ဖခင္ျဖစ္သူ ေက်ာင္းမပို႔ႏိုင္ေပမဲ့ သူမရဲ႕ပညာသင္ယူမႈကို လုံးဝမရပ္တန္႔ခဲ့ဘဲ ေမွ်ာ္လင့္ခ်က္အတိုင္း ဆက္လက္သြားေနခဲ့တဲ့ မိန္ကေလးတစ္ဦး

ႏွလုံးသားေၾကကြဲဖြယ္အျဖစ္အပ်က္ကို Miss Asfaridah Umar က သူမရဲ႕ တြစ္တာစာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္ ။ Asfaridah ဟာ လူမႈဖူလုံေရးဌာနမွာ အလုပ္လုပ္ေနပါတယ္ ။ သူမရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို ဆင္းရဲတဲ့အိမ္မ်ားကို သြားေရာက္လည္ပတ္ျခင္းနဲ႔ အစိုးရထံမွရန္ပုံေငြမ်ားရရွိရန္ သူတို႔ရဲ႕အေျခအေနမ်ားကို ေမးျမန္းျခင္းမ်ား ပါဝင္ပါတယ္ ။ ေလာေလာဆယ္သူမက ၾကင္ေဖာ္မဲ့ဖခင္တစ္ဦး နဲ႔ သား/သမီးေလးသုံးေယာက္ရဲ႕ ကိစၥကို ကိုင္တြယ္ေနပါတယ္ ။ ၾကင္ေဖာ္မဲ့ဖခင္ရဲ႕ အႀကီးဆုံးသမီးက ၁၇ ႏွစ္အ႐ြယ္မိန္းကေလးျဖစ္ၿပီး လူမႈေရးဝန္ထမ္းသမားေတြကို မ်က္ရည္က်ေစခဲ့ပါတယ္ ။ ၎မိန္းကေလးဟာ ေက်ာင္းမတက္ႏိုင္ေသာ္လည္း လာမယ့္ ရက္သတၱပတ္အနည္းငယ္မွာ စတင္မယ့္ သူမရဲ႕အမ်ားျပည္သူဆိုင္ရာစာေမးပြဲအတြက္ ေစ့ေစ့စပ္စပ္ျပင္ဆင္ေနပါတယ္ ။

သူမဟာ ယခင္ကေက်ာင္းတက္ခဲ့ဖူးေသာ္လည္း သူမရဲ႕ဖခင္က သူမကိုေက်ာင္းပို႔ရန္အတြက္ ကားရဲ႕ဓာတ္ဆီေတြ မတတ္ႏိုင္တာေၾကာင့္ ေက်ာင္းကိုရပ္နားခဲ့ရပါတယ္ ။ သူမဟာ သူမအတန္းကို သြားဖို႔ႀကိဳးစားေသာ္လည္း ေျခက်င္သြားဖို႔ ေဝးလြန္းလွတာေၾကာင့္ သူမရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ေဝဝါးေနဆဲျဖစ္ပါတယ္ ။ သူမဟာ သူမေန႔စဥ္တင္းၾကပ္စြာလိုက္နာဖို႔ ျပင္ဆင္ထားတဲ့ ေလ့လာမႈအခ်ိန္ဇယား ျပဳလုပ္ထားပါတယ္ ။ Asfaridah က ထိုမိန္းကေလးဟာ အလြန္စည္းကမ္းရွိသူျဖစ္ၿပီး သူမရဲ႕ဆုေတာင္းခ်က္ေတြ၊ ေလ့လာမႈအစီအစဥ္ေတြကို သူမဘယ္ေတာ့မွမပ်က္ကြက္ခဲ့ပါဘူး ။ သူမရဲ႕ ဖခင္ကမ္းေျခမွာ အလုပ္လုပ္ခဲ့ၿပီး ေတာ္ေတာ္ေလးရရွိခဲ့ေပမယ့္ သူ႔ဇနီးဆုံးသြားကတည္းက ဖခင္ဟာ မိမိအလုပ္မွႏုတ္ထြက္ခဲ့ပါတယ္ ။ ယခုမွာ ဖခင္ျဖစ္သူဟာ စက္ျပင္သမားတစ္ဦးအျဖစ္သာ အလုပ္လုပ္ၿပီး လစဥ္ဝင္ေငြေဒၚလာ ၁၂၀ ရရွိပါတယ္ ။ သူမဟာ စာေမးပြဲေျဖဆိုႏိုင္ဖို႔ မေသခ်ာေသာ္လည္း သူမရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ခိုင္မာတဲ့ယုံၾကည္မႈေတြက သူမအေပၚအံ့ဖြယ္အစြမ္းအစေတြရွိလိမ့္မယ္လို႔ ကြၽႏ္ုပ္တို႔ ေမွ်ာ္လင့္ပါတယ္ ။

