ဈေးကြီးပေးဝယ်လာတဲ့ငါးက အစာလုံးဝမစားလို့ ပါးစပ်ဖွင့်ကြည့်လိုက်ချိန်မှာမှ အံ့သြထိတ်လန့်ခဲ့ရတဲ့ အမျိုးသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

Arowana ငါးအမျိုးအစားဟာ ရှေးကျတဲ့ ငါးတွေအဖြစ်အတော်လေး လူသိများပါတယ် ။ အဆိုပါငါးမျိုးတွေဟာ အသက်ရှင်တည်ရှိနေခဲ့တာ လွန်းခဲ့တဲ့ နှစ်ပေါင်း 2.9 billion ကတည်းကပါ ။ အဆိုပါငါးမျိုးဟာ တည်ငြိမ်ပြီး လှပတဲ့ ရွှေရောင် ၊ ငွေရောင် အကြေးခွံတွေရှိကာ ဖြေးဖြေးငြင်သာစွာသာ ရေကူးတတ်ကြပါတယ် ။ အဆိုပါငါးမျိုးကို အာရှနိုင်ငံအတော်များများဟာ လာဘ်လာဘတွေယူဆောင်ပေးတဲ့ငါးလို့ မှတ်ယူပြီး နေအိမ်မှာ ဂရုတစိုက်မွေးမြူထားလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားတစ်ဦးကလည်း ငါးအလှမွေးမြူရေးဆိုင်ကနေ Arowana ငါးတစ်ကောင်ကို တွေ့ရှိပြီး ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အိမ်ပြန်ရောက်လို့ ငါးကန်ထဲထည့်လိုက်ချိန်ငါးဟာ အစာလုံးဝမစားပါဘူး ။ ဒါ့အပြင် အချို့ငါးတွေက ပါးစပ်ဖွင့်လိုက် ၊ ပိတ်လိုက်နဲ့ အသက်ရှုနေခဲ့ပေမဲ့ အဆိုပါငါးကတော့ ပါးစပ်ကို လုံးဝမဖွင့်ခဲ့ပါဘူး ။ ဒါကြောင့်စိတ်ပူပြီး အမျိုးသားက ဈေးကြီးပေးဝယ်လာတဲ့ငါးက အသက်မရှုဘဲ တစ်ခုခုဖြစ်မှာဆိုးလို့ဆိုပြီး ငါးရဲ့ပါးစပ်ကိုဖွင့်ကြည့်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ များစွာသောရွှေရောင်ငါးလေးတွေ ပါးစပ်ပနေ အုပ်စုလိုက်ထွက်လာခဲ့ပါတယ် ။

အဆိုပါ ငါးအသေးလေးအမျိုးအစားကို google မှာ ရှာဖွေကြည့်လိုက်ချိန်မှာတော့ ရွှေရောင် Arowana ငါးတွေဖြစ်နေခဲ့လို့ ငါးပိုင်ရှင်မှာ အတော်လေးကို ပျော်ရွှင်သွားခဲ့ပါတယ် ။ ငါးတွေ ကြီးထွားလာတဲ့အချိန်ရောက်ရင် ပိုင်ရှင်အနေနဲ့ ပြန်ရောင်းရင် အမြတ်ငွေအများကြီးရရှိနိုင်လို့ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ဈေးကြီးပေးဝယ်လာတဲ့ငါးက အစာလုံးဝမစားလို့ ပါးစပ်ဖွင့်ကြည့်လိုက်ချိန်မှာမှ အံ့သြထိတ်လန့်ခဲ့ရတဲ့ အမျိုးသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*