႐ုပ္ေခ်ာၿပီးေကာင္မေလးေတြအနားမွာဆိုရင္ အရမ္း႐ွက္တတ္တဲ့သားျဖစ္သူအတြက္ ေခြၽးမေလာင္းကို ေၾကာ္ျငာပိုစတာနဲ႔ကိုယ္တိုင္႐ွာေဖြေပးခဲ့တဲ့ မိခင္

ဗီယက္နမ္ႏိုင္ငံက အရြယ္ေရာက္ၿပီးသူအေတာ္မ်ားမ်ားဟာ အိမ္ေထာင္က်ဖို႔ ေႏွာင့္ေႏွးေနရင္ မိဘေတြကစိုးရိမ္ပူပန္းတတ္ၿပီး သူတို႔ကိုယ္တိုင္ သားသမီးေတြအတြက္ အိမ္ေထာင္ဖက္ေတြကို႐ွာေဖြေပးတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အမ်ိဳးသားတစ္ေယာက္ဟာ အရြယ္ေရာက္ေပမဲ့လည္း ခ်စ္သူမ႐ွိေသးလို႔ သူ႔ရဲ႕မိခင္ကိုယ္တိုင္ေၾကာ္ျငာဆဆိုင္းဘုတ္နဲ႔ ကိုယ္တိုင္ေခြၽးမေလာင္း႐ွာေဖြေပးခဲ့ပါတယ္ ။ ေၾကာ္ျငာပိုစတာရဲ႕ေဘးမွာ သားျဖစ္သူကိုပါ လူေတြသိေအာင္ မတ္တပ္ရပ္ခိုင္းထားပါေသးတယ္ ။

ေၾကာ္ျငာပိုစတာထဲမွာ ေရးသားထားခဲ့တဲ့အခ်က္အလက္ေတြထဲမွာဆိုရင္ သားျဖစ္သူဟာ ႐ုပ္ေခ်ာၿပီး ၊ အလုပ္ႀကိဳးစားေၾကာင္း ၊ ကေလးေတြကို ခ်စ္ခင္တတ္သူျဖစ္ၿပီး အခ်ိန္ျဖဳန္း ၊ ေငြျဖဳန္းတတ္သူမဟုတ္ေၾကာင္း ေရးသားထားပါတယ္ ။ ဒါ့အျပင္ အားနည္းခ်က္အေနနဲ႔ သားျဖစ္သူဟာ အရမ္း႐ွက္တတ္ၿပီး ၊ ကိုယ့္ကိုႏွိမ့္ခ်တတ္သူျဖစ္ကာ ၊ သရဲေတြကိုလည္း ေၾကာက္တတ္ေၾကာင္း ေရးသားထားပါတယ္ ။ အဆိုပါေၾကာ္ျငာပိုစတာေပၚမွာ’ ေခြၽးမေလာင္း႐ွာေဖြေနပါတယ္’ ဆိုတဲ့ေခါင္းစဥ္လည္းပါ႐ွိပါတယ္ ။ စိတ္ဝင္စားသူအေနနဲ႔ သူမကိုဆက္သြယ္ႏိုင္ေၾကာင္း မိခင္ျဖစ္သူက သူမရဲ႕နာမည္နဲ႔ ဖုန္းနံပတ္ကိုပါေရးသားေဖာ္ျပထားေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဗီယက်နမ်နိုင်ငံက အရွယ်ရောက်ပြီးသူအတော်များများဟာ အိမ်ထောင်ကျဖို့ နှောင့်နှေးနေရင် မိဘတွေကစိုးရိမ်ပူပန်းတတ်ပြီး သူတို့ကိုယ်တိုင် သားသမီးတွေအတွက် အိမ်ထောင်ဖက်တွေကိုရှာဖွေပေးတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ယောက်ဟာ အရွယ်ရောက်ပေမဲ့လည်း ချစ်သူမရှိသေးလို့ သူ့ရဲ့မိခင်ကိုယ်တိုင်ကြော်ငြာဆဆိုင်းဘုတ်နဲ့ ကိုယ်တိုင်ချွေးမလောင်းရှာဖွေပေးခဲ့ပါတယ် ။ ကြော်ငြာပိုစတာရဲ့ဘေးမှာ သားဖြစ်သူကိုပါ လူတွေသိအောင် မတ်တပ်ရပ်ခိုင်းထားပါသေးတယ် ။

ကြော်ငြာပိုစတာထဲမှာ ရေးသားထားခဲ့တဲ့အချက်အလက်တွေထဲမှာဆိုရင် သားဖြစ်သူဟာ ရုပ်ချောပြီး ၊ အလုပ်ကြိုးစားကြောင်း ၊ ကလေးတွေကို ချစ်ခင်တတ်သူဖြစ်ပြီး အချိန်ဖြုန်း ၊ ငွေဖြုန်းတတ်သူမဟုတ်ကြောင်း ရေးသားထားပါတယ် ။ ဒါ့အပြင် အားနည်းချက်အနေနဲ့ သားဖြစ်သူဟာ အရမ်းရှက်တတ်ပြီး ၊ ကိုယ့်ကိုနှိမ့်ချတတ်သူဖြစ်ကာ ၊ သရဲတွေကိုလည်း ကြောက်တတ်ကြောင်း ရေးသားထားပါတယ် ။ အဆိုပါကြော်ငြာပိုစတာပေါ်မှာ’ ချွေးမလောင်းရှာဖွေနေပါတယ်’ ဆိုတဲ့ခေါင်းစဉ်လည်းပါရှိပါတယ် ။ စိတ်ဝင်စားသူအနေနဲ့ သူမကိုဆက်သွယ်နိုင်ကြောင်း မိခင်ဖြစ်သူက သူမရဲ့နာမည်နဲ့ ဖုန်းနံပတ်ကိုပါရေးသားဖော်ပြထားသေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "႐ုပ္ေခ်ာၿပီးေကာင္မေလးေတြအနားမွာဆိုရင္ အရမ္း႐ွက္တတ္တဲ့သားျဖစ္သူအတြက္ ေခြၽးမေလာင္းကို ေၾကာ္ျငာပိုစတာနဲ႔ကိုယ္တိုင္႐ွာေဖြေပးခဲ့တဲ့ မိခင္"

Leave a comment

Your email address will not be published.


*