မိုးကြီးရေလျှံနေပေမဲ့ အခက်တွေ့နေတဲ့ပြည်သူတွေအတွက်စဉ်းစားပြီး ဈေးရောင်းမပျက်ခဲ့တဲ့အဘိုးအို



.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဒီအဖြစ်အပျက်လေးက ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပျက်ခဲ့တာပါ ။ မိုးကြီးရေလျှံနေလို့ လူတိုင်းနေအိမ်အပြင်မထွက်နိုင်ဘဲ အစားအသောက်အတွက် အခက်တွေ့နေရတာပါ ။ သို့ပေမဲ့ဒီတစ်ခေါက်ဖော်ပြမဲ့ ကုန်စိမ်းသည်အဘိုးအိုကတော့ အသက်အရွယ်နဲ့မလိုက်ဖက်အောင် အခက်အခဲတွေကြားဈေးထွက်ရောင်းနေဆဲပါဘဲ ။ တစ်ဖက်မှာ ဈေးရောင်းလို့ ဝင်ငွေရတဲ့အပြင် တစ်ဖက်မှာလည်း အပြင်မထွက်နိုင်တဲ့လူတွေအတွက် အကူအညီဖြစ်စေခဲ့လို့ပါပဲ ။ သို့ပေမဲ့လည်းမိုးကြီးရေလျှံနေချိန် ရေအောက်မှာ မမြက်နိုင်တဲ့ ဖန်စသံစတွေနဲ့ အကောင်တွေလည်း ရှိနေနိုင်လို့ အဘိုးအိုအနေနဲ့ အန္တရာယ်များလွန်းလှပါတယ် ။

Pamzkie Luna အမည်ရှိတဲ့အမျိုးသမီးက အဘိုးအိုစီကနေ ဟင်းသီးဟင်းရွက်တွေအားပေးခဲ့ပြီး ၊ ငွေကြေးအချို့ကိုပါ ပေးလှူခဲ့ကြောင်း သူမရဲ့ facebook စာမျက်နှာမှာ ဝေမျှခဲ့ပါတယ် ။ အဘိုးအိုရဲ့ဓာတ်ပုံကို တွေ့ရှိခဲ့ကြပြီးနောက်မှာတော့ လူအတော်အများက စာနာသနားသွားခဲ့ပြီး အဘိုးအိုရဲ့လုပ်ရပ်အတွက် မျိုးစုံချီးကျူးစကားဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိုးကြီးရေလျှံနေပေမဲ့ အခက်တွေ့နေတဲ့ပြည်သူတွေအတွက်စဉ်းစားပြီး ဈေးရောင်းမပျက်ခဲ့တဲ့အဘိုးအို"

Leave a comment

Your email address will not be published.


*