ကြာမြင့်တဲ့အထိ သေဆုံးခဲ့ဖူးကြောင်း သိရပါတယ် ။ သူမဟာ ပြီးခဲ့တဲ့ 2012 ခုနှစ်မှာ ဒုတိယကိုယ်ဝန်ကိုလွယ်ခဲ့ရပြီး ကိုယ်ဝန် 20 ပတ်ရှိတဲ့အချိန်မှာတော့ သူမဟာ ကလေးမွေးရင်းသေဆုံးသွားခဲ့တဲ့ ထင်ရှားသိသာလွန်းတဲ့ အိမ်မက်တစ်ခုကိုမက်ခဲ့ပါတယ် ။ ဒါကြောင့် သူမဟာ အတော်လေးကိုထိတ်လန့်နေခဲ့ပြီး မိသားစုဝင်တွေကိုနှုတ်ဆက်တဲ့စာတွေ ပေးပို့ပြီး ကလေးမွေးမဲ့နေ့ကို စိုးရိမ်ထိတ်လန့်စွာ စောင့်ဆိုင်းနေခဲ့ရတာပါ ။ သူမဟာ ခွဲခန်းထဲက ကုတင်မှာပဲ သေဆုံးသွားမှာကို သိနေခဲ့လို့ အဆိုပါကိုယ်ဝန်ကို လုံးဝမလိုချင်တော့တဲ့အထိ ဖြစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း မိသားစုဝင် နဲ့ ခင်ပွန်းဖြစ်သူကတော့ သူမအတော်လေးစိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့်လိုသာ တွေးထင်နေခဲ့ကြတာပါ ။

တစ်ရက် သူမကိုယ်ဝန်လစေ့ပြီး မီးဖွားမဲ့နေမှာတော့ သူမဟာမီးဖွားခန်းမှာ ရုတ်တရက် မေ့မျောပြီး အသက်လည်းမရှုတော့ဘဲ သေဆုံးသွားခဲ့ပါတယ် ။ သူမသေဆုံးနေတဲ့ 37 စက္ကန့်အတွင်း သူမရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့မောင်လေးဖြစ်သူ 7 နှစ်သားအရွယ်ကတည်းက သေဆုံးသွားတဲ့ကောင်လေးက သူမရဲ့အနားကိုချဉ်းကပ်လာပြီး ‘ ကျွန်တော့်ရဲ့အစ်မကို ပြောပေးပါ ၊ သူကျွန်တော့်ရဲ့ ဆံပင်ကိုပွတ်သပ်ပေးတဲ့ပုံစံကို အမြဲသတိရနေပါတယ်လို့ ‘ ဆိုပြီး ပြောခဲ့ရာ Stephanie ကလည်း ‘okay’ ဆိုပြီး ပြန်ဖြေကြားပေးခဲ့ပါတယ် ။

ဒါ့အပြင် သူနာပြု နဲ့ ဆရာဝန်တွေက သူမကို ကြိုးစားပြီးပြန်ကယ်တင်နေကြတာကိုလည်း သူမကိုယ်တိုင်တွေ့မြင်ခဲ့ပါတယ် ။ အခြားအခန်းမှာ ကလေးတွေမီးဖွားနေကြတာတွေ ၊ ခင်ပွန်းဖြစ်သူက မီးဖွားခန်းထဲမှာမရှိပေမဲ့ လေယာဉ်ပေါ်ကနေဆင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူကိုလည်း တွေ့မြင်နေခဲ့ကြောင်း သူမရဲ့အဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့ပါတယ် ။ကံကောင်းစွာနဲ့ သူမအသက်ပြန်ရှင်ခဲ့ပေမဲ့ 37 စက္ကန့်ကြာမြင့်ခဲ့တဲ့အချိန်က ဖြစ်ပျက်ခဲ့တဲ့အရာကို လုံးဝမမေ့သွားဘဲ ၊ သူမရဲ့အဖြစ်အပျက်ကို စာအုပ်ရေးသားထုတ်ဝေခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "37 စက္ကန့်သေဆုံးသွားခဲ့ဖူးတဲ့အတွေ့အကြုံကို ပြန်လည်ဝေမျှခဲ့တဲ့ ကလေး 3 ယောက်မိခင်(ရုပ်သံ)"

Leave a comment

Your email address will not be published.


*