ေဆာက္လုပ္ေနဆဲ 5လႊာမွာ႐ွိတဲ့ တံတားေပၚကေန ျပဳတ္က်ေသဆံုးခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)

လူတိုင္းကေတာ့ အားလပ္ရက္အခ်ိန္ေတြမွာ ကိုယ့္ရဲ႕သားသမီးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေလ်ွာက္လည္ၿပီး ခရီးထြက္ခ်င္ၾကတာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ မိသားစုတစ္စုဟာ Penampang ၿမိဳ႕မွာ႐ွိတဲ့ အေဆာက္အဦးတစ္ခုကို ၿပီးခဲ့တဲ့ December 1ရက္ေန႔က သြားေရာက္လည္ပတ္ခဲ့ပါတယ္ ။ မိသားစုဝင္ 4ေယာက္လံုးဟာ အေဆာက္အအံု၍ 5လႊာမွာ ေန႔လည္စာ စားေသာက္ၿပီးခ်ိန္ ညေန 3:40 အခ်ိန္ မိခင္ျဖစ္သူမွာ ကေလးငယ္ 2ေယာက္ႏွင့္အတူ အေဆာက္အဦးတစ္ေလ်ွာက္လည္ပတ္ခဲ့ပါတယ္ ။

မိခင္ျဖစ္သူဟာ ကေလးငယ္ကိုအေဆာက္အဦးတစ္ေလ်ွာက္ လည္ပတ္ေဆာ့ကစခြင့္ေပးထားခဲ့ၿပီး ကေလးငယ္ေတြရဲ႕အေနာက္ဖက္ကေန လိုက္လံၾကည့္႐ႈခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သမီးေလး 2ေယာက္ဟာ သူမရဲ႕အေ႐ွ႕ကေန ေျပးေဆာ့ကစားေနခဲ့ၿပီး တစ္ႏွစ္အရြယ္သမီးငယ္ေလးမွာေတာ့ အစ္မျဖစ္သူဟာမေစာင့္ေတာ့ပဲ တံတားေပၚေျပးေဆာ့ေနရင္ မၿပီးစီေသးတဲ့ တံတားရဲ႕ အဆံုးဖက္အေပါက္ကေန ေအာက္ဖက္႐ွိေျမျပင္ေပၚသို႔ ထိုးက်သြားခဲ့ရပါတယ္ ။ ထိုအခ်ိန္မွာမွ မိခင္ျဖစ္သူဟာ အလန္႔တၾကားႏွင့္ေျပးၾကည့္ခဲ့ၿပီးေနာက္ သမီးငယ္ေလးျပဳတ္က်သြားၿပီကို သိသိၿပီးခ်င္း သမီးႀကီးရဲ႕လက္ကိုကိုင္ဆြဲကာ ေျမညီထပ္သို႔အေျပးအလႊား ေျပးဆင္းခဲ့သည္ကို video ထဲမွာ အထင္းသားႀကီး ေတြ႔႐ွိရမွာပါ ။

အဆိုပါ ေဆာက္လုပ္ေရးကုမၸဏီမွာလည္း ၿပီးဆံုးျခင္းမ႐ွိေသးတဲ့ တံတားကို အႏၱရာယ္မျဖစ္ေအာင္ သတိေပးစာမ်ားကပ္ထားျခင္းလံုးဝမ႐ွိခဲ့တဲ့အတြက္ မိခင္ျဖစ္သူမွာလည္း သတိမထားမိဘဲ ကေလးငယ္မ်ားကို ေျပးေဆာ့ကစားခြင့္ေပးမိခဲ့ျခင္း ျဖစ္ပါတယ္ ။ အဆိုပါ မေတာ္တဆမႈ ျဖစ္ပြားခဲ့တာနဲ႔ ခ်က္ခ်င္းရဲအရာ႐ွိဝင္မ်ားေရာက္႐ွိလာၿပီး ကေလးငယ္ကိုေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ေပမဲ့လည္း ကေလးငယ္မွာ ညေန 4:30 အခ်ိန္မွာေတာ့ ေသဆံုးသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ တစ္ခ်ိဳ႕ေသာ သတင္းမီဒီယာမ်ားကေတာ့ မိခင္ျဖစ္သူဟာ ကေလးကိုေသခ်ာမႀကီးၾကပ္လို႔ ယခုကဲ့သို႔ျဖစ္ပြားခဲ့တာပါလို႔ ေဖာ္ျပခဲ့ေပမဲ့လည္း မိခင္ျဖစ္သူဟာ ကေလးငယ္ေတြရဲ႕အေနာက္ကေန ထပ္ၾကပ္မကြာလိုက္ၾကည့္ေနခဲ့တာကို video ထဲမွာေတြ႔႐ွိရမွာပါ ။

