ရည်းစားမရှိတဲ့ single မိန်းက​လေးတွေဟာ အရမ်းကို ထူးချွန်ထက်မြတ်လွန်းနေလို့ဖြစ်ကြောင်း လေ့လာတွေ့ရှိ
JRose (Mckzone Daily)
Source : gtgoodtimes
Unicode
အထူးသဖြင့် အာရှတိုက်ရှိ အချို့သောယဉ်ကျေးမှုတွေမှာ အမျိုးသမီးတွေဟာ အသက် ၃၀ နှစ်အရွယ်ရှိပြီဆိုပေမဲ့ လက်မထပ်သေးတဲ့အခါ “ အပျိုကြီး” အဖြစ်မကြာခဏ တံဆိပ်ကပ်လေ့ရှိပါတယ် ။ အထူးသဖြင့်လေ့လာမှုများအရ တစ်ကိုယ်ရေအမျိုးသမီးတွေဟာ ပိုပြီးစမတ်ကျကြောင်း တွေ့ရှိခဲ့ရပါတယ် ။ Yale တက္ကသိုလ်မှ သုတေသနဟာ အမျိုးသား နဲ့ အမျိုးသမီးတွေရဲ့ အဆင့်မြင့်ပညာရေးအချိုးကို အဓိကထားပါတယ် ။ ယခုအခါ အမျိုးသမီးတွေက အမျိုးသားတွေထက် အဆင့်မြင့်ပညာရေး ဘွဲ့ရတွေထက် သာလွန်နေပါတယ် ။ ဒါ့ကြောင့်အမျိုးသမီးတွေဟာ ခြားနားဉာဏ်ရည်ရှိအမျိုးသားများကို ရှာဖွေဖို့ ပိုမိုခက်ခဲကြောင်း တွေ့ရှိရပါတယ် ။
စမတ်ကျခြင်းဆိုတာက အမျိုးသမီးတွေဟာ အကျိုးကြောင်းဆင်ခြင်မှုဖြင့် ဂရုတစိုက်စဉ်းစားတက်ခြင်း ၊ ပြဿနာတွေကိုလည်း စေ့စပ်သေချာစွာ ဖြေရှင်းတက်ခြင်းတို့ဖြစ်ပါတယ် ။ တစ်ကိုယ်ရေအမျိုးသမီးတွေက သာမန်အားဖြင့် လွတ်လပ်မှုအပြည့်အဝရရှိနိုင်ပြီး၊ ကုမ္ပဏီအလုပ်နားရက်တွေမှာလည်း ရုရှင်ရုံမှာ ရုပ်ရှင်ကြည့်ခြင်း၊ နိုင်ငံခြားခရီးထွက်ခြင်းအတွက်ပင် တစ်ကိုယ်တော်ဝါသနာပါတဲ့ နည်းလမ်းများကိုကောင်းစွာလုပ်ဆောင်နိုင်ပါတယ် ။ ယောက်ျားလေးတွေက သင့်ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အလေးမထားတက်ပါဘူး ။
ဒါ့ကြောင့် အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အသက်မွေးဝမ်းကျောင်းအတွက်ရယ် ၊ မိသားစုဘဝပြည့်စုံခြင်းနဲ့ စသည်တို့ကို အကောင်အထည်ဖော်ရန် အာရုံစိုက်ကြတာကြောင့် သူတို့ရဲ့ ကိုယ်ပိုင်အိမ်မက်တွေအတွက် အချိန်မရှိတော့ပါဘူး ။ စမတ်ကျတဲ့အမျိုးသမီးတွေရဲ့ဘဝဟာ သူတို့ရဲ့ အရေးပါမှုကို ရှာဖွေဖို့ အချိန်ပိုရှိပါတယ် ။ ၎င်းအကြောင်းပြချက်များကြောင့် ဆက်ဆံရေးတစ်ခုနဲ့ ဆက်နွှယ်ခြင်း၊ ချစ်ခြင်းမေတ္တာဟာ လူတို့ကို မှားယွင်းစွာ မှတ်မိစေတဲ့ ဘဝအတွေ့အကြုံတစ်ခုဖြစ်ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "ရည်းစားမရှိတဲ့ single မိန်းက​လေးတွေဟာ အရမ်းကို ထူးချွန်ထက်မြတ်လွန်းနေလို့ဖြစ်ကြောင်း လေ့လာတွေ့ရှိ"
Leave a comment
Your email address will not be published.
*