အန္တရာယ်များလွန်းတဲ့မြစ်ချောင်းထဲ ကလေးငယ်တွေ ရေဆင်းမကူးအောင် အသက်ကယ်သမားအနေနဲ့ အမြဲစောင့်နေပေးခဲ့တဲ့ အမျိုးသား



Jasmine (Mckzone Daily)

Source : rachfeed

Unicode

မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံမှာ ကလေးငယ်တစ်စုဟာ မြစ်ချောင်းထဲရေဆင်းကူးရင် ရေနစ်ခဲ့ကြတဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ကြရပါတယ် ။ အဆိုပါအဖြစ်အပျက်မျိုးနဲ့ တွေ့ကြုံခဲ့ရလို့ Tonzkie Basa အမည်ရှိတဲ့လူငယ်တစ်ဦးဟာ ကလေးငယ်တွေထပ်ပြီး အဆိုပါအန္တရာယ်များလွန်းတဲ့မြစ်ချောင်းထဲ ရေဆင်းမကူးအောင် အသက်ကယ်အစောင့်အနေနဲ့ တစ်နေကုန်စောင့်ဆိုင်းပေးနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း လခစားဝန်ထမ်းမျိုးလုံးဝမဟုတ်ဘဲ ၊ ကိုယ့်ရဲ့သိတတ်စိတ်နဲ့ ဝင်ကူညီပေးတဲ့ စေတနာဝန်ထမ်းတစ်ယောက်မျိုးပါ ။

ကောင်လေးရဲ့လုပ်ရပ်ဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီးနောက် လူအတော်အများက အစိုးရအနေနဲ့ ကလေးငယ်တွေ မြစ်ချောင်းထဲဆင်းမဆော့အောင် တရားဝင်စည်းကမ်းချက်များ ထုတ်ထားသင့်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အန္တရာယ်များလွန်းတဲ့မြစ်ချောင်းထဲ ကလေးငယ်တွေ ရေဆင်းမကူးအောင် အသက်ကယ်သမားအနေနဲ့ အမြဲစောင့်နေပေးခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*