သို႔ေပမဲ့လည္း တာဝန္႐ွိသူ ရဲအရာ႐ွိမ်ားကေတာ့ မိခင္ျဖစ္သူဟာ ကေလးငယ္ကို ထပ္ၾကပ္မကြာ လိုက္လံၾကည့္႐ႈခဲ့တာျဖစ္ေၾကာင္း video ႏွင့္တကြတိက်ေသာအခ်က္အလက္မ်ားကိုပါ ထုတ္ျပန္ေၾကညာေပးခဲ့ပါတယ္ ။ မိခင္ျဖစ္သူမွာေတာ့ သူမရဲ႕မ်က္စိေ႐ွ႕မွာတင္ သမီးငယ္ေလးကို ဆံုး႐ႈံးခဲ့ရတဲ့အတြက္ အေတာ္ေလးကိုရင္ကြဲနာက်င္ခံစားေနရမွာ ေသခ်ာလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းကတော့ အားလပ်ရက်အချိန်တွေမှာ ကိုယ့်ရဲ့သားသမီးတွေနဲ့ ပျော်ပျော်ပါးပါးလျှောက်လည်ပြီး ခရီးထွက်ချင်ကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ မိသားစုတစ်စုဟာ Penampang မြို့မှာရှိတဲ့ အဆောက်အဦးတစ်ခုကို ပြီးခဲ့တဲ့ December 1ရက်နေ့က သွားရောက်လည်ပတ်ခဲ့ပါတယ် ။ မိသားစုဝင် 4ယောက်လုံးဟာ အဆောက်အအုံ၍ 5လွှာမှာ နေ့လည်စာ စားသောက်ပြီးချိန် ညနေ 3:40 အချိန် မိခင်ဖြစ်သူမှာ ကလေးငယ် 2ယောက်နှင့်အတူ အဆောက်အဦးတစ်လျှောက်လည်ပတ်ခဲ့ပါတယ် ။

မိခင်ဖြစ်သူဟာ ကလေးငယ်ကိုအဆောက်အဦးတစ်လျှောက် လည်ပတ်ဆော့ကစခွင့်ပေးထားခဲ့ပြီး ကလေးငယ်တွေရဲ့အနောက်ဖက်ကနေ လိုက်လံကြည့်ရှုခဲ့ပါတယ် ။ ထို့ကြောင့် သမီးလေး 2ယောက်ဟာ သူမရဲ့အရှေ့ကနေ ပြေးဆော့ကစားနေခဲ့ပြီး တစ်နှစ်အရွယ်သမီးငယ်လေးမှာတော့ အစ်မဖြစ်သူဟာမစောင့်တော့ပဲ တံတားပေါ်ပြေးဆော့နေရင် မပြီးစီသေးတဲ့ တံတားရဲ့ အဆုံးဖက်အပေါက်ကနေ အောက်ဖက်ရှိမြေပြင်ပေါ်သို့ ထိုးကျသွားခဲ့ရပါတယ် ။ ထိုအချိန်မှာမှ မိခင်ဖြစ်သူဟာ အလန့်တကြားနှင့်ပြေးကြည့်ခဲ့ပြီးနောက် သမီးငယ်လေးပြုတ်ကျသွားပြီကို သိသိပြီးချင်း သမီးကြီးရဲ့လက်ကိုကိုင်ဆွဲကာ မြေညီထပ်သို့အပြေးအလွှား ပြေးဆင်းခဲ့သည်ကို video ထဲမှာ အထင်းသားကြီး တွေ့ရှိရမှာပါ ။

အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီမှာလည်း ပြီးဆုံးခြင်းမရှိသေးတဲ့ တံတားကို အန္တရာယ်မဖြစ်အောင် သတိပေးစာများကပ်ထားခြင်းလုံးဝမရှိခဲ့တဲ့အတွက် မိခင်ဖြစ်သူမှာလည်း သတိမထားမိဘဲ ကလေးငယ်များကို ပြေးဆော့ကစားခွင့်ပေးမိခဲ့ခြင်း ဖြစ်ပါတယ် ။ အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့တာနဲ့ ချက်ချင်းရဲအရာရှိဝင်များရောက်ရှိလာပြီး ကလေးငယ်ကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ပေမဲ့လည်း ကလေးငယ်မှာ ညနေ 4:30 အချိန်မှာတော့ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။ တစ်ချို့သော သတင်းမီဒီယာများကတော့ မိခင်ဖြစ်သူဟာ ကလေးကိုသေချာမကြီးကြပ်လို့ ယခုကဲ့သို့ဖြစ်ပွားခဲ့တာပါလို့ ဖော်ပြခဲ့ပေမဲ့လည်း မိခင်ဖြစ်သူဟာ ကလေးငယ်တွေရဲ့အနောက်ကနေ ထပ်ကြပ်မကွာလိုက်ကြည့်နေခဲ့တာကို video ထဲမှာတွေ့ရှိရမှာပါ ။

သို့ပေမဲ့လည်း တာဝန်ရှိသူ ရဲအရာရှိများကတော့ မိခင်ဖြစ်သူဟာ ကလေးငယ်ကို ထပ်ကြပ်မကွာ လိုက်လံကြည့်ရှုခဲ့တာဖြစ်ကြောင်း video နှင့်တကွတိကျသောအချက်အလက်များကိုပါ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ် ။ မိခင်ဖြစ်သူမှာတော့ သူမရဲ့မျက်စိရှေ့မှာတင် သမီးငယ်လေးကို ဆုံးရှုံးခဲ့ရတဲ့အတွက် အတော်လေးကိုရင်ကွဲနာကျင်ခံစားနေရမှာ သေချာလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေဆာက္လုပ္ေနဆဲ 5လႊာမွာ႐ွိတဲ့ တံတားေပၚကေန ျပဳတ္က်ေသဆံုးခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*