JRose (Mckzone Daily)

Source : gtgoodtimes

Unicode

နှလုံးသားကြေကွဲဖွယ်အဖြစ်အပျက်ကို Miss Asfaridah Umar က သူမရဲ့ တွစ်တာစာမျက်နှာမှာ မျှဝေခဲ့ပါတယ် ။ Asfaridah ဟာ လူမှုဖူလုံရေးဌာနမှာ အလုပ်လုပ်နေပါတယ် ။ သူမရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆင်းရဲတဲ့အိမ်များကို သွားရောက်လည်ပတ်ခြင်းနဲ့ အစိုးရထံမှရန်ပုံငွေများရရှိရန် သူတို့ရဲ့အခြေအနေများကို မေးမြန်းခြင်းများ ပါဝင်ပါတယ် ။ လောလောဆယ်သူမက ကြင်ဖော်မဲ့ဖခင်တစ်ဦး နဲ့ သား/သမီးလေးသုံးယောက်ရဲ့ ကိစ္စကို ကိုင်တွယ်နေပါတယ် ။ ကြင်ဖော်မဲ့ဖခင်ရဲ့ အကြီးဆုံးသမီးက ၁၇ နှစ်အရွယ်မိန်းကလေးဖြစ်ပြီး လူမှုရေးဝန်ထမ်းသမားတွေကို မျက်ရည်ကျစေခဲ့ပါတယ် ။ ၎င်းမိန်းကလေးဟာ ကျောင်းမတက်နိုင်သော်လည်း လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ စတင်မယ့် သူမရဲ့အများပြည်သူဆိုင်ရာစာမေးပွဲအတွက် စေ့စေ့စပ်စပ်ပြင်ဆင်နေပါတယ် ။

သူမဟာ ယခင်ကကျောင်းတက်ခဲ့ဖူးသော်လည်း သူမရဲ့ဖခင်က သူမကိုကျောင်းပို့ရန်အတွက် ကားရဲ့ဓာတ်ဆီတွေ မတတ်နိုင်တာကြောင့် ကျောင်းကိုရပ်နားခဲ့ရပါတယ် ။ သူမဟာ သူမအတန်းကို သွားဖို့ကြိုးစားသော်လည်း ခြေကျင်သွားဖို့ ဝေးလွန်းလှတာကြောင့် သူမရဲ့ မျှော်လင့်ချက်တွေ ဝေဝါးနေဆဲဖြစ်ပါတယ် ။ သူမဟာ သူမနေ့စဉ်တင်းကြပ်စွာလိုက်နာဖို့ ပြင်ဆင်ထားတဲ့ လေ့လာမှုအချိန်ဇယား ပြုလုပ်ထားပါတယ် ။ Asfaridah က ထိုမိန်းကလေးဟာ အလွန်စည်းကမ်းရှိသူဖြစ်ပြီး သူမရဲ့ဆုတောင်းချက်တွေ၊ လေ့လာမှုအစီအစဉ်တွေကို သူမဘယ်တော့မှမပျက်ကွက်ခဲ့ပါဘူး ။ သူမရဲ့ ဖခင်ကမ်းခြေမှာ အလုပ်လုပ်ခဲ့ပြီး တော်တော်လေးရရှိခဲ့ပေမယ့် သူ့ဇနီးဆုံးသွားကတည်းက ဖခင်ဟာ မိမိအလုပ်မှနုတ်ထွက်ခဲ့ပါတယ် ။ ယခုမှာ ဖခင်ဖြစ်သူဟာ စက်ပြင်သမားတစ်ဦးအဖြစ်သာ အလုပ်လုပ်ပြီး လစဉ်ဝင်ငွေဒေါ်လာ ၁၂၀ ရရှိပါတယ် ။ သူမဟာ စာမေးပွဲဖြေဆိုနိုင်ဖို့ မသေချာသော်လည်း သူမရဲ့ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ယုံကြည်မှုတွေက သူမအပေါ်အံ့ဖွယ်အစွမ်းအစတွေရှိလိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ဖခင္ျဖစ္သူ ေက်ာင္းမပို႔ႏိုင္ေပမဲ့ သူမရဲ႕ပညာသင္ယူမႈကို လုံးဝမရပ္တန္႔ခဲ့ဘဲ ေမွ်ာ္လင့္ခ်က္အတိုင္း ဆက္လက္သြားေနခဲ့တဲ့ မိန္ကေလးတစ္ဦး"

Leave a comment

Your email address will not be published.


*